အပိုင်းလေးဆယ့်သုံး(ပထမပိုင်း)

900 206 1
                                    

(၄၃) ချီယဲ့ (ပထမပိုင်း)
April 8, 2023 by Jinnie Grace
Burmese Translation of “After Marrying The Male God”.
Translator - ဂွေ့

“မင်းကိုနှလုံးသားနဲ့ကာကွယ်မယ်”

××××××

မိစ္ဆာဘုရင်က ဂါထာကိုသုံးပြီး မှော်စွမ်းအင်တွေအများကြီးထုတ်လွှတ်သည်ကို ရုံးခန်းထဲတွင်နေသော ဖူမင်ယယ်သေချာပေါက် ခံစားမိခဲ့သည်။

သူမသိတာက ထိုပစ်ချက်သည် သူ၏ချာချာကိုပစ်လိုက်တာမှန်းကိုပင်။ ဖူမင်ယယ်က ပုံမှန်ဆို ဆူညံတာကို မကြိုက်သော်ငြား ဘာကြောင့်ရယ်မသိ စိတ်ထဲမသက်မသာခံစားလိုက်ရကာ သူမျက်မှောင်ပင် ကျုံ့မိသည်။

ထို့ကြောင့် သူ ချာချာ့ဆီဖုန်းခေါ်ပြီး ချာချာအဆင်ပြေရဲ့လား မေးချင်ခဲ့တာပင်။

ဖုန်းဝင်သွားတော့ တစ်ဖက်မှ ချာချာ့အော်သံကိုကြားရလိမ့်မယ်လို့‌တော့ ဘယ်သူထင်မှာလဲ?
“မစ္စတာ...နာတယ်”

ထိုအသံတစ်သံတည်းဖြင့် ဖူမင်ယယ်စိတ်တွေ တင်းကြပ်သွားပြီး သူ့နှလုံးလည်းပြင်းပြင်းထန်ထန် ခုန်လာခဲ့သည်။ ဘာဖြစ်နေတာလဲ? ချာချာဘယ်နေရာမှာလဲ မေးပြီး သူချက်ချင်းသွားလိုက်ချင်သော်လည်း စက္ကန့်အနည်းငယ်အကြာမှာပင် တစ်ဖက်က ဖုန်းချလိုက်သည့် တတီတီမြည်သံကိုသာ ကြားလိုက်ရတော့သည်။

သူပြန်ခေါ်ပေမယ့် မရ‌တော့ပေ။ ဖူမင်ယယ် ထိုင်မနေနိုင်တော့။ သူချက်ချင်းစွမ်းအားကိုသုံးကာ သူ့ကိုရှာဖို့ထွက်လာခဲ့လိုက်တော့သည်။
မြေပြင်ပေါ်တွင် ဖုန်းတစ်စစီကွဲကြေနေတာကိုမြင်တော့ ဖူမင်ယယ်တစ်ကိုယ်လုံး သတ်လိုဖြတ်လိုစိတ်တွေပေါ်လာခဲ့သည်။ “သူဘယ်မှာလဲ?”

“ငါ သူ့ကို မတွေ့ဘူးလို့ မပြောလိုက်ဘူးလား?”

Pascal က မျက်လုံးကိုရွှေ့လိုက်ရင်း “ဒါပေမယ့် ဖုန်းပိုင်ရှင်ကိုပြောနေတာဆိုရင်တော့.....?”
သူက ခပ်မဲ့မဲ့ပြုံးလိုက်၏။ “ငါ သူ့တစ်ကိုယ်လုံးက အရိုးတွေကို ချိုးလိုက်ပြီ။ သူ သေသွားပြီ”
သူ စကားပင် မဆုံးသေးခင် အမည်းရောင် အငွေ့များက သူ့ထံသို့ အုန်းခနဲရောက်ရှိလာ၏။

အနံ့ကိုရသွားသည့် Pascalတစ်ယောက် စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ပြောလိုက်တော့သည်။
“မင်းက ဒီလောကရဲ့ ဆိုးယုတ်ခြင်းနတ်ဘုရားလား? စွမ်းအင်တစ်ခုလုံး မကောင်းတဲ့အနံ့တွေချည်းပဲ။ ငါ့အတွက်တော့ အတော်ကောင်းတယ်” သူက အငွေ့နက်တွေအကုန်လုံးကို ရှိုက်သွင်းကာ သက်တောင့်သက်သာဖြင့် အသက်ကိုတစ်ချက်ရှိုက်လိုက်သည်။ “ငါ့ကိုထပ်ပြီးပေးစမ်းပါ။ ဘာမှတောင်သိပ်ပြီးအားထုတ်ဖို့မလိုတော့ဘူး။ ငါက နတ်ဘုရားဖြစ်ဖို့ အမှောင်ထုကို လိုနေတာ။ ဒါပေမယ့် မင်းက တံခါးရှေ့ရောက်ကို လာပြီးဖြည့်ဆည်းပေးနေတော့တာပါလား”
ဖူမင်ယယ်မျက်လုံးတွေ နီရဲကုန်သည်။ “သူ့ကို ငါ့ဆီပြန်ပေး”

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now