အပိုင်းလေးဆယ့်ခြောက် (ပထမပိုင်း)

1K 216 0
                                    


Burmese Translation of "After Marrying The Male God".



Translator - ScartletAnemone


---------------

အပိုင်းလေးဆယ့်ခြောက်- ပထမပိုင်း


---------

"မျှော်လင့်ချက်လေး"


-----------

ချီပိုင်ချာလည်း ဆေးရုံမှာ တစ်လကြာနေခဲ့လိုက်၏။ နတ်ဘုရား၏ကုသနိုင်စွမ်းက နဂိုကတည်းကိုက အားကောင်းပြီးသားဖြစ်သော်ငြားလည်း၊ လူသားတွေ၏ခန္ဓာကိုယ် ခံနိုင်စွမ်းရည်ကို စဉ်းစားပြီးနောက်မှာ၊ သူ တစ်ခဏလောက် အချိန်ဆွဲလိုက်ပြီးတော့၊ သူ့ကိုယ်သူ ပြန်ကောင်းလာဖို့ရာ အချိန်ယူဖြစ်ခဲ့၏။

ထိုအတောအတွင်းမှာ ကျန်းယန်က လူနာသတင်းမေး တစ်ခေါက်လာခဲ့၏။ ပိန်ပါးပြီးတော့ အားနည်နေသော်ငြားလည်း ပိုသွယ်လျသွားပြီးတော့ လှပလာသည့် ဆေးရုံအဝတ်အစားနှင့် လူငယ်လေးကို ကုတင်ထက်မှာ တွေ့လိုက်ရတော့၊ ကျန်းယန်လည်း စိတ်မထိန်းနိုင်တော့ဘဲ ပြောလိုက်မိသည်။ " ဒီနေမကောင်းဖြစ်နေတဲ့ပုံစံလေးက ပိုပြီးတော့တောင် လှနေသလိုပဲ... ဒီအခြေအနေကို ဆက်ထိန်းထား... မရပ်လိုက်နဲ့..."

ဖူမင်ယယ်လည်း သူ့ကိုချက်ချင်းဆိုသလို မောင်းထုတ်ပစ်လိုက်၏။

သူဆေးရုံကနေပြီးတော့ ဆင်းရသည့်နေ့မှာ၊ ချီပိုင်ချာတစ်ယောက် အရမ်းကို ပျော်နေမိ၏။ နောက်ဆုံးတော့ သူသန့်စင်ခန်းကို တစ်ယောက်တည်း သွားလို့ရတော့မယ်... မဟုတ်သေးပါဘူး ... သူ သန့်စင်ခန်းကို အချိန်တခဏ‌လောက် မြင်တောင်မမြင်ချင်ဘူး။

အမှန်တကယ်တော့... သူ့ဒဏ်ရာတွေ ပြင်းထန်နေသည့် ပထမဆုံးနှစ်ရက်လောက်ကသာ မစ္စတာဖူ၏အကူအညီကို လိုအပ်ခဲ့တာဖြစ်သည်။ ချီပိင်ချာက အရာအားလုံးကို သူ့ဘာသာသူ လုပ်နိုင်နေပြီပင်။ မစ္စတာဖူက မကြာခဏဆိုသလိူ ဝှီးချဲကိုသုံးပြီးတော့ လေကောင်းလေသန့်ရဖို့အတွက် သူ့ကိုအောက်ထပ်ရှိ ဥယျာဉ်ထဲကို ခေါ်သွားပေးလေ့ရှိ၏။ထိုမှသာ အခန်းထဲမှာ အချိန်အကြာကြီး နေရတာ မွန်းကျပ်သည်ဟု မခံစားရအောင်ဖြစ်သည်။

ဝရံတာထက်က ပန်းတွေကိုလည်း နေ့တိုင်းလဲလေ့ရှိသည်။ တစ်ခါတစ်ရံမှာ နှင်းဆီပန်းတွေဖြစ်ပြီး၊ တစ်ခါတစ်ရံမှာတော့ ဒေစီပန်းတွေရှိတတ်သည်။

မစ္စတာဖူက ထိုဟာတွေအကုန်လုံးကို သူကိုယ်တိုင်စီမံခဲ့တာဖြစ်ပြီး၊ ချီပိုင်ချာကို နေ့တိုင်းလိုလို စိတ်ကြည်လင်နေစေချင်၍ဖြစ်သည်။

TVကလည်း အမြဲလိုလို ချီပိုင်ချာ ကြည့်ရတာနှစ်သက်သော ချန်နယ်ကို အမြဲဖွင့်ထားလေ့ရှိသည်။ အသံအတိုးအလျော့ကိုလည်း သူ အနားယူနေသည့်အချိန် ဟုတ်မဟုတ်ပေါ်မူတည်ပြီးတော့ ပြောင်းလဲပေး၏။ သူညဘက်မှာ ဘယ်လောက်ပဲ လူးလှိမ့်ပြီးတော့ အိပ်ပါစေ၊ အမြဲလိုလိုပင် သူ့ကိုယ်ထက်မှာ စောင်သေချာခြုံထားရင်းဖြင့် နိုးလာတတ်၏။

မစ္စတာဖူက လူတွေကိုဂရုစိုက်ရာမှာ အရမ်းကို အသေးစိတ်ကျ၏။

ဖူမင်ယယ်ကို ချီပိုင်ချာက ထိုသို့ချီးမွမ်းသည့်ချိန်မှာ၊ ဖူမင်ယယ်က သူ့ကိုအပြုံးလေးဖြင့် ကြည့်လာခဲ့၏။ "မဟုတ်ပါဘူး... ကိုယ်က မင်းကို ဂရုစိုက်ပေးရတဲ့နေရာမှာပဲ တော်တာ"

ချီပိုင်ချာကိုမတွေ့ခင်တုန်းက၊ အရှင်ဆိုးယုတ်ခြင်းနတ်ဘုရားက သူ့ကိုယ်သူတောင်မှ ဂရုမစိုက်တတ်ပေ။

သူတို့က ဆေးရုံ၌ သာယာသော တစ်လတာကို ဖြတ်သန်းနေခဲ့ကြသော်လည်း၊ အင်တာနက်မှာတော့ လောကကြီးကို ဇောက်ထိုးဖြစ်လောက်သည်အထိ ပွက်လောရိုက်နေခဲ့သည်။

ဖန်းယာအာ၏နာမည်ကြီးပြန်ပေးဆွဲခံရမှုက အဖြစ်မှန်ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။ အဓိကသံသဃရှိသူ ချန်ရှီမြောင်ကလည်း လုံလောက်သော သက်သေမရှိသောကြောင့် အပြစ်ရှိသည်ဟုဆိုလို့မရဘဲ၊ အချုပ်ခန်းထဲမှာပဲ တစ်ခဏလောက် အထိန်းသိမ်းခံရပြီးတဲ့နောက်မှာ ပြန်လွတ်လာခဲ့၏။

ဤသို့နှင့် သူမက ဥပဒေ၏အပြစ်ပေးခံရမှုကနေ လွတ်မြောက်ခဲ့၏၊ သို့စေကာမူ ဖန်းယာအာ၏fanတွေရဲ့ဒေါသကနေတော့ သူမ မလွတ်မြောက်ခဲ့ပေ။ သူတို့က လုပ်ကြံသူကို မရှာဖွေနိုင်ခဲ့၍၊ သူတို့၏ မကျေနပ်ချက်တွေ အကုန်လုံးကို သံသဃရှိသူ ချန်ရှီမြောင်အပေါ်မှာပဲ ဒေါသဖြေခဲ့ကြ၏၊ ဤကိစ္စ၏ကျေးဇူးဖြင့် လူတိုင်းလည်း သူမက အရင်တုန်းက ဖန်းယာအာ၏လောလာဟလတွေနှင့် မကောင်းသတင်းတွေကို ဖြန့်ခဲ့မှန်း သိသွားခဲ့ကြသည်။

ယာအာက မရက်စက်ချင်၍၊ သူမအတွက် နောက်ဆုံးအနေဖြင့် စဉ်းစားပေးသည့်သဘောနှင့် ချန်ရှီမြောင်၏လုပ်ရက်တွေကို မဖော်ထုတ်ခဲ့ပေ။ သို့သော် အခုတော့ လူတိုင်းလိုလိုပင် သူမက ဖန်းယာအာ၏အကူအညီနှင့် အခွင့်အလမ်းတွေရခဲ့တာတောင်မှပဲ၊ ဘယ်လိုတောင် ကျေးဇူးကန်းပြီးတော့၊ နာမည်ပျက်အောင်လို့ သွားပုပ်လေလွင့်တွေပြောပြီး၊ ကောက်ကျစ်ယုတ်မာခဲ့မှန်း သိသွားကြပြီဖြစ်သည်။

အချိန်တချို့ကြာသည့်တိုင်အောင် သူမက "ကျေးဇူးမသိတတ်တဲ့သူ"၊ "အရှက်မရှိတဲ့သူ"၊ "ကျွေးတဲ့လက်ကို ပြန်ကိုက်သောသူ"ဆိုပြီးတော့ ခေါင်းစဉ်တွေ တပ်ခံခဲ့ရ၏။ ချန်ရှီမြောင်လည်း ဆိုးဆိုးရွားရွားကို အဆဲခံလိုက်ရ၍ Weiboကိုတောင် ဖျက်လိုက်ရသည့်အထိပင်။ သူမ၏ဂုဏ်သတင်းက အောက်ဆုံးကို ထိုးကျသွားခဲ့၏၊ သူမ ဒီနယ်ပယ်ထဲကို ဘယ်တော့မှ နောက်တစ်ကြိမ်ထပ်ပြီးတော့ ခြေချနိုင်မှာမဟုတ်ပေ။

တချို့ကတော့ ချင်ယိရုံ၏ဖန်တွေက ဖန်းယာအာကို ပြန်ပေးဆွဲခဲ့တာဟု သံသဃရှိကြ၏။ ချင်ယိရုံ၏ မုန်ရှင်း၏သီချင်းကိုခိုးကူးပြီးတော့ ငွေကြေးနှင့်အောင်မြင်မှုကိုယူခဲ့ခြင်းက၊ မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်ရာကျ၏။ Sမြို့တော်၏ဂီတကျောင်းက မုန်ရှင်းအတွက် ရှေ့နေငှားပေးခဲ့ပြီး၊ တရားရုံကနေပြီး ဆင့်ခေါ်မှာကို စောင့်နေတာဖြစ်သည်။

ဤအရှိန်ဖြင့် နောက်ထပ်များပြားလှသော ဖြတ်သွားဖြတ်လာသူတွေက ချင်ယိရုံကို စကားနှင့်ရော စာတွေရေးပြီးတော့ပါ တိုက်ခိုက်လာကြ၏။ တစ်ယောက်ပြီးတစ်ယောက် ဖန်တွေကနေပြီးတော့ anti fanတွေ ဖြစ်လာခဲ့ကြသည်၊ သို့သော် တချို့သော အစွန်းရောက်သည့် ဦးနှောက်သေ ဖန်အချို့ကတော့ မဆင်မခြင်ဖြင့် ချင်ယိရုံကို အားပေးနေကြဆဲဖြစ်ကာ၊ မုန်ရှင်းကိုတောင်မှပဲ ဆဲဆိုနေကြ၏။

နိုင်ငံသားအများစုက ထင်ကြေးပေးကြတာကတော့ ‌ခေါင်းစီးပိုင်းကို သိပ်ပြီးတော့ အရင်လိုဂရုမစိုက်ကြတော့၍၊
ချင်ယိရုံ၏ဦးနှောက်သေဖန်များက ရူးသွပ်ပြီးတော့၊ အတူတူသေကြရုံပေါ့ဆိုသည့် စိတ်ထားကာ၊ ရိုက်ကူးရေးတစ်ဖွဲ့တည်းက အမျိုးသမီးဧည့်သည်ကို ပြန်ပေးဆွဲပြီး၊ သူတို့သေသွားရင်တောင်မှပဲ ဖန်းယာအာကို ကြားကနေပြီးတော့ အစားခံရသည့်သူ ဖြစ်စေချင်ကြသည်ဟူ၍။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now