အပိုင်းရှစ်

2.2K 378 13
                                    


Burmese Translation of "After Marrying The Male God".

Translator - ScartletAnemone

၈- သမိုင်းကြောင်း
__________

“ကျေးဇူးပြုပြီးတော့ ခင်ဗျားရဲ့အလုပ်ထောက်ခံစာ ပြပေးပါ”

ဖူမင်ယယ် သူ့ကားကို ကုမ္ပဏီ၏အောက်ထပ်မှာရှိသော သီးသန့်ကားရပ်နားရာဆီ မောင်းသွားလိုက်၏။ သူကားထဲကနေ ထွက်လျှင်ထွက်ချင်းမှာပဲ နေကာမျက်မှန်များ‌နှင့်ဝတ်စုံပြည့် ဝတ်ဆင်ထားကြသော လူတစ်အုပ်က ဝင့်ကြွားစွာဖြင့် သူ့ဆီကိုလာပြီးတော့ ခရီးဦးကြိုပြုလာကြသည်။

ဖူမင်ယယ် ဒီနေ့မောင်းလာခဲ့သော ကားကိုတွေ့ပြီးနောက်မှာ လူတိုင်းလိုလိုပင် သူတို့၏အသည်းနှလုံးထဲမှာ အေးစက်သွားခဲ့ကြသည်။

သက်တော်စောင့်များက တလေးတစားဖြင့် အရိုအသေပေးလိုက်ကြ၏။ “ဥက္ကဌဖူကို နှုတ်ဆက်ပါတယ်”

ဖူမင်ယယ်က ရုံးခန်းအဆောက်အဦးထဲသို့ ခံစားချက်မရှိသောအမူအရာဖြင့် ဝင်သွားလိုက်သည်။ သူက လူအုပ်ကြီး၏ဝန်းရံခြင်းကို ခံထားရပြီး အေးစက်စက်မျက်နှာထားနှင့် ဥက္ကဌတစ်‌ယောက်၏ပုံရိပ်ကို အံဝင်ခွင်ကျဖြစ်စွာပင် ပုံဖော်နေခဲ့၏။

ဆိုးယုတ်ခြင်းနတ်ဘုရားက လူသားများကို ဘယ်တုန်းကမျှ ကြိုက်နှစ်သက်ခြင်းမရှိခဲ့ပေ၊ ချာချာတစ်ယောက်တည်းကိုသာ သူနှစ်သက်တာပင်။

တစ်ချိန်တည်းမှာပဲ ရုံခန်းအ‌ဆောက်အဦးထဲတွင် ဝန်ထမ်းအုပ်စုတစ်စုက သူတို့၏မျက်နှာတွေကို ဖန်သားပြတင်းပေါက်မှာ ကပ်ပြီးတော့ အောက်ထပ်ကအခြေအနေကို စိတ်လှုပ်ရှားစွာဖြင့် တိုးဝှေ့ကာ အကဲခတ်နေကြသည်။ ဤအချိန်က ဥက္ကဌ ရုံးတက်သည့်အချိန်ဖြစ်ပြီးတော့ ဒီနေ့တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင်နှင့် ဖြတ်သန်းလို့ရနိုင်လောက်လားဟု သူတို့သေသေချာချာ စုံစမ်းကြရမှာဖြစ်သည်။

“အခြေအနေ ဘယ်လိုလဲ”

လူအုပ်ကြားထဲကို ဝင်မတိုးနိုင်သော ဝန်ထမ်းများက နောက်ကနေခုန်ပြီးတော့ မေးလာကြ၏။

“ဥက္ကဌဖူ ဒီနေ့စိတ်အခြေအနေကောင်းလား”

“အရမ်းကြီးဆိုးနေတဲ့ပုံတော့ မပေါက်ဘူး”

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now