အပိုင်းသုံးဆယ့်ခုနှစ်(တတိယပိုင်း)

1.1K 252 9
                                    



(၃၇) အမှန်တရား (တတိယပိုင်း)

ကျန်းယန်က ဝင်ပြော၏။
“မဟုတ်ဘူးလေ။ မနေ့က ဖန်းယာအာထိခိုက်သွားလို့ ဆေးရုံကိုပို့လိုက်ရတဲဉစ္စာ။ ရိုက်ကူးရေးဖျက်ပြီး ကျွန်တော်တို့အကုန် နားရက်ရတယ်လေ”

ချင်ယိရုံ: “.....”

လျိုခိုင်းရှန်ကမေးသည်။
“မနေ့က မင်းဘယ်ရောက်နေလဲ?”

ချင်ယိရုံကဖြေသည်။
“နားနေခန်းထဲမှာနားနေတာ”

ချီပိုင်ချာကတော့ မျက်နှာထားမပြောင်းလဲပေ။

ချင်ယိရုံ၏ အခန်းကိုရိုက်ထားတာကိုပါ သူက ပြောင်းထားတာမို့ ချင်ယိရုံအရိပ်ပင် မြင်ရမှာမဟုတ်ပေ။

ထိုနေရာတွင် စစ်တာက ဘာမှရေရေရာရာထွက်လာမှာမဟုတ်။ လျိုခိုင်းရှန်၏ စတူဒီယိုက cctvကိုလည်း စစ်ရဉီးမည်။

သူတို့လည်းရိုက်ကူးရေးဆက်မလုပ်နိုင်တော့တာချင်းအတူတူ လျိုခိုင်းရှန်က သူ့စတူဒီယိုက cctvကို သွားစစ်ကာ ရိုက်ကူးရေးအဖွဲ့ကတော့ အခန်းcctvကိုကြည့်ရန်သွားသည်။

ထိုအချိန်တွင် ချင်ယိရုံ၏ အေးဂျင့်က ရောက်လာသည်။

“မစ္စတာချီ ကျွန်မတို့ စကားပြောဖို့လိုတယ်”
အေးဂျင့်ယွင်ကျဲက ခပ်တည်တည်ဖြင့်ပြော၏။

ချီပိုင်ချာ မငြင်းပေ။

ဂီတခန်းထဲကထွက်လာပြီးနောက် သူတို့အခန်းလွတ်တစ်ခုထဲ ဝင်လိုက်ကြသည်။

လမ်းတွင် လက်ထောက်ကောင်မလေးပြောပြသဖြင့် ဖြစ်ခဲ့သမျှကိုအကြမ်းဖျင်း ဝူယွင်သိပြီးပြီမို့ သူမအခုခေါင်းကိုက်နေရလေပြီ။
ချင်ယိရုံ တကယ် ကူး မကူး သူမ မသိသော်လည်း လက်ရှိတွင် ချင်ယိရုံ၏ စီးပွားရေးတန်ဖိုးက အရမ်းတက်နေပြီမို့ ကုမ္ပဏီက သူမကို သေချာပေါက် ကာကွယ်ရမည်။

အမှန်ဖြစ်ခဲ့လျှင်တောင် အမှားဖြစ်အောင်ပြင်ရမည်။

“ရှင် နောင်တရလိမ့်မယ်။ ကျွန်မ သီချင်းကို ဘယ်တုန်းကမှမပြောင်းခဲ့ဖူးဘူး။ လူတွေကို cctvစစ်ခိုင်းတာက ရှင့်ကိုယ်ရှင် ချောင်ပိတ်ဖမ်းတာပဲ။ ရဲတွေရှင့်ကိုလာခေါ်တဲ့အထိစောင့်နေလိုက်။ “
ချင်ယိရုံက ဒေါသတကြီးပြောသည်။

အစကတော့ မစ္စတာဖူစောစောပြန်သွားသည့်အတွက်သူမ၏ အံ့သြဖွယ်ရာ ဖျော်ဖြေမှုကို မတွေ့လိုက်ရလေခြင်းဟုတွေးထင်ကာ နှမျောနေမိသော်လည်း အခုတော့ သူစောစောထွက်သွားတာကံကောင်းသည်ဟုတွေးလိုက်မိတော့သည်။

ဝူယွင်ကသူမ ပုခုံးကိုပုတ်ကာ သူမကို ငြိမ်ငြိမ်နေဖို့ပြောလိုက်သည်။ cctvကို စစ်တာဖယ်လိုက်လျှင် မှန်နိုင်ချေက တစ်ခုပဲရှိသည်။ တစ်ဖက်လူလက်ထဲတွင် ကောင်လေးစန္ဒယားတီးနေသည့် videoရှိနေသည်။ တီးနေသည့်အချိန်က ချင်ယိရုံ မတီးရသေးခင်အချိန်ဖြစ်ကာ ထိုအရာကပဲသူမကို သံသယဖြစ်စေသည့် အကြောင်းအရင်းတစ်ခုဖြစ်သည်။

လူတစ်ယောက် နာမည်ကြီးလာလေလေ ဆန့်ကျင့်သူများလာလေလေ။ ချင်ယိရုံက မြန်မြန်ဆန်ဆန်ပဲ နာမည်ကြီးလာခဲ့သည်မို့ သူ့ကိုဆွဲချချင်သည့်လူတွေက မနည်းမနော။၊ရဲခေါ်တာက အခြေအနေကိုပိုဆိုးစေမည်မို့ ခပ်ကြိ်တ်ကြိတ်ပဲရှင်းတာ အကောင်းဆုံးပင်။

“မစ္စတာချီ။ ရှင့်ကိုဘယ်သူကသွေးထိုးပြီး ဒါမျိုးတွေဘာလို့လုပ်နေလဲဆိုတာကို ကျွန်မ နားမလည်ဘူး။ ရှင့်အပြုအမူက ယိရုံရဲ့ ဂုဏ်သိက္ခာကို အရမ်းထိခိုက်တယ်။ ကျွန်မတို့ရှင့်ကိုအချိန်မရွေးတရားစွဲလို့ရတယ်နော်”
ဝူယွင်က ခြိမ်းခြောက်ဟန်ဖြင့်ဆိုသည်။
“ဒါေေပမယ့် ကျွန်မတို့အလျှင်စလိုမလုပ်ပါဘူး။ ရှင့်နောက်မှာ ဘယ်သူပဲရှိနေနေ သူတို့ရှင့်ကိုပေးတာထက် ကျွန်မတို့ပိုပေးမယ်။ ရှင် ရိုက်ကူးရေးအဖွဲ့ကို ရှင်က antiပါလို့ရှင်းပြ၊ ရှင်ပြောသမျှက လုပ်ကြံပြောတာပါလို့ပြောပြီး ယိရုံကို တောင်းပန်မယ်ဆိုရင် ကျွန်မရှင့်ကို 1မီလီယံ လွှဲပေးမယ်”

“ရှင်က ကျောင်းဆရာသာသာပဲဟာ။ ရှင့်တစ်ဘ၀လုံး တစ်မီလီယံကိုမြင်ဖူးမှာ မဟုတ်ဘူး။ ရှင် ရှင်းပြပြိး တောင်းပန်တာနဲ့ ပိုက်ဆံရမယ်”

သို့သော် သူဘယ်လိုပဲအကျပ်ကိုင်ကိုင် လူရွယ်ကတော့ ဘောင်းဘီိအိတ်ထဲလက်ထည့်ကာ စင်မြင့်ကို သာသာယာယာမှီရင်း တစ်ချက်တောင်မကြည့်သလို စိတ်ဝင်စားဟန်လည်းမပြ။

ဝူယွင်၏ လေသံက ပို၍ စိတ်မရှည်ဖြစ်လာသည်။
“မစ္စတာချီ...အကောင်းကနေ အဆိုးဖြစ်တာကိုနားမလည်ဘူးလား? ရှင် တစ်မီလီယံကို မလိုချင်ဘူးဆိုရင် ရှင် ထောင်နန်းစံရမှာနော်”

ပြတင်းမှဖြတ်လာသည့် နေရောင်ခြည်အောက်တွင်တောက်ပနေသော ကျော်ကြားလှသည့် ရေသူမပုလဲကို လက်သူကြွယ်တွင် ဝတ်ထားသော လူငယ်က သူ့လက်ကို အိတ်ထောင်ထဲမှာပဲ ထည့်ထားဆဲ။

သူက အပေါ်ကိုမော့ကာ ပြုံးကြည့်လိုက်သည်။
“မင်း ဘယ်သူ့ကို အကြပ်ကိုင်နေတယ်ထင်နေတာလဲ?”


Cctvခန်းတွင်

“တစ်ခုခုတွေ့လား?”

“သူတို့....”
ဒါရိုက်တာချွေးပြန်နေလေပြီ။ ပူသည့်အပြင် စိုးရိမ်စိတ်ကြောင့်ရောပါသည်။

ရလာဒ်ကထွက်လာသည်။ မနေ့နေ့လည်က ချင်ယိရုံတကယ်ကြီး အဆောင်တွင်ရှိမနေ။ သူမ၏ လိမ်ညာတတ်သောစရိုက်က သူမအခေါင်း၏ နောက်ဆံူးသံတစ်ချက်ပင်။ ထို့အပြင် တစ်ချိန်တည်းတွင်စစ်ဆေးနေသော လျိုခိုင်းရှန်ဖက်တွင်လည်း မုန့်ရှင်းနာမည်ပါသည့် ဂီတစာရွက်ကို သူမအိ်တ်ထဲထည့်ကာ သူမနာမည်ပါသည့်ဟာကိုကူးပြီးထပ်ခဲ့သည်ကို မြင်လိုက်ရ၏။

အမှန်တရားက စကားပြောလေပြီ။

ဒါရိုက်တာအဖို့ ဒုက္ခများလွန်းသည်။ ရသစုံရှိုးလေးတစ်ခုရိုက်ရင်း ဖန်းယာအာက ဆေးရုံရောက်ပြီး ချင်ယိရုံက သတင်းတွေထွက်နှင့်....
အရမ်းဆိုးလွန်းသည်။

အခုတော့ သူဘာလုပ်ရမလဲ မသိတော့။ ဒီလိုကိစ္စမျိုးတွေက သူလိုဒါရိုက်တာလေးတစ်ယောက်ဆုံးဖြတ်ရမည့်ကိစ္စတွေမဟုတ်ပေ။ ချိုခိုင်းရှန်၏ စတူဒီယိုနှင့် ချင်ယိရုံ၏ အေဂျင်စီက ဘယ်လိုသဘောထားတွေရှိမလဲ သူမသိ။

ဒီကိစ္စပေါ်မသွားဘဲ မြိုသိပ်လိုက်ရမည်ဆိုလျှင် သူအတော်လေးစိတ်မသက်မသာဖြစ်ရလိမ့်မည်။ ပေါ်သွားပြန်လျှင်လည်းချင်ယိရုံကို သေချာပေါက်ထုတ်ပစ်ရဉီးမည်။ သူက ထိုကိစ္စကြောင့် အတွေးများနေချိန် တစ်ယောက်က သူ့ကို အခြေအနေမေးလိုက်သည့်အခါ လွှတ်ခနဲ ဟုတ်သည်ဟု ထွက်သွားမိသည်။ သူ မော့ကြည့်လိုက်တော့ မေးသူက ချီပိုင်ချာဖြစ်နေသည်။

အလွန်တရာချောမောသော လူငယ်လေးကိုတစ်ဖန်ပြန်တွေ့ရတော့ ဒါရိုက်တာ စိတ်ရှုပ်သွားသည်။

ချီပိုင်ချာက မေး၏။
“ခုနက ဖြစ်သမျှကို ရိုက်ထားလား?”

ချင်ယိရုံ၏ သီချင်းတီးခတ်ပုံ၊ မုန့်ရှင်း၏ ဗီဒီယို၊ ချင်ယိရုံ၏အကြောင်းသူပြောသမျှနှင့် မျှော်လင့်ချက်ပျက်သုန်းကို ဖန်တီးခဲ့ပုံအကုန်လုံးကို ကင်မရာတွင်မှတ်တမ်းတင်ထားသည်။

ဒါရိုက်တာလည်း သတိလက်လွတ်ဖြေမိပြန်သည်။
“အကုန်ရိုက်ထားပါတယ်”

ချီပိုင်ချာက ခေါင်းငြိ်မိ့၏။
“ကောင်းတယ်”

ဒါရိုက်တာက ကြောက်ကြောက်လန့်လန့်နှင့်ပြန်မေးသည်။
“ခင်ဗျားဘာလုပ်မလို့လဲ?”

ချီပိုင်ချာက ပြော၏
“အွန်လိုင်းပေါ်တင်လိုက်”

“ချင်ယိရုံ ဂီတစာရွက်ခိုးတဲ့အကြောင်းရော၊ မုန့်ရှင်းရဲ့မျှော်လင့်ချက်ပျက်သုန်းဗီဒီယိုအကြောင်းရော အကုန်တစ်ခါတည်း စုတင်”

သူ သေချာပေါက် အပြစ်ပေးချင်ကာ ခံရသူ၏ ဂုဏ်သိက္ခာကိုလည်းအဖတ်ပြန်ဆည်ပေးချင်သည်။ပြီးတော့ လူတွေကိုလည်း အမှန်ကိုသိစေချင်သည်။

ဒါရိုက်တာက ချက်ချင်းပင်ပြန်ဖြေသည်။
“အဲ့လိုမရဘူးလေ။ ရိုက်ကူးရေးက ဟာတွေက ပေါက်ကြားလို့မဖြစ်ဘူး။ ပြီးတော့ ဒီကိစ္စက သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ဆွေးနွေးရဉီးမှာ။ အရမ်းမရဲပါနဲ့။ ကျုပ်မှာလည်းပြောပိုင်ခွင်မရှိသလို ခင်များမှာလည်းမရှိ....”

သူ ဆွံ့အသွားပြီး မျက်လုံးတွေပြူးသွားသည်။

ခုံပေါ်တွင်တင်ထားသော ချီပိုင်ချာ၏လက်တွေက သွယ်လျကာလှပနေသည္။

ဒါရိုက်တာတစ်ယောက် သူ့လက်သူကြွယ်ကိုကြည့်မိသွား၏။

ရေသူမမျက်ရည်က တရုတ်တွင်အချမ်းသာဆုံးလူက သူ့ချစ်သူကိုပေးခဲ့ခြင်းဖြစ်ကာ ထိုအကြောင်းက သတင်းစာတွေ TVတွေမှာပင် ပါခဲ့ပြီး အင်တာနက်ပေါ်မှာတောင်ရေပန်းစားသွားသည်။

“ကျွန်တော့်အမျိုးသားက ဒီရှိုးရဲ့အကြီးဆုံးရင်းနှီးမြှုပ်နှံသူလေ။ “
ချီပိုင်ချာက သူ့ကိုငုံ့ကြည့်လိုက်၏။
“ခင်ဗျားက သူ့စကားကိုနားထောင်တယ်။ သူက ကျုပ်စကားကို နားထောင်တယ်”

“ဒါဆို ဘယ်သူ့မှာပြောပိုင်ခွင့်ရှိလဲ သိပြီလား?”


Zawgyi

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now