အပိုင်းဆယ့်လေး

1.8K 326 17
                                    

Burmese Translation of "After Marrying The Male God".

Translator - ScartletAnemone

အပိုင်း ၁၄ - ချစ်မိသွားပြီ
_______

“ ခင်ဗျားက ကျွန်တော့်ရဲ့ခင်ပွန်းပဲ”
_______

စက်ဘီးလေးက အကွေ့အကောက်တွေ အများကြီးနှင့်လမ်းကြားလေးကို ဖြတ်ကျော်ပြီးနောက် လမ်းရဲ့အတွင်းကျဆုံးနေရာမှာရှိသော ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်သွားခဲ့၏။

လမ်းကြားထဲမှာ အိမ်အနည်းငယ်သာရှိသည်။ အိမ်နီးနားချင်းဦးလေးကြီးက ကြိမ်ကုလားထိုင်ခုံပေါ်မှာထိုင်ကာ လေညှင်းခံနေခဲ့ပြီး ကလေးလေးနှစ်ယောက်ကတော့ မြေပြင်ထက်မှာထိုင်ကာ ဖရဲသီးစားနေခဲ့သည်။ အလယ်မှာတော့ မီးဖွင့်ထားသော အိမ်တစ်လုံးရှိနေခဲ့ပြီး၊ ထိုဟာက ခေါက်ဆွဲရောင်း‌သော ဆိုင်ပင်ဖြစ်သည်။

ခေါက်ဆွဲဆိုင်ဟုဆိုသော်ငြားလည်း အမှန်တကယ်မှာတော့ ခုံနှင့်ကုလားထိုင်အချို့ကို ချထားပြီး မီးအိမ်လေးတွေတပ်ကာ ကြီးမားပြီး အသံတွေမြည်နေသော လျှပ်စစ်ပန်ကာကြီးတစ်လုံးကို တံခါးဝမှာချထားသော သီးသန့်အိမ်လေးတစ်လုံးသာဖြစ်ပြီး အဝါရောင်ခွေးအကြီးကြီး တစ်ကောင်ကိုတောင်မှပဲ တံခါးမှာ သံကြိုးချည်ထားခဲ့သည်။
အိမ်ထဲမှာ ခြင်ဆေးခွေက လောင်ကျွမ်းနေခဲ့ပြီး အင်္ကျီချွတ်နှင့် ဧည့်သည်အချို့က ခေါက်ဆွဲစားနေခဲ့ကြပြီး လေထဲမှာ ချွေး‌နံ့တွေလှိုင်နေခဲ့သည်။

ဒီခေါက်ဆွဲဆိုင်က စားကောင်းတယ်ဆိုပြီးတော့သာ သန်းပင်းမှာ သူမတွေ့ခဲ့လျှင်၊ ဒီလိုနေရာမျိုးကို သူ့တစ်သက်လုံး ဖူမင်ယယ်တစ်ယောက် ခြေတောင်ချဖြစ်မယ်မထင်ပေ။

မစ္စတာဖူ ပုံမှန်စားနေကျ နေရာတွေက အမြဲလိုလို အထက်တန်းကျပြီးတော့ နေရာသန့်သန့် ဆိုင်တွေမှာဖြစ်သည်။

ဤဆိုင်ကို စုံတွဲတစ်တွဲက စီမံနေတာဖြစ်ပြီး မိသားစုသုံးယောက်က နွေးနွေးထွေးထွေးဖြင့် ပျော်ရွှင်နေကြသည်။ ကလေးဖြစ်သူက စားပွဲပေါ်မှာလှဲကာ အိမ်စာလုပ်နေခဲ့ပြီး ဆိုင်ရှင်သူဠေးက ခေါက်ဆွဲအိုးကြီးရှေ့မှာ ရပ်နေခဲ့သည်။သူဌေးမဖြစ်သူက စားပွဲခုံကို သန့်ရှင်းရေးလုပ်နေရင်းမှ အပြင်မှာရှိနေသော ဧည့်သည်တွေကို မြင်သွားခဲ့ပြီး ခုံကိုသုတ်ရင်းနှင့်မှ နွေးထွေးစွာ ကြိုဆိုလာခဲ့သည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now