အပိုင်းသုံးဆယ့်ကိုး (ပထမပိုင်း)

1.1K 239 1
                                    

(၃၉) ကောင်းသောည (ပထမပိုင်း)
March 29, 2023 by Jinnie Grace
Burmese Translation of “After Marrying The Male God”.

“ဒါပေမယ့် ငါက မင်းရဲ့လူ”

××××

တစ်ဖက်တွင်....

ချင်ယိရုံတစ်ယောက် ဖုန်းကိုပစ်ပေါက်လိုက်သည်။
ဒီလောက် လူပြောများပုံနှင့်ဆို သူမမမြင်ချင်လျှင်တောင် မတွေ့ဖို့က ခက်သည်။ သူမ Weiboတစ်ခုလုံး နိုင်ငံသားတွေ၏ ဆန့်ကျင်မှုများ တစ်ဟုန်ထိုးရောက်လာကာ အသားကုန်အဆဲခံနေရသည်။

ဘယ်လိုလုပ်ဒီလိုဖြစ်သွားရတာလဲ?

Cctvကရော ဘယ်လိုဖြစ်တာလဲ? သူမတကယ်ပဲ မုန့်ရှင်း၏ သီချင်းကို မခိုးခဲ့သလို ပြောင်းလဲမပြောင်းခဲ့။ ဘယ်လိုလုပ်ပြီးများ သူမမုန့်ရှင်းသီချင်းကိုခိုးနေပုံက cctvမှာ ပေါ်လာရတာပါလိမ့်။

ပြီးတော့ သူမ မနေ့က သေချာပေါက် အဆောင်ခန်းတွင်ရှိနေခဲ့တာတောင် cctvက ဘာကြောင့် မဖမ်းမိရပါသနည်း။ အဆောင်တွင် အမျိုးသမီးဆို၍ နှစ်ဉီးသာရှိသည်။
ဖန်းယာအာကလည်း ဆေးရုံတက်နေသညိမို့ သူမသာကျန်သည်။ ဘယ်သူမှ သူမဖြူစင်ရိုးသားမှုကို သက်သေမပြနိုင်ပေ။

ချင်ယိရုံတစ်ယောက် ဖြူစင်မှုကို သက်သေမပြနိုင်ဘဲ မှားယွင်းစွပ်စွဲခံရတာ ဘယ်လိုအရသာမှန်း နောက်ဆံူးတော့ သိသွားလေပြီ။

တကယ့်လက်တွေ့တွင် သူမအမှန်တကယ် ဖြူစင်တာ မဟုတ်ပေမယ့်လည်းပေါ့။

ဝူယွင်က ဒေါသတကြီးဖြင့်ဝင်လာသည်။
“ချင်ယိရုံ ဘာတွေဖြစ်နေတာလဲ?”

ချင်ယိရုံက သူမနားကိုပိတ်ကာ ခေါင်းအတွင်တွင်ယမ်းနေသည်။
“ဟင့်အင်း ကျွန်မ မသိဘူး။ ကျွန်မ မလုပ်ခဲ့ပါဘူး”

“နင်မလုပ်ဘူး ဟုတ်လား? ဒါဆို Cctvကိစ္စက ဘာလဲ?”ဝူယွင်က မျက်မှောင်ကျုံ့သည်။
“အစက နင်မလုပ်ဘူးပြောလို့ ငါ ညည်းကိုယုံခဲ့တယ်။ အခုတော့ အဖြေကထွက်လာပြီ။ မုန့်ရှင်းရဲ့သီချင်းကို နင်ကူးခဲ့တာတောင် ငါယုံအောင်လုပ်သေးတယ်နော်”

ချင်ယိရုံ လဲကျသွားကာပြောလိုက်သည်။
“မသိဘူး မသိဘူး ကျွန်မကို မမေးပါနဲ့။ ကျွန်မ မခိုးခဲ့ပါဘူး။ တစ်ယောက်ယောက်က ဗီဒီယိုအတုလုပ်ပြီး ချောက်ချတာ”

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now