အပိုင်းလေးဆယ့်သုံး(ဒုတိယပိုင်း)

927 217 5
                                    

(၄၃) ချီယဲ့ (ဒုတိယပိုင်း)
April 10, 2023 by Jinnie Grace
Burmese Translation of “After Marrying The Male God”.
Translator - ဂွေ့
(၄၃) ချီယဲ့ (ဒုတိယပိုင်း)

Pascalက သူ၏ရင်ဘတ်အ‌ပေါက်ကြီးကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ “ဘယ်လိုလုပ်”

ကမ္ဘာသစ်ရဲ့ ဆိုးယုတ်ခြင်းနတ်ဘုရားက သူ့ရဲ့အသက်ကို ဘာလို့ထိခိုက်စေနိုင်တာလဲ?
ချီယဲ့က သာသာယာယာလေးရပ်လိုက်ကာ သူ့မျက်လုံးနက်တွေက အပေါ်ကိုကြည့်လိုက်သည်။ သူက ထိုလူကို မျက်နှာချင်းဆိုင်ရင်း ထိုသူ၏နှလုံးကိုထုတ်ကာခြေမွလိုက်တော့ သွေးတွေပန်းထွက်လာ၏။

Pascal က အဲ့ဒါကို မယုံနိုင်စွာ ကြည့်နေသည်။
ချီယဲ့က သူ့အား ဓားနှင့်ထိုးကာ အတွင်းအင်္ဂါများအား သွေးတွေအိုင်လာသည်အထိ ထိုးမွေ့နေသည်ကို နောက်ထပ်ကြည့်နေရသည်။ သူ အဆမတန်နာကျင်မှုကြောင့် အော်ဟစ်နေရ၏။
သူ့ခန္ဓာကိုယ်ကိုချုပ်ထားသော စွမ်းအင်ပျောက်ကွယ်သွားသည်နှင့် Pascalတစ်ယောက် ချွေးစေးတွေပြန်ကာ မြေကြီးပေါ်သို့ ဒူးတစ်ဝက်‌ထောက်ကျသွားပြီး နာကျင်လွန်းသဖြင့် အသံပင် မထွက်နိုင်တော့။
မိစ္ဆာဘူရင်က နှလုံးအထုတ်ခံရရုံနှင့် မသေနိုင်သော်ငြား.....

စောက်ရမ်းတော့ နာကျင်လွန်းသည်။

“ကျုပ်သာ ကျုပ်ရဲ့သဘာဝကို လွှတ်လိုက်ရင်” ချီယဲ့က သူ့မျက်လုံးတွေထဲကိုကြည့်ရင်း ဓားကိုဆွဲထုတ်လိုက်ပြီးကြောက်ရွံ့စရာကောင်းစွာ ပြုံးပြလိုက်သည်။ “မင်း အသက်ရှင်မှာတောင် မဟုတ်တော့ဘူး”

ဒီလိုအားကောင်းသည့် ဖိအားမျိုးကို အချိန်အတော်ကြာမှ Pascalခံစားမိခြင်းဖြစ်သည်။ သူ့နောက်ကျောတွေ အနည်းငယ်တုန်သွားရင်း အတောင်ပံတောင် မဖြန့်ရဲပေ။

Hermannဆိုရင်တောင် သူတို့တိုက်နိုင်သေးသည်။ နတ်ဘုရားဖြစ်သွားပြီးနောက် Hermannက သူ့ထက်အနည်းငယ်သန်မာသွားသော်လည်း အနည်းငယ်မျှသော ကွာခြားချက်ကိုသာ တွေ့မြင်နိုင်သည်။

ဒီလို တုနှိုင်းမရသည့်တစ်ယောက်နှင့်တော့မတူ။
ခုနက အားပျော့သော ပုံစံနှင့် လုံးဝကိုခြားနားသွားသည်။

နတ်ဘုရားအရှင်နီးပါးအားကောင်းသော ဖြစ်တည်မှုဖြစ်သည့် Hermannတောင် သူ့ကိုဒီလောက်ပြင်းထန်သော ဖိအားမျိုးမပေးနိုင်ခဲ့ပေ။ဒီလူက တကယ်ပဲ ဘယ်သူလဲ? နတ်ဘုရားအရှင်နီးးပါးသန်မာတဲ့ နတ်ဘုရားက ဘာလို့ ကမ္ဘာသစ်မှာ မွေးဖွားလာရတာလဲ?

သို့သော်Pascal၏မေးခွန်းကို ဘယ်သူမှဖြေမည့်သူမရှိ။

“မင်းက သူ့ကိုနာကျင်အောင်လုပ်ခဲ့တာ” ချီယဲ့က သူ့ကို အန္တရာယ်ပေးမည့်ပုံနှင့်ကြည့်လိုက်သည်။ “မင်းကိုရှာနေတာ အတော်ကြာပြီ။
အခန်းထဲတွင်ငြိမ်သက်သွားသည်နှင့် မိစ္ဆာဘုရင်၏ မျက်လုံးနီနှစ်လုံးက ထွက်ကျလာကာ သူ၏မိစ္ဆာဂျိုများလည်း ပြုတ်ကျကုန်သည်။ အနက်ရောင်အတောင်ပံနှစ်ခုမှာလည်း အရိုးပဲကျန်တော့သည်အထိ အမွှေးတွေအကုန်ကြွေကျကာ အရိုးစုသာကျန်ခဲ့တော့သည်။
အဆိုပါအခွံကြီးလည်းမြေကြီးပေါ်သို့ပြုတ်ကျကာ ဝိဉာဉ်နှင့်အတူ ပြာအဖြစ်သို့ပြောင်းလဲသွားတော့သည်။

ကမ္ဘာအမှတ်၁၀၈.....

Hermannတစ်ယောက်ကောင်းကင်ဘုံတွင်ထိုင်မရ ထမရဖြစ်ကာ စိတ်ဖိစီးနေလေ၏။
ကမ္ဘာအမှတ်၉၉၉က ကမ္ဘာသစ်တစ်ခုဖြစ်ကာ နတ်ဘုရားများက သေချာပေါက် Pascalကို နိုငအောင်တိုက်နိုင်မည်မဟုတ်ပေ။ သူလည်းသွားလို့က မရ။ နတ်ဘုရားအရှင်ကို အကူအညီတောင်းကြည့်ရမလားလည်း စဉ်းစားသေးသည်။

နတ်ဘုရားအရှင်က နေ့တိုင်းနီးပါး လုပ်စရာတွေထောင်ချီရှိနေသည်မို့ဒီကိစ္စကို ဂရုစိုက်ဖို့အချိန်ရှိမှာမဟုတ်ပေ။

Hermannက‌တော့ လုပ်ရမလားတွေးနေဆဲ။
သူနတ်ဘုရားအရှင်ဆီ စာပို့ဖို့ ပြင်နေတုန်းမှာပင် ကမ္ဘာ၉၉၉ဆီက စာကို ရုတ်တရက် ရရှိသွား၏။

နတ်ဘုရား: လေးစားရပါသော ဆိုးယုတ်ခြင်းနတ်ဘုရား။ ကျွနု်ပ်၏ ဂြိုလ်မှ pascalသည် သင်၏ ဂြိုလ်သို့ ထွက်ပြေးလွတ်မြောက်သွားပါသည်။ Pascalသည် အလွန်အင်အားကြီးသူမို့ သူနှင့်ထိပ်တိုက်မရင်ဆိုင်မိအောင်ရှောင်ပါ။ နတ်ဘုရားအရှင်ထံသို့လည်း ကျုပ်တတ်နိုင်သမျှ အကူအညီတောင်းထားသည်။ ကျေးဇူးပြု၍ ဂရုစိုက်ပါ။

ဆိုးယုတ်ခြင်းနတ်ဘုရား [Auto reply]: စောက်ဇယားလာမရှုပ်နဲ့

ဆိုးယုတ်ခြင်းနတ်ဘုရား: သတ်လိုက်ပြီ

အရမ်းမာန်တက်နေသော စာလုံးများဖြစ်ကာ ပုဒ်ဖြတ်ပုဒ်ရပ်လေးတောင်မပါ။

Hermann: “…”

ဝှက် သယ် ဖက်!

သူ့မျက်လုံးတွေပြူးသွားပြီး ထခုန်မိမတတ်ဖြစ်သွားသည်။

ဒါက ကမ္ဘာသစ်လေးပါဟ ဟုတ်တယ်မလား?

ဒီအခြေအနေကြီးက ဘယ်လိုဖြစ်သွားတာလဲ?

Pascalနှင့် စာရင်းရှင်းပြီးနောက် ချီယဲ့တစ်ယောက် လိုက်ကာစကိုမကာ အောက်သို့ကြည့်လိုက်သည်။

ကောင်ငယ်လေးက မြေပြင်ပေါ်တွင်လှဲလျောင်းနေကာ သူ့နှုတ်ခမ်းတို့က နီစွေးစွေး၊ အဖြူရောင်မျက်တောင်ရှည်များနှင့် ပိန်သွယ်သွယ် သဏ္ဍာန်က သိပ်ကိုလှပလွန်းသည်။

သို့သော် သူ့ခန္ဓာကိုယ်က သွေးပမာဏတွေကတော့ ကြောက်ခမန်းလိလိ။

ချီယဲ့ကြောင်သွားကာ အမြန်မပြီး ခန္ဓာကိုယ်ကိုစစ်ဆေးလိုက်၏။

သွေးကြောတွေရော အရိုးတွေရော ကျိုးနေပြီ။
“သိပ်လုပ်မသွားဘူးပဲ!”
ချီယဲ့ မျက်နှာထားမှုန်မှိုင်းသွားသည်။ သူ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ လူသတ်လိုစိတ်တွေပြန်ငြိမ်အောင် အတော်လေးလုပ်လိုက်ရသည်။

ဒဏ်ရာတွေနှင့်လဲနေသော လူငယ်ကိုကြည့်ကာ သူအတော်လေး စိတ်မသက်မသာဖြစ်မိသည်။

“မင်းက တကယ့်ကိုဆိုးဆိုးဝါးဝါးထိခိုက်ထားတာပဲ”

ချီယဲ့က ငုံ့ကြည့်လိုက်၏။ သူ့အသံက ကူကယ်ရာမဲ့ကာ ညင်သာနေ၏။ “ကိုယ်မင်းကိုတွေ့တဲ့အချိန်တိုင်း မင်းကဒီလိုမျိုးအမြဲဖြစ်အောင်လုပ်ထားတယ်။ တကယ်ပါပဲကွာ....ကိုယ့်ကိုစိတ်ပူအောင်”

“အဲ့အချိန်က ချီယဲ့က အရမ်းအားနည်းနေတာ။ သူကမင်းကိုသေချာမကာကွယ်နိုင်ခဲ့ဘူး။ မင်းဘယ်သူလဲဆိုတာကိုတောင်မပြောနိုင်ခဲ့ဘူး။ သူက မင်းကိုချစ်တာကလွဲပြီး ဘာမှမသိတဲ့ကောင်” သူက ရေရွတ်နေသည်။
“အသုံးမကျလွန်းလို့ ကိုယ်စိတ်အရမ်းတိုတယ်”

“ချာချာ...သူ့ကိုအရမ်းစိတ်မပျက်ပါနဲ့။ သူက ကိုယ်ဖြစ်လာပြီး မင်းကိုကာကွယ်ဖို့လာမှာပါ”

“မင်းပြောခဲ့တယ်လေ။ ကမ္ဘာကိုကာကွယ်ဖို့ စိတ်မရှိတဲ့သူက နတ်ဘုရားမဖြစ်နိုင်ဘူးတဲ့။ ဒါပေမယ့် ချာချာ “ကိုယ်က ကမ္ဘာကိုကာကွယ်သူမဖြစ်ချင်ဘူး။ မင်းရဲ့နှလုံးသားကိုပဲ ကာကွယ်ပေးချင်တာ။

ဆိုးယုတ်ခြင်းနတ်ဘုရား၏ အမြုတေက ပျက်စီးခြင်းများကို ပြန်မပြင်ဆင်နိုင်။ ထို့အပြင် ကုသနိုင်စွမ်းလဲမရှိ။

သို့သော် ပဓာနအမြုတေကတော့ အရာအားလုံးကို စွမ်းနိုင်သည်။

နှင်းနတ်ဘုရား၏ ဒဏ်ရာတွေအကုန်စွမ်းအင်ကုသမှုအောက်မှာ ပြန်လည်သက်သာလာပြီး လူငယ်က နာကျင်မှုကြောင့် မျက်ခုံးတွန့်မနေတော့ပေ။



Zawgyi

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now