အပိုင်းလေးဆယ့်‌ငါး (ဒုတိယပိုင်း)

1K 214 3
                                    


Translator - ဂွေ့

(၄၅) ထွက်ဆိုချက် (ဒုတိယပိုင်း)
_____________________

ထိုအတွေ့အကြုံက သူ့တစ်ဘဝတစ်လျှောက်လုံးမေ့ပျောက်ရန်ခက်ခဲလှသည်။
“အရိုးကျိုးတာတွေက တစ်ပတ်တည်းနဲ့တော့ ပျောက်မှာမဟုတ်ဘူး။ အခုမင်းတစ်ယောက်တည်းအိပ်ယာပေါ်က ဆင်းပြီးလျှောက်သွားလို့မရဘူးနော်” ဖူမင်ယယ်ကဆိုသည်။ “မင်း တစ်ပတ်ကိုတစ်ခါပဲ သန့်စင်ခန်းဝင်တာလား?”

ချီပိုင်ချာ: “.....”

လူငယ်က စောင်ကိုခေါင်းမြီးခြုံလိုက်ပြန်ပြီ။ သူ့မျက်နှာကိုဖုံးထားရင်း ဘဝကြီးက အဓိပ္ပါယ်မရှိဘူးပြောရင်းပေါ့။

ပထမတစ်ကြိမ်က အကျင့်မဖြစ်သေးလို့ဆိုပေမယ့် ဒုတိယတစ်ခါမှာတော့ အသားကျသွားမှာပါ။နှင်းပေါင်ပေ့လေး မရှက်နဲ့နော်။ လုပ်နိုင်ပါတယ်။

ချီပိုင်ချာတစ်ယောက် စိတ်ကိုပြင်ဆင်ထားပြီး စောင်ကိုလှပ်လို့ ထထိုင်ရင်း ဆူပုပ်ပုပ်‌လေးပြောလေ၏။

“ခင်ဗျားဘာပြောပြောဗျာ” “လိမ္မာတယ်”ဖူမင်ယယ်က မတ်တပ်ထလိုက်သည်။ “ကိုယ်မင်းမျက်နှာသစ်ဖို့နဲ့ ရေပတ်တိုက်ဖို့ ရေသွားယူခဲ့မယ်။

ချီပိုင်ချာ ပြန်ပြောလိုက်သည်။ “မျက်နှာသစ်ပေးတာတော့ရပါတယ်။ ဒါပေမယ့်ရေပတ်တိုက်ပေးဖို့တော့ မလိုပါဘူး”

သူက ညစ်ပတ်မှမနေတာ။ေ

သူအခု မစ္စတာဖူ၏ရင်းနှီးသော အထိအတွေ့တွေကိုကြောက်နေလေပြီ။

အဓိက အကြောင်းပြချက်ကတော့ ခုနက ရေချိုးခန်းထဲက အတွေ့အကြုံက အတော်လေး.....

ဖူမင်ယယ်က အံ့အားတကြီးမေးလာ၏။

“အရိုးကျိုးတာက မင်းရဲ့အသန့်ကြိုက်‌ရောဂါကို ကုပေးလိုက်တာလား?”

ချီပိုင်ချာတစ်ယောက်ခေါင်းအုံးကိုကောက်ကိုင်ပြီးသူ့ကိုပစ်ပေါက်ချင်စိတ်အားအတော်လေးထိန်းချုပ်လိုက်ရသည်။ “ခင်ဗျားရေသာ သွားခပ်တော့ဗျာ”

ဖူမင်ယယ်က ရေဇလုံအပြည့်ကို ထိုင်ခုံပေါ််တွင် တင်လိုက်၏။ ချီပိုင်ချာက မျက်နှာလေးကို‌မော့ပေးကာ ဖူမင်ယယ်ကို သုတ်စေသည်။

ဖူမင်ယယ်က အရမ်းလှသော လူငယ်၏မျက်နှာတစ်ခုချင်းစီကို ပါဝါဖြင့်သေချာသုတ်ပေးလိုက်သည်။ သူ၏မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းက ပြစ်ချက်မရှိပေ။

အရမ်းလှသည်။

ဒီလောက်လှတဲ့ချာချာ့ကို ဘယ်လိုရာဇဝတ်ကောင်က နှလုံးသားမရှိပြုမူရဲရတာလဲ?

ဒီကမ္ဘာပေါ်တွင် သူ့လိုအဆိုးယုတ်ဆုံးဝင်စားသူပင် ချာချာ့ကို တစ်ချက်ကြည့်ရုံမျှနှင့်ပင် ဖမ်းစားခံခဲ့ရသည်။ ချာချာ့ကိုဘယ်လိုတောင်နာကျင်စေချင်တာလဲ?

သူက ချီပိုင်ချာ၏ဒဏ်ရာတွေဆီကို‌ရွှေ့သွားလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ရေဝတ်တိုက်ပေးလိုက်သည်။

သူ၏ပလာစတာကပ်ထားသော လက်မောင်းကိုမြင်တော့ ဖူမင်ယယ်မျက်မှောင်ကျုံ့သွားသည်။ “နာနေသေးလား?”

ချီပိူင်ချာက ပြန်ဖြေသည်။ “မနာတော့ပါဘူး”

သူနိုးလာကတည်းက မနာတော့တာဖြစ်ပြီး ထိုနေ့ကတည်းက ဒဏ်ရာတွေကြောင့်နာတာထက် မမျှတမှုကြောင့်သာ ရင်နာကြောင်းပြောခဲ့ပြီးပြီ။

“ဘယ်သူက မင်းကိုလုပ်တာလဲ?” ဖူမင်ယယ်နောက်ဆုံးတော့မေးလိုက်သည်။ “ကိုယ်ဒီ‌နေ့ ကျောင်းအုပ်ကြီးကိုဖုန်းဆက်မေးတော့ မင်းနေ့ဝက်ခွင့်ယူထားတယ်လို့ပြောတယ်။ မင်းဘာလို့ ခွင့်ယူပြီး အဲ့အိမ်ကိုသွားတာလဲ?”

သူ့ကိုဖူမင်ယယ်ရှာ‌တွေ့သွားပြီးကတည်းက ထိုမေးခွန်းကိုရှောင်ရမှာမဟုတ်မှန်း ချီပိုင်ချာတွေးထားခဲ့ပြီး အကြောင်းပြချက်ကိုလည်း အစကတည်းက ဖန်တီးထားခဲ့သည်။

မိစ္ဆာဘုရင်နှင့်ကိစ္စက လျှို့ဝှက်ဆန်းကြယ်ဖြစ်နေမှာမို့ တတ်နိုင်သလောက် ယုတ္တိရှိအောင် ပြင်ဆင်ထားခဲ့သည်။

ချီပိုင်ချာကပြောလိုက်၏။ “အစကတော့ ကျွန်တော်ခင်ဗျားကိုလာတွေ့မလို့ပဲ။”
“ကိုယ့်ကိုတွေ့ဖို့?”

“ဟုတ်တယ်။ ကျွန်တော်ခင်ဗျားကို တွေ့ချင်လို့” ချီပိုင်ချာကပြောသည်။ “လမ်းမှာ အရိုက်ခံရပြီး နိုးလာတော့ အဲ့အိမ်ထဲရောက်နေမယ်မှန်းတော့ ကျွန်တော်လည်းထင်မထားဘူး။ ဖန်းယာအာနဲ့သူ့အေးဂျင့်လည်း သတိလစ်နေတယ်။ ပြီးတော့ သူကလှည့်လာပြီးကျွန်တော့်ကိုကြည့်တယ်။ သူက မျက်နှာဖုံးတပ်ထားပြီးတော့ ကျွန်တော့်ကိုထပ်ရိုက်တာပဲ။ ...သူဘယ်လိုပုံမှန်းကျွန်တော်မသိဘူး”

Pascalက သေသွားပြီမို့ ထိုကိစ္စသည် လူသားတို့ကြားတွင်မဖြေရှင်းနိုင်သော ကိစ္စအဖြစ်သာရှိနေပေလိမ့်မည်။

ဖူမင်ယယ်ကမေး၏။ “သူက ဘာမျက်နှာဖုံးကိုတပ်ထားတာလဲ?”

ချီပိုင်ချာက ခဏလောက်နေမှပြန်ဖြေသည်။ “မကောင်းဆိုးဝါးမျက်နှာဖူံး”

Pascalကတကယ်လည်း မကောင်းဆိုးဝါးပင်။
ချီပိုင်ချာက လိမ်ရာတွင်မကျွမ်းကျင်။ အထူးသဖြင့် မစ္စတာဖူကိုပေါ့။

ဖူမင်ယယ်ကတွေးတွေးဆဆနှင့်ခေါင်းငြိမ့်သည်။

“ဒါဆို ကိုယ်မင်းကိုဖုန်းခေါ်တုန်းက.....”

ဖုန်းက တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်ရှေ့ရောက်လာတာ။ အဲ့တုန်းက သူက ကျွန်တော့်ကို တုတ်နဲ့ရိုက်....”

“တော်ပြီ မပြောနဲ့တော့။” ဖူမင်ယယ်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ “ကိုယ်သူ့ကိုသေချာပေါက်ရှာမယ်။

ချီပိုင်ချာက ဆေးရုံတက်နေရသည်မို့ သေချာပေါက် ဖူမင်ယယ်အတွက် ကုတင်တစ်လုံးရသည်။ သို့သော် ထိုညက သူ ကုတင်ပေါ်တွင်အိပ်မည့်အစား ချီပိုင်ချာ့ကိုကြည့်ပေးရင်း သူ့ဘေးတွင်အိပ်ပျော်သွားခဲ့သည်။
နောက်ရက် ချီပိုင်ချာ မနက်ခင်းတွင်အစောကြီးနိုးလာတော့ သူ့ဘေးတွင်အလွန်ပင်ပန်းနေသောပုံစံဖြင့် အိပ်မောကျနေသော မစ္စတာဖူကို မြင်လိုက်ရ၏။

သူက သူ့ကုတင်ဘေးတွင်တစ်ညလုံးနေခဲ့ခြင်းဖြစ်သည်။

ချီပိုင်ချာက သူ့ကိုမနှောက်ယှက်ချင်သည်မို့ ခဏလောက်ကြည့်နေခဲ့သည်။

သို့သော် ဖူမင်ယယ်က မျက်လုံးတွေ ခပ်မြန်မြန်ပွင့်လာပြီး သူ့ကိုပြုံးပြလိုက်သည်။ “ချာချာ မောနင်း”

ဖူမင်ယယ် မအိပ်ရလို့ပင်ပန်းတာမျိုးတော့ မဟုတ်ပေ။ မနေ့ညက ချာချာ့ကိုစောင့်ရင်း တရားခံကို မကောင်းသည့်ဝိဉာဉ်တွေမှတစ်ဆင့် ခြေရာခံနေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်က ဝိဉာဉ်တွေအကုန် သူအသုံးချတာ ခံရသည်။ တရားခံတွင် မကောင်းသည့်စိတ်မရှိတာမျိုးတော့မဖြစ်နိုင်။ ထို့ကြောင့် သူ့ကိုသူ ရှာတွေ့နိုင်သည်။
သူ ဘယ်နေရာမှာ မှ မရှိတာကတော့ နှမျောစရာပင်။ မသိလျှင် တရားခံက အငွေ့ပျံသွားသလိုမျိုး။

ဖူမင်ယယ်တစ်ယောက်မိုးလင်းသည်အထိ ရှာဖွေပြီး ခဏလေးမှေးနေဖြင်းဖြစ်သည်။
ချီပိုင်ချာက ပြုံးပြလိုက်သည်။ “မောနင်း”
ဒီနေ့တော့ သူနိုးလာလာချင်း မစ္စတာဖူကြောင့် စိတ်လှုပ်ရှားနေရသည်။

ဖူမင်ယယ်၏ နောက်ထပ်စကားကတော့.... “သန့်စင်ခန်းသွားမလား?”

ချီပိုင်ချာ: "..."

သူ စိတ်မလှုပ်ရှားတော့။

ကိုယ်လက်သန့်စင်ပြီးတော့ ချီပိုင်ချာက သူ့ကုတင်တွင်ထိုင်ကာ မနက်စာစားသည်။
ထိုအချိန်တွင်တစ်ယောက်က တံခါးလာခေါက်၏။ ယူနီဖောင်းဝတ်ထားသော ရဲတွေအများကြီးဝင်လာကာ ပထမဆုံး ဖူမင်ယယ်ကိုနှုတ်ဆက်ပြီး ကုတင်ပေါ်တွင်ထိုင်နေသော ချီပိုင်ချာကို ကြည့်လိုက်ကြသည်။

“ဟယ်လိုမစ္စတာချီ ကျွန်တော်တို့က ရဲစခန်းကပါ။ မနေ့က ကိစ္စအတွက် နည်းနည်းလောက်မေးမြန်းချင်လို့ပါ။”

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now