အပိုင်းနှစ်ဆယ့်ခြောက် ( ဒုတိယပိုင်း )

1.3K 274 5
                                    

Burmese Translation of "After Marrying The Male God".

Translator - ဂွေ့

(၂၆) (ဒုတိယပိုင်း)
_____________________


ချီပိုင်ချာသာ အချိန်မှီရှိမနေဘူးဆိုလျှင် ကမ္ဘာကြီးက နဂိုကတည်းက အဆုံးသတ်သွားပေလိမ့်မည်။ ကမ္ဘာကြီး ပျက်စီးသည်နှင့် နတ်ဘုရားများလည်း ထပ်တူ ပျက်စီးရပေလိမ့်မည်။

ကမ္ဘာကြီးကိုစောင့်ကြပ်သလို သူ့အပေါင်းအဖော်များကိုလည်း စောင့်ရှောက်ရမည်။

သို့သော်လည်း သူအနည်းငယ်နောက်ကျသွားသည်မို့ စီမာဖူကို မကယ်နိုင်ခဲ့ပေ။
သူ့ဘဝအကြောင်းတွေထဲက တစ်ခုကို နှစ်ပေါင်း၂၅၀၀ပြည့်ပြီးသည့်နောက်ပိုင်းအချိန်က လူသားတွေကိုပြောပြနေရခြင်းက သူ့အတွက်တော့ စိတ်လှုပ်ရှားစရာမရှိပေ။

ချီပိုင်ချာ၏ သင်ခန်းစာတွေက စိတ်ဝင်စားဖို့ကောင်းလှသည်။ အမတ်ချုပ်လီဟဲ့ရန်နှင့် စစ်သူကြီး ဝူတင်းချွမ် တို့နှစ်ဦးကြားက ဇာတ်လမ်းကိုပါ သူ့ကျောင်းသားများက စိတ်ပါလက်ပါ နား‌ထောင်နေကြသည်၊၊

ဖူမင်ယယ်ကလည်း မေးထောက်ကာ ချီပိုင်ချာစာသင်နေတာကို ငြိမ်ငြိမ်လေးကြည့်နေ၏။
ချာချာက သမိုင်းဆရာဆိုတာကို သိသော်လည်း ချာချာ သမိုင်းကြောင်းတွေပြောတာကို သူပထမဆုံးနားထောင်ဖူးတာပင်။
ချီပိုင်ချာ၏ လေသံနှင့် စကားလုံးတွေက သဟဇာတ ဖြစ်လှသည်။ ဧည့်သည်တွေက တစ်ချိန်လုံး စိတ်ဝင်စားစရာရှိလျှင် အော်ရီလိုက်ကြ စနောက်လိုက်ကြနှင့်။

ဖူမင်ယယ်ကတော့ တိတ်တဆိတ်ပဲ နားထောင်နေကာ အကြည့်နူးနူးညံ့ညံ့များနှင့်ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းတွေပြုံးနေတော့သည်။

ချီပိုင်ချာပြောသမျှက သူတို့အာရုံတွေကို ဖမ်းစားထားသည်။ “အဲ့တုန်းက ကျန်းဟူမှာ သူတို့ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လည်းရှိသေးတယ်။ နာမည်က.......”

“ဘယ်လိုခေါ်လဲ?” လျိုခိုင့်ရှန်းက ဝင်မေး၏။

ချီပိုင်ချာရုတ်တရက် ရပ်သွားသည်။

ထိုလူက သမိုင်းတွင် တရားဝင်မှတ်တမ်းတင်ထားခြင်းမျိုး မရှိဘဲ သူ့မှတ်ဉာဏ်ထဲမှာသာ ကျန်ရစ်ခဲ့တာမျိုးဖြစ်သည်။ ပုံမှန်စာသင်ခန်းထဲမှာ ကျောင်းသားတွေကို သင်ရိုးထဲမပါသည့် ဗဟုသုတတွေပြောလည်းပြဿနာမရှိ။ သို့သော် အစီအစဉ်မှာ ထုတ်လွှင့်လိုက်လျှင်တော့ အငြင်းပွားစရာတွေ ဖြစ်သွားလိမ့်မည်။
ထိုသူက သူ၏အရင်တုန်းက ရှီကျီဖြစ်သည်။ သူ ဝေဖန်မခံချင်တာမို့ သူ့အကြောင်းကို မပြောတော့ပေ။

ချီပိုင်ချာခဏလောက်ပြုံးကာတွေးလိုက်သည်။ “.....ကျွန်တော်လည်းမသိဘူးဗျ။ နေဦး ဇာတ်လမ်းဆင်လိုက်ဦးမယ်။”

လူတိုင်းထရယ်ကြသည်။ ထိုအရာကို ဟာသလို့ပဲ ထင်လိုက်ကြသည်ကိုး။

“မစ္စတာချီဒီလောက်သိနေတာ အဲ့ဒါတွေရော ဖန်တီးထားတာလား?”

““မစ္စတာချီ ဖန်တီးတာတွေက စိတ်ဝင်စားစရာပဲ။”

“ဟားဟား ဒါတွေက ပြောကြတာပါပဲ။ ကျွန်တော်တကယ်သိချင်တာက ရှေးခေတ်တုန်းက ကျန်းဟူဆိုတာ တကယ်ရှိခဲ့တာလား? ချင်ကုန်းကရော တကယ်လား?”

ချင်ကုန်း = အတွင်းအားကောင်းဖို့ သိုင်းကျင့်။

ချီပိုင်ချာက သူ့ကိုစပြီးရယ်နေသူများကိုကြည့်ရင်း အနည်းငယ်ပြုံးလိုက်သည်။
ရှိခဲ့တာပေါ့။ သူတွေးလိုက်၏။

သူအရင်က ဆယ်ကျော်သက်လေးတစ်ယောက်နှင့်သိခဲ့ဖူးသည်။ အတူတူ မြင်းတွေပေါ်မှာ သီချင်းတွေအော်ဆို သူတို့အကြောင်းတွေ၊ အတွေးတွေ လွတ်လွတ်လပ်လပ်ပြောကြ နှင့် ကျန်းဟူတစ်ခွင်ပြဲပြဲစင်အောင်လျှောက်သွားခဲ့ကြသည်။ ထိုကောင်လေးက သူ လူ့လောကထဲ ပထမဆုံးဝင်လာခဲ့စဉ္က သိခဲ့သည့် ပထမဆုံး သူငယ်ချင်းဖြစ်သည်။

ထိုကောင်လေး ကလေးဘ၀မှ လူပြောများသည့်သိုင်းပညာရှင်အဆင့်ရောက်သည်အထိ သူကြည့်နေခဲ့သည်။ တစ်ခုသော ပုံမှန်နေ့လည်ခင်းတစ်ခုတွင်တော့ သူ့သူငယ်ချင်းဟောင်းလေး ရုတ်တရက် ဆုံးပါးသွားကြောင်း ကြားလိုက်ရတော့သည်။

နှစ်တစ်ရာတောင် နေမသွားရတဲ့ သူငယ်ချင်းဟောင်းလေး။ နတ်ဘုရား၏ မျက်လုံးထဲှာတော့ သူက သူငယ်ချင်းလေးတစ်ယောက်သာသာပါပဲ။

သူဘယ်လိုများ သေသွားနိုင်ရတာလဲ?

ထိုအချိန်မှစကာ အချိန်အလုပ်လုပ်ပုံကို နတ်ဘုရား နားလည်သွားတော့သည်။

ထို့နောက် နှစ်တစ်ရာလောက်ကြာအောင် ထိုကောင်လေးအုတ်ဂူကို သူ လှည်းကျင်းပေးခဲ့သည်။


အောက်တွင်ပြုံးကာထိုင်နေသော ဖူမင်ယယ်တစ်ယောက် မျက်မှောင်နည်းနည်းကျုံ့သွားသည်။

ချီပိုင်ချာ့ကို သူ့ထက် ဘယ်သူမှ ပိုပြီးမသိနိုင်။ ထိုအမျိုးသားက ပြုံးနေသော်ငြား အရမ်းပျော့နေသည်။ သူ့မျက်လုံးထဲတွင် အထီးကျန်မှုများ ဝမ်းနည်းမှုများ ဝေ့သီနေ၏။

ချာချာ ဘာဖြစ်သွားတာလဲ?

ချာချာ မပျော်ဘူးလား?

ဘယ်သူက ချာချာ့ကိုမပျော်အောင်လုပ်တာလဲ?

ညအထိ ဖူမင်ယယ် ထိုအကြောင်းကိုစဉ္းစားနေဆဲ။

ရှိုးက တစ်နေ့လုံးကို ရိုက်တာဖြစ်သည်။ သူတို့အိပ်တာ နိုးတာကအစ ရိုက်သည်။ ဒီတစ်ပတ်တော့ ဧည့်သည်တွေအကုန် ကျောင်းမှာနေရမည်။ ညပိုင်းတွင်တော့ ယောကျား် မိန်းမအလိုက် အိပ်ဆောင်တွေခွဲပေးကာ ကျောင်းအိပ်ကုတင်တွေဖြင့် နှစ်ယောက်တစ်ခန်းအိပ်ရ၏။ အခန်းဖော်ကိုမဲနှိုက်ရသည်။

မင်းသမီးနှစ်ယောက်ကတော့ သေချာပေါက်မဲနှိုက်ဖို့မလို။ ဖန်းယာအာနှင့် ချင်ယိရုံက အတူတူနေမည်မှာ သဘာဝကျသည်။ ကျန်သည့် ယောကျာ်းလေး လေးယောက်ကတော့ မဲနှိုက်ရသည်။ အဆုံးတွင် ချွေ့ဟောက်နှင့် လျို့ခိုင်ရှန်းက တစ်ခန်း၊ ကျန်းယန်နှင့် ယုယင်က တစ်ခန်း။

ဖူမင်ယယ်က အထူးဧည့်သည်မို့ ညပိုင်းရိုက်ကူးရေးလုပ်ဖို့မလို။ သူဌေးကြီး၏ အတွင်းရေးကိုလည်း ပရိုဂရမ်အဖွဲ့က သွားမထိရဲ။ ချီပိုင်ချာကလည်း အသစ်လေးမို့ရိုက်ဖို့မလို။

သို့သော် ဖူမင်ယယ်က အခန်းတစ်ခုကို တောင်းဆိုကာ ကျောင်းတွင်ရက်အနည်းငယ်နေမယ်ဟုဆိုသည်။ ထို့အပြင်  ချီပိုင်ချာကိုပါ အတူနေဖို့ခေါ်သေးသည်။ အကြောင်းက အိပ်ဆောင်ရှိ အိပ်ယာတွေ၏ အရည်အသွေးကို စမ်းချင်ကာ ကျောင်းသားတွေ၏ ရုပ်ပိုင်းစိတ်ပိုင်းကြံ့ခိုင်မှုကို သေချာစစ်ဆေးချင်သည်မို့ ချီပိုင်ချာကိုပါ ဆရာအနေနှင့် သူ့ဘေးခေါ်ထားခြင်းဖြစ်သည်။

ချီပိုင်ချာ: ......မကောင်းတာတွေကြံနေတာသိတယ်။

ကျောင်းအုပ်ကြီးလည်း သဘောမတူဘဲ မနေရဲပေ။ ကျောင်းက မစ္စတာဖူ ပိုင်သလောက်မို့ ၂ယောက်ခန်းတစ်ခန်းတောင်းလာတော့လည်း ဘာလုပ်နိုင်ပါ့မလဲ။

မစ္စတာဖူ ကျောင်းတွင်နေခြင်းမနေခြင်းက ရိုက်ကူးရေးအဖွဲ့နှင့်လည်း မသက်ဆိုင်ပေ။

ချီပိုင်ချာနှင့် ဖူမင်ယယ်၏ အခန်းတွက် ကင်မရာများ တပ်မထားပေ။ ဒီအတိုင်း ဘ၀ကိုခံစားယုံသာ။

''ဘာ ဘ၀ကိုသွားခံစားမှာလဲ? ချီပိုင်ချာက အပေါ်အိပ်စင်တွင်ထိုင်ရင်း ဖူမင်ယယ်ကိုကြည့်ကာမေးသည်။ "မစ္စတာဖူ ခင်ဗျားက အိမ်မှာ အိပ်ယာအကြီးကိုကျ သွင်းထားပြီး အဲ့မှာမအိပ်ဘဲ ဒီကိုလာအိပ်တာ ဘာသဘောလဲ?"

သူက သူ့ကို အိပ်ယာသေးသေးလေးထဲမှာ ကွေးနေရအောင်လုပ်တာပဲ။

ဖူမင်ယယ်ကတော့ မျက်နှာထားမပြောင်း။
"အိပ်ဆောင်ပတ်၀န်းကျင်က အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ် မစ္စတာချီရဲ့။"

ချီပိုင်ချာ : စကားနည်းနည်းပဲပြော။ ဒီမှာ ကင်မရာတွေမရှိဘူး။ ဆရာလို့ခေါ်မနေနဲ့။

ဖူမင်ယယ်: "ကိုယ်ထင်တာတော့ ဆရာ-တပည့် role playက အတော်လေးကောင်းမယ်ထင်တယ်နော်"

ချီပိုင်ချာက မျက်နှာသေနှင့်ပင်ဆက်ပြောသည်။ "လိပ်ခေါင်းရှိတယ်"

ဖူမင်ယယ်: ကိုယ့်မှာ အဲ့လိုအတွေးတွေမရှိပါဘူး။

ချီပိုင်ချာ: "ခင်ဗျားအဲ့ဒါတွေတွေးနေတာ မျက်နှာမှာ မြင်နေရတယ်။"
မစ္စတာဖူကိုကြည့်ရတာ အစောကတည်းက ထူးဆန်းနေသည်။ တစ်ခုခုကို စိတ်ထင့်နေပုံနှင့်။

"ကိုယ်မေးစရာရှိလို့"
ဖူမင်ယယ်က ထိုအကြောင်းနှင့်ပတ်သတ်ပြီး စိုးရိမ်နေဆဲ။ သူကြမ်းပြင်ပေါ်တွင်ရပ်ကာ အပေါ်ဖက်အိပ်စင်ကိုကိုင်ထားပြီး ချီပိုင်ချာကို မော့ကြည့်သည်။
"ချာချာ....နေ့လည်ကသမိုင်းချိန်မှာတုန်းကလေ မင်းပြောလိုက်တယ်....ကျန်းဟူက အဲ့ဒီလူနဲ့ အဲ့ဒီလူရဲ့သူငယ်ချင်းဆိုတာ ဘယ်သူတွေလဲ?"

သူ့ခံစားချက်က ဘယ်တော့မှမမှားပေ။ထိုစကားကို ချာချာပြောပြီးသည်နှင့် စိတ်ညစ်သွားတာ အသေအချာ။

ချာချာဘာကြောင့်မပျော်ရသလဲဆိုတာကို သူအဖြေရှာရမည္။

ချီပိုင်ချာက သူ့ကို သုံးစက္ကန့်လောက်ကြည့်နေ၏။
"ကျွန်တော်က အဲ့ဒါကို ရှိုးအတွက် သေချာလုပ်ခဲ့တာပါ။ ခင်ဗျားအတည်မယူပါနဲ့"

ဖူမင်ယယ်ကပြန်ပြောသည်။
"ကိုယ်က ဒီစကားကပဲ လုပ်ကြံပြောထားတာ ဖြစ်မှာစိုးတာ"

ချီပိုင်ချာ သူ့ကိုလိမ်၍မရပေ။
"သူ့နာမည်က ချီယဲ့ တဲ့"
(ဒီနမည်ကချီနဲ့ ချီပိုင်ချာရဲ့ချီက မတူပါ)

ဒါက နာမည်လေးပဲဆိုတော့ ဘာအကျိုးမှသက်ရောက်မှာတော့ မဟုတ်ပါဘူး။

တန်းကို ကိုင်ထားသော ဖူမင်ယယ်၏ လက်တွေ ချော်ကျသွားသည်။
"အဲ့ဒါကို ဘယ်စာအုပ်ထဲက တွေ့ခဲ့တယ် ကျွန်တော်လည်းမသိပါဘူး။ ကျွန်တော်ပြောပြရင်တောင် ခင်ဗျားသိမှာမှမဟုတ်တာ။ အရင်က မစ္စတာဖူ သမိုင်းကိုစိတ်ဝင်စားတာမျိုးလည်း ကျွန်တော် မမြင်ခဲ့ဖူးဘူးလေ"

အခုလည်းစိတ်မဝင်စားပါဘူး ဟု ဖူမင်ယယ် သူ့စိတ်ထဲကနေ ပြန်ပြင်လိုက်သည်။

သူက ချီပိုင်ချာနှင့် ပတ်သတ်သမျှကိုသာ စိတ်ဝင်စားသည်။ ချာချာဘာလို့ စိတ်ညစ်သွားလဲ ဆိုတာကို သူနားလည်ဖို့လိုသည်။ ထိုမှသာ ချာချာ စိတ်ခံစားချက်ပြန်ကောင်းလာဖို့ ဆေးစာရေးပေးနိုင်လိမ့်မည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်လောက်က လူတစ်ယောက်က ချာချာ့ကိုဒီလိုမျိုး စစ်မှန်သည့်ခံစားချက်တွေခံစားရအောင်လုပ်လဲဆိုတာကို နားမလည်ပေ။

"ကျွန်တော်အိပ်တော့မယ် ဂွတ်နိုက်"
ချီပိုင်ချာက စကားအများကြီးမပြောချင်ပေ။ သူစောင်ကိုဖြန့်၍ ခြုံိလိုက်ကာ ဖူမင်ယယ်ကို နှုတ်ဆက်စကားပြောလိုက်သည်။

"ဂွတ်နိုက်"
ဖူမင်ယယ်လည်း အခန်းမီးကိုပိတ်ကာ အောက်အိပ်စင်တွင်လှဲလိုက်သည်။

အမှောင်ထဲတွင် အခန်းက ခဏတော့ တိတ်ဆိတ်နေ၏။

ဖူမင်ယယ်က ရုတ်တရက်ပြောလိုက်သည်။

"ချာချာ"

"ပြောလေ"

"ခေါင်းအောက်ကို ခဏငုံ့"

ချီပိုင်ချာကြောင်သွားသည်။ သို့သော် နာခံစွာပင် ခေါင်းကို အိပ်စင်မှအောက်သို့ငုံ့ပေးလိုက်သည်။

ဖူမင်ယယ်က တစ်ခုခုကိုနှိုက၍ သူ့လက်ထဲသို့ထည့်ပေးလိုက်သည်။

"ဒါ ဘာလဲ?"
ချီပိုင်ချာလက်ကိုဖွင့်ကြည့်လိုက်တော့ သကြားလုံးလေးတစ်လုံးဖြစ်နေသည်။

"ခိ ခင်ျားသကြားလုံးကို ဘယ်ကရလာတာလဲ? ကျွန်တော့်ကို ညကြီးသကြားလုံးတွေကျွေးနေတာ သွားပိုးစားအောင်လုပ်နေတာလား?"

ဖူမင်ယယ်က ပြောလိုက်သည်။
"သကြားလုံးစားတာက မင်းကိုပျော်ရွှင်စေလိမ့်မယ်"

ကိုယ်မင်းကို ပျော်ရွှင်စေချင်တယ်။

ချီပိုင်ချာ မျက်မှောင်ကျုံ့သွားကာ လက်ထဲက သကြားလုံးကို ကြည့်ရင်း ရုတ်တရက်ရှုပ်ထွေးသွားသည်။

မစ္စတာဖူက အဲ့လောက်တောင် အမြင်စူးရှတာလား? သူ့ခံစားချက်တွေကို မပေါ်အောင် ကောင်းကောင်းထိန်းထားနိုင်တယ်လို့ထင်ထားတာ။ ဒါပေမယ့်လည်း သတိထားမိသွားတာတဲ့လား?

ချီယဲ့အကြောင်းကို တွေးမိတိုင်း ချီပိုင်ချာ သူ့ကို လက်မလွှတ်နိုင်သလိုပင်။ သူ လူတွေအများကြီးနှင့်တွေ့ဆုံခဲ့သော်လည်း ပထမဆုံးတစ်ယောက်လောက်တော့ရင်ထဲမရောက်ခဲ့ပေ။

ပထမဆုံးတစ်ယောက်ပဲလေ။

ချီပိုင်ချာက သကြားလုံးကိုခွာကာ ပါးစပ်ထဲ ထည့်လိုက်သည်။ သကြားလုံးက ချက်ချင်းပင်ချိုမြသွားသည်။

"မစ္စတာဖူ သကြားလုံးက ချိုတယ်"

ဖူမင်ယယ်ကပြန်ပြောသည်။ "ချိုရမှာပေါ့"

ဘယ်သူတွေက ဘယ်လိုပဲ ခါးသက်ခြင်းတွေပေးပေး ကိုယ်ပေးတဲ့ ချိုမြိန်မှုလေးကိုပဲ မင်းသတိရနေဖို့လိုတာ။

ချီပိုင်ချာက ပြုံးကာပြောလိုက်သည်။
"ဒါဆိုကျွန်တော်ကလည်းခင်ဗျားကို အိပ်မက်ချိုချိုလေးတွေပေးမယ်။ ဂွတ်နိုက် မစ္စတာဖူ"

ချီပိုင်ချာအိပ်မောကျသွားသည်။

ဖူမင်ယယ်ကတော့ အပေါ်ကိုကြည့်ကာ အတွေးထဲမျောနေသည်။

တိုက်ဆိုင်တာလား?

အဲ့လိုပဲဖြစ်မှာပါလေ။

ဟိုးရှေးရှေးတုန်းက သန့်စင်သောလေနှင့် နောက်ကျိသောလေတို့ ဖရိုဖရဲနှင့် ရောနှောသွားခဲ့သည်။ သန့်စင်သောလေ ပြန်ဖြစ်လာသည့်တစ်လျှောက်တွင် နေ၊ လ၊ ကြယ် နှင့်ကောင်းကင်၊ တောင်တန်း၊ သမုဒ္ဒရာ၊ မြစ်ချောင်းအင်းအိုင်တို့ ဖြစ်ပေါ်ခဲ့သည်။ သန့်စင်သော လေ၏ လေအချို့က နှင်းတောင်တန်းများအဖြစ်ပြောင်းလဲကာ သဘာဝနတ်ဘုရားတစ်ပါးကို သန္ဓေတည်စေခဲ့သည်။ သူက နှင်းကဲ့သို့ကြည်လင်သည်။ လက်ဖက်ရည်လို သန့်စင်အေးမြသည်။ ထိုသူမှာ နှင်းနတ်ဘုရားဖြစ်ကာ တရား၀င်အမည်နာမမှာ ရွှယ့်ချာဟု ခေါ်တွင်၏။

(နှင်း= ရွှယ့် ၊ လက်ဖက်ရည်= ချာ)

နောက်ကျိသေလေတို့ကမူ ကောင်းကင်နှင့် နေတို့မမြင်ရသော အမှောင်ထုရှိသည့်ကမ္ဘာပေါ်သို့သက်ဆင်းခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာပေါ်၌ပထမဆုံး ဆုတောင်းနတ်ဘုရားတစ်ပါး မွေးဖွားခဲ့သည်။ ထာ၀ရည တွင်နေထိုင်ကာ ဆိုးယုတ်ခြင်းဟု တရားဝင်အမည်တွင်သည်။

ထိုသူ၏ အမည်မှာ ချီယဲ့ ဟူသတဲ့။

Zawgyi

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now