အပိုင်းသုံးဆယ့်ခုနှစ်(ဒုတိယပိုင်း)

928 196 0
                                    

(၃၇) အမှန်တရား (ဒုတိယပိုင်း)

March 23, 2023 by Hnin Mon
Burmese Translation of “After Marrying The Male God”.

-----------

အစကတော့ချင်ယိရုံတစ်ယောက် အတော်လေးလန့်ဖျန်နေသော်ငြာ cctvစစ်မည့်အကြောင်းကိုကြားခါမှ အမှန်တကယ်စိတ်သက်သာရာရသွားတော့သည်။ ချီပိုင်ချာတွင် သက်သေမရှိမှန်း သူမယုံကြည်သွားသည့်အပြင် ဝမရှိဘဲ ဝိလုပ်နေသည်မဟုတ်ပါလား။

ဘယ်လိုလုပ် သက်သေရှိပါ့မလဲ? ဘာလဲ သီချင်းကိုခိုးပြီး ပြောင်းတာက။ ဟာသကြီးပဲ။ systemက သူမကို တိုက်ရိုက်ပြသည်မို့ လူကိုယ်တိုင်သွားခိုးဖို့မလိုပေ။ cctvအစစ်ခံရလျှင်တောင်ပြဿနာရှိမှာမဟုတ်။

လိမ်စမ်း...ဆက်လိမ်စမ်း.....နောက်ထပ်ဘာအလိမ်အညာစကားတွေပြောမယ်ဆိုတာ ငါကြည့်ဉီးမယ်။

လျိုခိုင်ရှင်းကတော့ ခေါင်းကိုခပ်ဆဆငြိမ့်သည်။
“အဲ့တုန်းက cctvကို ပြန်ထုတ်ဖို့ ကျွန်တော်တစ်ယောက်ကိုပြောလိုက်မယ်”

“ဟိုကလေးကရော ဘယ်လိုလဲ?”
သက်သေ သက်ကယ မရှိဘဲ ဗီဒီယိုလေးတစ်ပုဒ်နှင့်ပင် သူမုန့်ရှင်းကိုယုံချင်နေပြီ။
ဂီတက သူ့ပိုင်ရှင်နှင့်တူသည်။ မုန့်ရှင်း၏ လက်သံက သန့်ရှင်းသည်မို့ သူသဘောကျသည်။ ထိုကလေးကိုယုံချင်သည်။ ချင်ယိရုံဘယ်လောက်အရည်အချင်းရှိရှိ သူမနှလုံးသားက ညစ်နွမ်းသည်မို့ ကြားရတာနှင့်ပင် နားကလောနေပြီ။
“ရစ်ဝဲနေသောမြတ်နိုးမှုလေးထွက်ပြီးတော့ သူက ကြယ်တွေရဲ့တောင်းဆုကို အဆိုင်းမန့်အနေနဲ့တင်လိုက်တာ။ အဲ့မှာ သူခိုးလို့စွပ်စွဲခံရပြီး လူရယ်ခံခိုက်ရတယ်”

လီလော့တစ်ယောက် အရမ်းဒေါသထွက်ကာ အော်ပါတော့သည်။
“မဖြစ်နိုင်လိုက်တာ”

တခြားလူတွေလည်း သက်ပြင်းချကုန်ကြသည်။
သူတို့cctvမကြည့်ရသေးတာတောင် ချီပိုင်ချာ၏ စကားတွေကို အတော်လေးယုံနေပြီ။

ချီပိုင်ချာက လိမ်မည့်လူနှင့်မတူ။

ထို့အပြင် ခုနက ဗီဒီယိုကို လူတိုင်းကြည့်လိုက်ရသည်လေ။ ကောင်လေးက သီချင်းကိုအရင်တီးထားတာကို မြင်ရတာမို့ ချင်ယိရုံက ဘာကြောင့်သီချင်းကို သူမ လက်တန်းရေးဖွဲ့သည်ဟု ပြောသလဲ နားမလည်ကြ။

“ဒီကလေးက နည်းနည်း အော်တစ်ဇင်ဖြစ်နေတာ။ သူ့မှာဆွေမရှိမျိုးမရှိ။ သူ့သီချင်းအငကူးခံရမှ လူလုံးထွက်လာရဲတာ။ သူခိုးလို့လည်းအစွပ်စွဲခံရသေး၊ အနိုင်ကကျင့်ခံရသေး။ သူ့ခမျာ မခံနိုင်တဲ့အဆုံး မနေ့က အဆောက်အဉီးပေါ်ကတောင်ခုန်ချဖို့လုပ်သေးတယ်”

လီလော့မနေနိုင်တော့ပေ
“သေသွားလား? ဒီလို ပါရမီရှင်မျိုးသာ ဒီလိုအခြေအနေကြောင့်သေရမယ်ဆိုအတော်လေးကိုဒေါသထွက်ဖို့ကောင်းမှာပဲ”

“မသေပါဘူး။ သူ့ကိုကယ်လိုက်နိုင်တယ်”

လူတိုင်းသက်ပြင်းမချရသေးခင်မှာတင် ချီပိုင်ချာကဆက်ပြောပြန်သည်။
“ဒါပေမယ့် အဲ့ကိစ္စကြောင့် သူကျောင်းထွက်ဖို့ ဖိအားပေးခံရတယ်။ ပြီးတော့အဆောင်ကနေလည်းသုံးရက်အတွင်းဖယ်ပေးရမယ်တဲ့။ သူ့မှာပြန်စရာအိမ်မရှိဘူး”

“အဲ့လိုစိတ်အခြေအနေမှာ မျှော်လင့်ချက်ပျက်သုန်း ကိုရေးခဲ့တာ”
ထိုစကားများကိုကြားပြီးနောက် လူတိုင်းက ချင်ယိရုံကို ရွံရှာစက်ဆုပ်စွာကြည့်လိုက်သည်။

ဒါသာအမှန်ဆို သူမက သီချင်းကိုခိုးရုံတင်မကဘဲ ဘ၀တစ်ခုကိုပါခိုးယူခြင်းဖြစ်သည်။

“ရှင်တို့က ဘာလို့ကျွန်မကို အဲ့လိုကြည့်နေကြတာလဲ?”
သူမက ပတ်ဝန်းကျင်ကိုကြည့်ရင်းငေါ့သည်။
“ရှင်တို့ကျွန်မကိုမယုံဘဲ သူ့ကိုယုံနေကြတာ ဟုတ်တယ်မလား?”

လူတိုင်းအသံမထွက်ကြပေ။

ခံစားချက်တွေမတည်မငြိမ်ဖြစ်ကာ ပေါက်ကွဲနေသည့်ချင်ယိရုံထက် တည်ငြိမ်အေးဆေးနေသည့် ချီပိုင်ချာ၏ စကားက ပို၍ ယုံချင်စဖွယ်ကောင်းသည်မလား?

“လျိုကော လျိုကော ကျွန်မကိုယုံပါ။ ကျွန်မ မလုပ်ခဲ့ပါဘူး”
ချင်ယိရုံက လျိုခိုင်းရှန်ကို သူမ၏ နောက်ဆုံးကောက်ရိုးမျှင်ကို ဆွဲသည့်အလား မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လိုက်သည်။
“သူ့ရဲ့တစ်ဖက်သတ်စကားတွေကိုမယုံပါနဲ့။ ကျွန်မရဲ့ အရည်အချင်းကိူသိတာပဲမလား? တခြားတစ်ယောက်ဆိက ဒါမျိုးလုပ်ဖို့မလိုပါဘူး”

လျိုခိုင်းရှန်က သူမအကြည့်ကိုရှောင်လိုက်သည်။ “ငါ cctvကို စစ်ကြည့်ဉီးမယ်”

Cctvစစ်မယ်ဆိုကတည်းက သူမကို မယုံလို့ပေါ့။

သူ တုန်လှုပ်နေပြီ။

“ကောင်းပြီလေ cctvကိုစစ်ပါ။ အခုကိုစစ်!”
သူတို့က ဘယ်လိုနေနေ cctvစစ်ကြမည်မို့ သူမကြောက်မနေတော့။

ချီပိုင်ချာက သူမကို လူရှေ့သူရှေ့အရှက်ခွဲသည်မို့ ချင်ယိရုံမုန်းချေပြိ။

ချင်ယိရုံက သူ့ကိုခါးသီးစွာကြည့်လိုက်၏။
“မစ္စတာချီ...ရှင်ဒီလို မဟုတ်ကဟုတ်ကတွေပြောနေမယ်ဆို ကျွန်မရှင့်ကို အသရေဖျက်မှုနဲ့တရာစွဲပြီးထောင်ထဲပို့မှာနော်။ ရှင်ကကျွန်မရဲ့antiလား? အထူးသဖြင့် ဒီလိုနေ့ကိုမှရွေးပြီး ကျွန်မရဲ့ဂုဏ်သိက္ခာကိုဖျက်စီးတာနော်”

ချီပိုင်ချာကတော့ တည်ငြိမ်ဆဲ။
“ဒါဆို မစ္စချင်ကပဲရှင်းပြလေ။ မင်းလက်တန်းရေးတဲ့သီချင်းက ဘာလို့သူ့ဟာနဲ့ တစ်ပုံစံတည်းတူနေလဲဆိုတာ?”
ချင်ယိရုံက အေးစက်စွာပြောသည်။
“အိုကေ ကျွန်မလိမ်ခဲ့တာဝန်ခံတယ်။ အဲ့သီချင်းက အရင်ကတည်းကရေးထားတာ။ အစောကြီးကတည်းကကြိုပြင်ထားပေမယ့် ရှိူးမှာမို့ သေချာပြောလိုက်တာ။ ရှင်တို့ မယုံရင် ကျွန်မအိမ်သွားပြီး ရေးထားတဲ့သီချင်းစာရွက်ကို အခုသွားယူပြမယ်။ကင်မရာသမားတွေလိုက်ခဲ့လို့ရတယ်။ လိမ်စရာ ဘာအကြောင်းမှမရှိဘူး”

သူမပြောစကားက အနည်းငယ်ရှေ့နောက်မညီ။  စောနက သူမပဲ လက်တန်းရေးသည်ဟု ကျိန်ပင်ပြောကာ အခုကျလည်းအရင်ကရေးထားတာဟု ပြေင်းပြန်သည်။ လိမ်ပြောတာက ခိုးတာထက်တော့ အပြစ်ပေါ့သည်မဟုတ်လား?

သူမ စိတ်ထဲကနေ ခပ်ကြိတ်ကြိတ်ခေါ်လိုက်သည်။

[System, system, မြန်မြန် အိမ်မှာ ‘မရေမရာ’ ရဲ့ သီချင်းစာရွက်ကိုပြင်ပေးစမ်းပါ!]

[System? System, ငါပြောတာကြားလား? ပြန်ဖြေဉီး!]

သို့ေသာ် သူမဘယ်လောက်ခေါ်ခေါ် Singer-Backer Systemကတော့ သေချင်ယောင်ဆောင်ကာ ငြိမ်နေသည်။

ဆရာသခင်က သတိပေးထားသည်မဟုတ်ပါလား။ ချင်ယိရုံကို သီချင်းစာရွက်ပေးရဲပေးကြည့် တစ်စစီ စုတ်ပစ်မယ်တဲ့။

Systemဆီက တုန့်ပြန်မှုမလာမှ ချင်ယိရုံတစ်ယောက်ရုတ်ချည်းကြောက်ရွံ့လာတော့သည်။

“ကျွန်မမေးချင်တာက ကျွန်မ အရင်ကတည်းကရေးထားတဲ့သီချင်းကို သူကဘာလို့တီးနေရလဲဆိုတာပဲ။ သူကမှ ကျွန်မအိမ်ထဲဖောက်ဝင်ပြီး သီချင်းကိုခိုးသွားတဲ့ အစွန်းရောက်ဖန် မဟုတ်ဘူးလား?”
ချင်ယိရုံက ဂရာမစိုက်သည့်ပုံစံဖြင့် မေးခွန်းထုတ်သည်။
“မစ္စချင်ကတော့နောက်ပြီ။ မင်း နေ့တိုင်း ဘော်ဒီဂတ်အုပ်လိုက်နဲ့ အိမ်ထဲကို ဝင်နေထွက်နေတာ။ လက်ထောက်တွေလည်းဘေးမှာအများကြီးဝိုင်းနေတာ။ မုန့်ရှင်းက အခြေအနေကိုရှင်းချင်လို့ မင်းဆီခဏခဏလာရှာခဲ့တာတောင် သူ မင်းအနား ကပ်လို့မရခဲ့ဘူး။ သူကဘယ်လိုလုပ်မင်းအိမ်ထဲဝင်ပြီး သီချင်းကိုခိုးမလဲ”

“.....အိုကေလေ။ သူ ဒီသီချင်းကို မနေ့ကမှ ဖန်တီးခဲ့တယ်ဆိုတော့ ကျွန်မက မနေ့က တစ်နေကုန် အဆောင်နဲ့ ရိုက်ကူးရေးမှာရှိနေတာလေ။ ကင်မရောတွေလည်းရှိတယ်။ ကျွန်မက သူ့ဆီက ဘယ်လိုသွားခိုးမလဲ?”
ချင်ယိရုံက ခံငြင်းသည်။

ဆိုးယုတ်ခြင်းနတ်ဘုရားနှင့် လက်ထပ်ပြီးနောက်[ Myanmar Translation]Where stories live. Discover now