အပိုင်းသုံးဆယ့်တစ် ( ဒုတိယပိုင်း )

1.2K 232 6
                                    

လူတိုင်း၏ဆွေးနွေးသံကို ကြားပြီးနောက် ဖူမင်ယယ်လှည့်ကြည့်လိုက်ရာ ခေါင်မိုးထပ်မှာရှိနေသောသူက မရှိတော့တာကို တွေ့လိုက်ရသည်။

သူတို့ကိုဘယ်အချိန်တုန်းက ကယ်သွားမှန်း သူမသိလိုက်ပေ။

သူ့အကြည့်ကို အေးစက်စွာဖြင့် ပြန်ရုပ်သိမ်းလိုက်ပြီး ဆက်လျှောက်သွားလိုက်သည်။
ခုန်ချချင်နေသောသူက သူ့ဘဝ၏အဆုံးသတ်ကို မရောက်သေးပေ၊ ဒီနေ့က သူသေရမည့်နေ့မဟုတ်ပေ။

ထို့ကြောင့်မို့ ကယ်ဆယ်ခံရတာက ဘာမှအံ့ဩစရာမရှိချေ။

ခေါင်မိုးထက်တွင် ချီပိုင်ချာက ကိုယ်ယောင်ဖျောက်ပြီးတော့ တစ်ဖက်မှာရပ်ကာ သတ်သေဖို့ကြိုးစားခဲ့သောကောင်လေးကို ရဲအရာရှိက အလျင်အမြန်ဖြင့် နှစ်သိမ့်ပေးနေကြတာကို ရပ်‌ကြည့်နေလိုက်သည်။

“မင်းအဆင်ပြေတယ်မလား… မုန်ရှင်းနော်။ အနီးနားက ဂီတကျောင်းကမလား။ အနာဂတ်မှာ သန်မာလာအောင်ကြိုးစားပါ။ လူငယ်လေးမဖြတ်ကျော်နိုင်တာ ဘာမှမရှိပါဘူး” ရဲအရာရှိက မုန်ရှင်း၏ပခုံးကို ပုတ်‌ပေးလိုက်သည်။

“ဘဝမှာ မင်း‌မကျော်ဖြတ်နိုင်တဲ့ အခက်အခဲဆိုတာ မရှိဘူး။ မင်းမှာ အသက်ကတစ်သက်ပဲရှိတာ… ‌ဒါကြောင့်မို့ အဲတာကိုတန်ဖိုးထားရမယ်…”

တခြားသူတွေက သူ့ကိုဘယ်လောက်ပဲ ‌နှစ်သိမ့်ပေးနေပါစေ၊ မုန်ရှင်းက ဘာမှပြန်မ‌ပြောခဲ့သလို သူ့မျက်လုံးတို့ကလည်း ‌လှုပ်ရှားမှုမရှိခဲ့ပေ။

သူကယ်တင်ခံလိုက်ရသော်လည်း သူ့ရဲ့အသက်ရှင်လိုစိတ်ကတော့ ပြန်လည်မရှင်သန်လာခဲ့ပေ။

ချီပိုင်ချာက မျက်မှောင်ကြုတ်လိုက်မိပြီး သူဖြေရှင်းရမည့် နောက်ထပ်ကိစ္စတစ်ခု ထပ်ပေါ်လာပြန်ပြီဟု ခံစားလိုက်ရသည်။

နေ့စဉ်တိုင်းလိုလို ဤလောကကြီးထဲမှာ လူတွေအများကြီး သေဆုံးနေကြပြီး၊ သူတို့တစ်ယောက်ချင်းစီတိုင်းကို သူကယ်တင်မှာမဟုတ်ပေ။ သို့သော် သူ့အရှေ့မှာရှိနေသောသူ‌ကတော့ သေချိန်မတန်သေးပေ။

ဒီနေ့ သူကသာ မလှုပ်ရှားလိုက်လျှင် ဘယ်သူကမှ မုန်ရှင်းကို ကယ်တင်လိုက်နိုင်မှာမဟုတ်ပေ။ အဆောက်အဦးပေါ်ကနေ ခုန်ချပြီးတော့ သတ်သေလိုက်ခြင်းက ကောင်လေး၏နောက်ဆုံးအဆုံးသတ် ဖြစ်သွားခဲ့မှာဖြစ်သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now