အပိုင်းကိုး

1.8K 357 7
                                    

Burmese Translation of "After Marrying The Male God".

Translator - Jinnie Grace

(၉) System
_____________________

ဒါက နတ်ဘုရားတစ်ပါးရဲ့ကမ္ဘာမြေအပေါ်ကြင်နာမှု

*****

ဝေ့စုန့်နန်ရင်တွေခုန်လာပြီး တံတွေးကို စိတ်လှုပ်ရှားစွာမြိုချလိုက်၏။

အချိန်နှင့်စကြာ၀ဠာစီမံခန့်ခွဲရေးဆိုတာဘာမှန်းသူမသိ။ သို့သော် ကမ္ဘာကူးသူတစ်ယောက်အနေနှင့် ထိုလူရွယ်က တစ်ခုခုကိုသိထားသည်ဆိုတာကတော့ သံသယဖြစ်ဖွယ်မလို။

မဖြစ်နိုင်ဘူးမလား? သူ၏ ဝိညာဥ်ကူး‌ပြောင်း သူ၏ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သလို အကြီးဆုံးအားသာချက်လည်းဖြစ်သည်။ ဝေ့စုန့်နန်က လက်ရှိကမ္ဘာအပေါ်ကို ခပ်နှိမ်နှိမ်ကြည့်လေ့ရှိပြီး သူကသာ အားအကြီးဆုံးဟု သွေးနားထင်ရောက်နေသည်။

သူ့ကမ္ဘာတွင်တော့ သူက ဘာမှမဟုတ်သည့်လူတစ်ယောက်သာ။

အခုတော့ သူ့ဖြစ်တည်မှုအစစ်အမှန်က တစ်ချက်ကြည့်ရုံနှင့်ပေါ်သွားပြီဆိုတော့  သူမကြောက်ဘဲ ဘယ်နေပါ့မလဲ။

"အချိန်နဲ့စကြာ၀ဠာစီမံခန့်ခွဲရေးဆိုတာ ဘာကြီးလဲ? ခင်ဗျား ဘာပြောနေမှန်းကျုပ်နားမလည်ဘူး"
ဝေ့စု့န့်နန်က တည်ငြိမ်စွာပင်ပြောလာသည်။

ချီပိုင်ချာကမျက်မှောင်တစ်ချက်ကျုံ့လိုက်ရင်း
"အဲ့ဒီတော့မင်းမှာ လုပ်ကိုင်ခွင့်ထောက်ခံချက်မရှိဘူးဆိုပါတော့"

အချိန်နှင့်စကြာဝဠာစီမံခန့်ခွဲရေးသည် နတ်ဘုရားအရှင်သခင်၏ ဉီးဆောင်မှုဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုပင်။ ကမ္ဘာတွေက မြောက်မြားစွာရှိကာ ကမ္ဘာတိုင်းအတွက် အမတစောင့်ရှောက်သူတွေရှိကြသည်။ များသောအားဖြင့်တော့ တွင်းရေက မြစ်ရေနှင့် မရောဘိသကဲ့သို့ ကိုယ့်နယ်မြေနှင့်ကိုယ် သီးခြားစီသာ နေကြ၏။ နတ်ဘုရားတိုင်းထက် အင်အားအကြီးဆုံးသူကတော့ နတ်ဘုရားအရှင် ဖြစ်ကာ သူက စကြာ၀ဠာတစ်ခုလုံးကိုအုပ်စိုးပြီး နတ်ဘုရားအားလုံးကို ဉီးဆောင်သည်။

စကြာ၀ဠာထဲတွင်တော့ ကိုယ်သက်ဆိုင်ရာ ကမ္ဘာကို ကာကွယ်ရမည်မှာ ပုံမှန်တာ၀န်တစ်ခုသာဖြစ်သည်။ နတ်ဘုရားအရှင်က ပိုမိုမြင့်မားသော လောကတစ်ခုတွင်နေပြီး စကြာဝဠာ၏ ကိစ္စများကို စီမံသည်။ ကမ္ဘာတစ်ခုတွင် ယိုပေါက်များနှင့် သွေဖယ်မှုများဖြစ်ပေါ်ပြီး ထိုကိစ္စကို နတ်ဘုရားများက မရှင်းနိုင်ပါက စကြာဝဠာထဲတွင် သေဆုံးပြီးသားဝိဉာဉ္တစ်ခုက နတ်ဘုရားအရှင်၏ စနစ်နှင့်ချိတ်ဆက်ကာ အဆိုပါ ကမ္ဘာကို ကယ်တင်ရသည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now