အပိုင်းလေးဆယ့်ကိုး(ပထမပိုင်း)

945 183 2
                                    

Burmese Translation of “After Marrying The Male God”.

Translator – ScartletAnemone
---------

အပိုင်း 49- ရေဘဝဲလက်တံ
-----------

“ခင်ဗျားရဲ့သဘောပါ”

----------

သူ၏ပူပြင်းလှသော အသက်ရှုငွေ့တို့က သူ့နားရွက်ကို ပွတ်တိုက်သွားပြီးတော့၊ အနည်းငယ် ယားယံစေခဲ့၏။

ချီပိုင်ချာက သူ့ခါးထက်မှာ ရစ်သိုင်းထားသော ဖူမင်ယယ်၏လက်ကို ငုံ့ကြည့်လိုက်ပြီး၊ တွေဝေစွာဖြင့် “အဲလိုလုပ်လို့ တကယ်အဆင်ပြေလို့လား။ မနက်ဖြန်ကျရင် လျှောက်လည်ပတ်ဖို့ ကျွန်တော့်မှာ အားရှိမှာ မဟုတ်လောက်တော့ဘူးနော်”

“မင်းပင်ပန်းတယ်ဆိုရင်လည်း… မနက်ဖြန်တစ်ရက်ကို ဘာမှမလုပ်ဘဲနဲ့… ဟိုတယ်မှာပဲ အေးဆေးနားလိုက်လေ။ နောက်တစ်ရက်ကျမှ လျှောက်လည်လို့လည်း နောက်မကျသေးပါဘူး” ဖူမင်ယယ်က ဆိုလိုက်၏။

သူတို့က အလျင်လိုနေကြတာမှ မဟုတ်ဘဲ။ ဟိုတယ်အခန်းခက အလွန်ဈေးကြီးသော်ငြားလည်း၊ သူတို့အတွက်တော့ ထိုဟာက ရေပုံးထဲက ရေတစ်စက်လိုပင်။

ချီပိုင်ချာက ငြိမ်ကျသွားခဲ့ပြီးနောက်၊ ရုတ်တရက်ဆိုသလို အနောက်လှည့်ပြီးတော့၊ ဖူမင်ယယ်၏လည်တိုင်ကို လက်ဖြင့်ချိတ်ကာ သူ့ကိုနမ်းလိုက်၏။

အနောက်ခြမ်းပင်လယ်ထဲရှိ ‌အက်ကြောင်းရာကို ဖာထေးပြီးသွားပြီးနောက်မှာ၊ သူ့ရဲ့နတ်စွမ်းအင်တွေကို ပြန်ချိတ်ပိတ်ဖို့ရာအတွက် သူလအနည်းငယ်လောက် အချိန်ယူရဦးမှာပင်၊ အဲတာကြောင့် ဒီနေ့ညတစ်ညကိုတော့ ဘာအတွက်ကြောင့် စိတ်အလိုကို မလိုက်ရမှာလဲ။

ဖူမင်ယယ်၏အကြည်တို့က နက်မှောင်သွားခဲ့၏။ သူလည်းပဲ အနမ်းကိုတုံ့ပြန်လိုက်ပြီးနောက်၊ သူ့ကိုယ်ထက်က တဘက်ကို ဖယ်ရှားပစ်လိုက်ပြီးတော့၊ ချီပိုင်ချာကို အိပ်ရာထက်မှာ ဖိထားလိုက်၏။

လှိုင်းလုံးတွေက တစ်လှိုင်းပြီးတစ်လှိုင်း ကမ်းစပ်ကို လာရောက်ရိုက်ခတ်နေကြပြီး၊ မြင့်မားလှသော ဒီရေစီကြောင်း‌တို့က အပြေးတိုးဝှေ့လာကြပြီး၊ ဖန်သားပြင်ကိုပင် ထိုးခွဲကာ အခန်းထဲကိုပင် ဝင်ရောက်လာတော့မည့် သယောင်ယောင်။

ဖူမင်ယယ်၏လှိုင်းလုံးကဲ့သို့သော စီးချက်အောက်မှာ ချီပိုင်ချာက နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့ပြီး၊ သူ့ကိုယ်သူ ပင်လယ်ပြင်ထဲက လှေ‌လေးတစ်စင်းပေါ်မှာ လှဲနေမိသလို ခံစားနေရပြီး၊ သူ့ခန္ဓာကိုယ်က ရေစီးကြောင်းနှင့်အတူ မျောလွင့်နေသော ဗေဒါအလား၊ မြင့်တက်လာသော လှိုင်းလုံးတွေကြောင့် အဆုံးသတ်မှာ မတိမ်းမှောက်သွားခင် တအိအိလှုပ်ခါနေခဲ့သော ‌သင်္ဘောပမာပင်။

တစ်ကြိမ်ပြီးတစ်ကြိမ် သူကရေနစ်နေခဲ့သော လူတစ်ယောက်ပမာ နစ်မြုပ်သွားခဲ့ရပြီး၊ ထို့နောက်မှာတော့ အသက်ပြင်းပြင်း ပြန်ရှုဖို့ရာအတွက် ရေမျက်နှာပြင်ထက်ကို နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ရပြန်သည်။ နောက်ဆုံး‌သော ရေမျောကမ်းတင်သစ်ကို ဖက်တွယ်ထားသည့်အလား သူ့ရှေ့မှောက်ကလူကို သူဖက်တွယ်ထားမိ၏။

သွယ်လျသော လက်ချောင်းဆယ်ချောင်းတို့က ချိတ်ဆက်နေခဲ့ကြပြီး၊ သူတို့၏လက်သူကြွယ်ထက်က လက်စွပ်များ၏ အချင်းချင်း ညင်ညင်သာသာဖြင့် ရိုက်ခတ်မိသွားသော အသံတို့က နားဝင်ပီယံရှိလှပြီး၊ လှိုင်းလုံးများ၏ ရိုက်ခတ်သံနှင့်အတူ၊ လူငယ်လေး၏ တိုးလျသော ငြီးသံသဲ့သဲ့တို့က ရောယှက်သွားပြီးတော့ သာယာနာပျော်ဖွယ် သံစဉ်တစ်ခုကို ဖန်တီးနေခဲ့၏။
ချီပိုင်ချာ၏မျက်တောင်တို့က တစ်ဝက်စင်းကျနေခဲ့ပြီး၊ သူ့မျက်ဝန်းထောင့်တို့က ဆေးနီခြယ်ထားခဲ့သလို ဖြစ်နေခဲ့၏။ သူ့ကိုယ်‌ပေါ်မှာ အုပ်မိုးနေခဲ့သော ဖူမင်ယယ်ကို သူ့ရဲ့ရီဝေနေသော အကြည့်ကနေတစ်ဆင့် ငေးကြည့်နေမိသည်။

အလယ်လောက်မှာ ဖူမင်ယယ်က ‌ခေါင်းကိုငုံ့ပြီးတော့ သူ့ကိုနမ်းလာခဲ့ကာ၊ သူကလည်း အလိုက်သိစွာပင် ဖူမင်ယယ်၏လည်တိုင်ကို ဖက်တွယ်ပြီးနောက်၊ သူ့ခေါင်းကိုမော့၍ ပြန်လည်တုံ့ပြန်လိုက်သည်။

သူရုတ်တရက်ဆိုသလို ပေါ့ပါးသွားခဲ့ပြီးနောက်၊ ဖူမင်ယယ်က သူ့ကိုအိပ်ရာထက်ကနေပြီးတော့ ချီခေါ်သွားခဲ့၏။

ချီပိုင်ချာလည်း တစ်ခဏလောက် လန့်သွားပြီးနောက်၊ ဖူမင်ယယ်ကို တင်းကျပ်စွာဖက်၍ တီးတိုးမေးလိုက်သည်။ “ဘာလို့ဆင်းလာတာလဲ…”

ဖူမင်ယယ်က သူ့ကိုသယ်ထားရင်းဖြင့် ပြတင်းပေါက်ဆီကို လှမ်းသွားလိုက်၏။ သူလှမ်းလိုက်သည့် ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက ချီပိုင်ချာကို မျက်မှောင်ကြုတ်ပြီးတော့ ပင့်သက်ရှိုက်မိစေပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖူမင်ယယ်၏ကိုယ်ထက်မှာ အလုံးစုံ မှီတွယ်ထားရုံသာ တတ်နိုင်စေခဲ့သည်။ ဖူမင်ယယ်က လိုက်ကာတွေကို ဆွဲဖွင့်လိုက်၏။ ငွေဖြူရောင်လရောင်တို့က လူငယ်လေး၏ ဖောက်ထွင်းမြင်ရလုမတတ်ဖြစ်နေ‌သော အသားအ‌ရေ‌ပေါ်ကို လွှမ်းခြုံလာခဲ့၏။

ချီပိုင်ချာက မသိစိတ်၏စေ့‌ဆော်မှုကြောင့် သူ့မျက်လုံးတို့ကို မဖွင့်ကြည့်ခဲ့ပေ။

ဖူမင်ယယ်က ပြောလိုက်၏။ “ကြည့်ကြည့်ပါဦး”

တောက်ပမှုကို ကျင့်သားရအောင်လို့
ချီပိုင်ချာ လုပ်လိုက်ပြီးနောက်၊ သူနောက်သို့လှည့်ကာ ကြည့်လိုက်၏။

တောက်ပနေသော လမင်းက ပင်လယ်ပြင်၏အထက်မှာ ထွန်းလင်းနေပြီပဲ။

t/n : ထန်မင်းဆက်ရဲ့ ကဗျာဆရာနဲ့ အတိုင်ပင်ခံအမတ်ကြီးတစ်ဖြစ်လဲ ကျန်းကျုံးလင်ရဲ့ “mochizuki huaiyuan”ထဲက ကောက်နုတ်ထားသည့် စာသား။

ကောင်းကင်ထက်မှာ ထွန်းလင်းနေသော လမင်းစန္ဒာ၏အောက်မှာ၊ တည်ငြိမ်နေသော ပင်လယ်ပြင်က လရောင်၏ပိတ်ဖုံးခြင်းကို ခံထားရကာ၊ တလက်လက်တောင်ပနေသော ရေလှိုင်းတွေကို လှစ်ဟပြနေခဲ့၏။ ဒီရေတို့က နွမ်းနယ်မှုအလျင်းမရှိဘဲ တက်သွားလိုက် ကျသွားလိုက် လုပ်နေခဲ့ပြီး၊ ပင်လယ်လေညင်းက တိတ်ဆိတ်စွာဖြင့် လှိုင်းတွန့်လေးများကို ဖန်တီးနေ၏။

ထိုဟာက ရင်ဖိုစရာကောင်းလှသော အလှတရားပင်။

ချီပိုင်ချာလည်း တခဏလောက် အံ့အားသင့်သွားပြီးနောက်မှာ၊ သူ့မျက်နှာကို ဖူမင်ယယ်၏ညှပ်ရိုးမှာ ချက်ချင်းဆိုသလို အပ်လိုက်၏။

“ … လိုက်ကာတွေကို ပိတ်လိုက်”

မြင်ကွင်းက လှပသော်ငြားလည်း  ဘယ်သူက ဒီလိုအချိန်အချိန်မျိုးမှာ ပတ်ဝန်းကျင်ကို ရှုစားချင်တဲ့စိတ်ရှိမှာတဲ့လဲ၊ ကမ်းခြေမှာ လူသူကင်းမဲ့နေပြီးတော့ ပင်လယ်ပြင်မှာ သွားလာနေတဲ့ သ‌င်္ဘောတွေရှိမနေရင်တောင်မှပဲ၊ ဒီလိုမျက်နှာကျက်ထိမြင့်တဲ့ ပြတင်းပေါက်မျိုးနဲ့ အပြင်ဘက်နဲ့ ဘာကွာခြားချက်မှမရှိပေ။

ဖူမင်ယယ်က သူ့ကိုနှစ်သိမ့်လိုက်၏။ “ဘယ်သူမှ ကိုယ်တို့ကိုမမြင်ပါဘူး”

“ဘယ်သူပြောလဲ… ဘယ်သူမှမရှိဘူးလို့”
ချီပိုင်ချာက ခေါင်းမော့ကြည့်ဖို့ရာ ငြင်းဆန်ခဲ့၏။ “ကောင်းကင်ထက်က ငှက်တွေ… ကမ်းခြေက ခရုတွေနဲ့… ပင်လယ်ထဲက ငါးနဲ့ပုစွန်တွေ… သူတို့အကုန် ကျွန်တော်တို့ကို မြင်နိုင်တယ်လေ”

ဖူမင်ယယ်က ရယ်လိုက်၏။ “သူတို့က လူတွေမှမဟုတ်ဘဲနဲ့”

ချီပိုင်ချာက ရီဝေနေသော မျက်ဝန်းတို့ဖြင့် သူ့ကိုမော့ကြည့်လိုက်၏။ “ခင်ဗျား ဒီနေရာမှာ လုပ်ကြည့်ချင်နေတာ… ဟုတ်တယ်မလား”

ဖူမင်ယယ်က လိုက်ကာတွေကို ပြန်ဆွဲပိတ်တော့မလို့ပင်။

ချီပိုင်ချာက သူ့လက်မောင်းကို အလျင်အမြန် ဆွဲလိုက်၏။

ဖူမင်ယယ်လည်း သူ့ကိုကြည့်လိုက်မိ၏။”ဟမ်”

ချီပိုင်ချာက အကြည့်လွှဲထားခဲ့ပြီး၊ လည်ပင်းတွေတောင်မှ နီရဲနေခဲ့၏။ သူ့အသံက အင်မတန်မှကို တိုးညှင်းနေခဲ့ပြီး “ခင်ဗျားသဘောပါပဲ”

ခင်ဗျားလုပ်ချင်တာကို လုပ်လို့ရတယ်။
အဲလိုဆိုရင် သူ့မှာအကြောင်းပြချက် ရှိလာမှာဖြစ်ပြီး၊ ဒါပြီးသွားတာနှင့် စိတ်ဆိုးချင်‌ယောင်ဆောင်ပြီးတော့ မစ္စတာဖူကို နှစ်လ‌လောက် ရှောင်လို့ရ၏၊ မစ်ရှစ်ကွန်ပလိပဲ။

ဘာလဲ။ လက်ဦးမှုယူပြီး သ‌ဘောတူခဲ့တဲ့သူက သူလို့ပြောချင်တာလား။ ဒီလိုအခြေအနေမျိုးမှာပြောတဲ့ ယောင်္ကျားတစ်ယောက်ရဲ့စကားကို ဘယ်လိုလုပ်ပြီးတော့ အတည်ယူလို့ရမှာလဲ။

ဖူမင်ယယ်ကတော့ ချီပိုင်ချာ၏ အကြံဆိုးတွေကို မသိခဲ့ရှာပေ။ သူ့ရင်ခွင်ထဲမှာရှိနေတဲ့ လူငယ်လေးက အရမ်းလိမ်မာနေသည်ဟုသာ တွေးခဲ့မိပြီး၊  အရမ်းချစ်ဖို့ကောင်းနေခဲ့ကာ၊ သူတကယ်ကိုပဲ လုပ်ပစ်ချင်မိ၏။

သူပြုံးလိုက်ပြီး “ဒီလိုဆိုရင်လည်း ကိုယ်ယဉ်ကျေးမနေတော့ဘူးနော်”

ချီပိုင်ချာက သူ့လည်တိုင်ကို အနည်းငယ် ဖော်ပေးလိုက်ပြီး၊ သူ့ရဲ့အထိမခံနိုင်သော လည်ပင်းထက်၌ ဖူမင်ယယ်၏အနမ်းတို့
ကြဲချခြင်းကို ခံလိုက်ရ၏။

လှိုင်းလုံးများက အဆက်မပြတ်ပင် ကမ်းခြေကိုလာရောက်ရိုက်ခတ်နေကြပြီး၊ လက မြင့်သထက် မြင့်လာခဲ့၏။ တစ်ခါတစ်ရံ ပင်လယ်စင်ရော်အချို့က မှောင်မဲနေသောကောင်းကင်ထက်မှာ ပျံသန်းလာကြပြီးတော့ အဝေးသို့ ထွက်ခွာသွားခဲ့ကြသည်။

ဖန်သားပြင်ကို ဖိခံထားရသော လူငယ်လေး၏ကျောပြင်ထက်မှာ ငွေလေရောင်က ကျဆင်းနေခဲ့ပြီး၊ ရေငွေ့ရိုက်ခတ်နေသော ပြတင်းပေါက်‌ပေါ်၌ လက်ငါးချောင်ရာ‌တို့ ထင်ဟပ်လာခဲ့ပြီး၊ နားထောင်ဖို့ရာပင် ရှက်ဖွယ်ကောင်းသည့် ခမ်းနားသော လှုပ်ရှားမှုတို့က တစ်ဖန်ပြန်စတင်လာခဲ့၏။

တိမ်မဲတို့က လကိုဖုံးလွှမ်းလိုက်ကြပြီး၊ ကြယ်စင်တို့က မျက်လွှာချသွားကြကာ၊ ငှက်တို့က အဝေးကို ပျံသန်းသွားကြပြီး၊ ပင်လယ်ဂဏန်းတို့က ကျောက်စရစ်ခဲတွေကြားမှာ ဝင်ပုန်းလိုက်ကြကာ၊ လေတိုးသံက အဝေးကို ထွက်ခွာသွားပြီးနောက်၊ ‌ငါးတွေက ရေအောက်ကို ပြန်ဆင်းသွားကြ၏။
ဘယ်အရာကမှ နတ်ဘုရားနှစ်ပါး၏ချစ်တင်းနှောမှုကို မကြည့်ဝံ့ကြပေ။

မစ္စတာဖူ သူ့ကိုဘယ်လိုမျိုး ဆက်ဆံခဲ့လဲဆိုတာကတော့၊ သူ့ကို သူ့သဘောအတိုင်း လုပ်ချင်တာတွေ လုပ်ခဲ့ပြီး၊ ပါးစပ်ဖြင့် ထုတ်ပြောဖို့မသင့်သည့် အရာတွေကို လုပ်ခဲ့၏။ ထို့နောက်မှာမှ သူ့ကို ဆေးကြောပေးဖို့အတွက် ရေချိုးခန်းဆီကို ခေါ်သွားပေးခဲ့သည်။

ချီပိုင်ချာကတော့ ထိုအကြောင်းတွေကို နောက်တစ်ကြိမ်ထပ်ပြီးတော့ စဉ်းတောင်မစဉ်းစားချင်တော့ပေ။

သူ့လက်ချောင်းတွေကိုပင် မလှုပ်ရှားချင်တော့အောင် ပင်ပန်းနေခိုက်မှာ၊ ချီပိုင်ချာတစ်ယောက် ရီဝေဝေဖြင့် တွေးလိုက်မိသည်၊ နှစ်လကြာ ဥပုသ်စောင့်ထားခဲ့ရတဲ့
ယောင်္ကျားတစ်ယောက်က အရမ်းကြောက်ဖို့ကောင်းတာပဲဆိုပြီး။

ပိုပြီးတော့ ကြောက်ဖို့ကောင်းတာက ဘာလဲဆိုရင် မစ္စတာဖူက နောက်ထပ်နှစ်လထပ်ပြီးတော့ ဥပုသ်စောင့်ရဦးမှာပင်။

အဲဒီ့အချိန်ကျရင် သူနောက်တစ်ကြိမ်ထပ်ပြီးတော့ အကြွေးဆပ်ရပေဦးမည်။

သူတော့ တကယ်သေတော့မှာပဲ။

နောက်တစ်နေ့မှာ ဖူမင်ယယ်က လိုက်ကာတွေကို ဆွဲဖွင့်လိုက်တော့၊ စူးရှနေသော နေရောင်ခြည်က အိပ်ရာထက်ရှိ လူငယ်လေးကို မကျေမချမ်းနှင့် အရိပ်ထဲသို့ လှိမ့်သွားစေခဲ့သည်။

ဖူမင်ယယ်က ပြောလိုက်၏။ “ချာချာ… ထတော့လေ”

ချီပိုင်ချာက သူ့မျက်နှာကို ခေါင်းအုံးထက် အပ်လိုက်၏။ “ကျွန်တော့်ကို အိပ်ခွင့်ပေးပါ”

ဖူမင်ယယ်က စိတ်ရှည်လက်ရှည်နှင့် ပြောလိုက်၏။ “နောက်တောင်ကျနေပြီ… ဆက်မအိပ်နဲ့တော့”

ချီပိုင်ချာက နက်ရှိုင်းသော မကျေမချမ်းမှုတို့ဖြင့် ဆိုလိုက်၏။ “ကျွန်တော်တို့တွေ မနေ့ညက ဘယ်နှစ်နာရီမှ အိပ်ရာဝင်ခဲ့လဲဆိုတာကို … ခင်ဗျား မမှတ်မိတော့ဘူးလား”

မနေညတုန်းက သူလည်းပဲ ဖူမင်ယယ်ကို တောင်းပန်ခဲ့၏။ “နောက်ကျနေပြီမို့လို့…. အိပ်သင့်နေပြီ” ဆိုပြီးတော့ပေါ့။

ဖူမင်ယယ်က ဘယ်လိုဖြေခဲ့တာပါလိမ့်။
အိုး… အဲဒီ့လူက ဒီလိုပြောတယ်လေ။ “ဒါအိပ်နေတာပဲ မဟုတ်ဘူးလား ဆိုပြီးတော့”

သူပြောချင်တာက “အိပ်စက်ခြင်း”ဆိုတဲ့ နာမ်ကိုပြောချင်တာ၊ “အိပ်သည်”ဆိုတဲ့ ကြိယာကိုမဟုတ်ဘူး။

တစ်ဖက်ခြမ်းက ပင်လယ်ဆီကို သူတို့‌လာခဲ့ကြသည့် ပထမဆုံးသောနေ့မှာ၊ သူတို့ရဲ့
ဇီဝနာရီကို မဖယ်ရှားနိုင်ဘဲနဲ့၊ တစ်ညလုံး
မအိပ်ခဲ့ကြပေ။

ဘယ်လောက်ကောင်းလိုက်လဲ၊ ဒီကနေ့တော့ ‌လောကကြီးကို သူလုံးဝ မကယ်တင်နိုင်လောက်တော့ဟု ချီပိုင်ချာတစ်ယောက် ခံစားရ၏။

ဖူမင်ယယ်က သူ့ကိုချော့မြှူလိုက်၏။ “ဒါပေမယ့် အခုက နေ့လည်တစ်နာရီတောင်မှ ရှိနေပြီလေ။ မင်းဘယ်လောက်ပဲ အိပ်ချင်နေပါစေ … အစာမစားလို့တော့ မရဘူး… အစာငတ်ခံလိုက်ရင် ဘာတွေဖြစ်ကုန်မလဲ။ ထပြီးတော့ နည်းနည်းလောက်လေး စားလိုက်ပါဦး… ပြီးမှ ပြန်အိပ်လေ”

ချီပိုင်ချာက ထထိုင်လိုက်ပြီးနောက် သူ့မျက်ခွံတွေကို လေးတိလေးကန်ဖြင့် ဖွင့်လိုက်၏။ “ကျွန်တော့်ကိုခွံ့ကျွေး”

“မင်းသဘောအတိုင်းပါပဲ” ဖူမင်ယယ်က ချက်ချင်းဆိုသလို နေ့လည်စာကို သွားယူလိုက်၏။

ချီပိုင်ချာလည်း အိပ်ရာထက်မှာ ထိုင်ရင်းနှင့် နေလည်စာစားရင်းမှ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ မွန်းတည့်ချိန်နေရောင်က နေလို့ထိုင်လို့ ကောင်းနေခဲ့ပြီး၊ ကမ်းခြေမှာ ခရီးသွားဧည့်သည်တွေ အများကြီး ရောက်နေကြပြီပင်။ ကလေးတွေက သဲနန်းတော်တွေကို ဆောက်နေခဲ့ကြပြီး၊ လူကြီးတွေက ပင်လယ်ထဲမှာ ရေလွှာလျှောစီးချင်စီး ရေကူးချင် ကူးနေကြပြီး၊ လူတွေအများကြီးကို စည်ကားနေခဲ့၏။

ချီပိုင်ချာက ပြောလိုက်၏။ “ပြီးကျရင် ကျွန်တော်တို့လည်း အပြင်ထွက်ကြရအောင်လေ… ရေငုပ်ကိရိယာတွေကိုပါ ယူခဲ့လိုက်”
ဖူမင်ယယ်က သူ့ရဲ့လုပ်ငန်းကို ပြီးစီးသွားပြီဖြစ်သော်လည်း၊ ချီပိုင်ချာကတော့ လုပ်ငန်းလုပ်ဖို့ရာ ကျန်နေသေး၏။

သူတို့ကအလျင်စလိုနှင့် ထွက်လာခဲ့ကြ‌တာကြောင့် ဘာမှမပြင်ဆင်ခဲ့ရပေ။ သို့စေကာမူ ကိုယ်ရေးလက်ထောက်က အတော်လေးကို စေ့စပ်သေချာ၏။ သွားမည့်နေရာက အနောက်ခြမ်းပင်လယ်ဘက်ဟု ကြားချိန်၌၊ သူက ချက်ချင်းဆိုသလို ပင်လယ်မှာအသုံးပြုသည့် ပစ္စည်းမှန်သမျှကို ပြင်ဆင်ပြီးတော့ လေယာဉ်ပေါ်မှာ တင်ပေးလိုက်၏။

Zawgyi

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now