Episode (3)

7.7K 790 32
                                    

မီးဖိုခန်းထဲမှ ကြက်သားဟင်းအနံ့သည် ခြံထဲသို့ပါ ပျံ့နှံ့လျက်ရှိပြီး ပေါ်ဆန်းမွှေးနှင့်ချက်ထားသည့် ပဲထမင်းအနံ့လေးကလည်း လေအသင့်မှာ မွှေးကြိုင်လျက်ရှိသည် ။

" ကလေးတွေ ကစားလို့မရဘူးနော် ၊ သနပ်ခါးတွေပျက်သွားလိမ့်မယ် "

ို ပြောလိုက်သူမှာ ဂေဟာမှူးဖြစ်ပြီး ကစားဖို့ပြင်နေကြသော ကလေးများသည် ထိုစကားကြောင့် ငြိမ်ငြိမ်လေး ထိုင်​နေကြတော့၏ ။

် ရေချိုး သနပ်ခါးလိမ်းပြီး သန့်သန့်ပြန့်ပြန့် မွှေးမွှေးကြိုင်ကြိုင် ကလေးများသည်ချစ်စရာသွင်ပြင် အပြည့် ။ ​ဂေဟာမှူး​နှင့် ဒေါ်ခင်အေးမှာ သနပ်ခါးအဖွေးသားနှင့် လှနေကြပြီး ပါတိတ်ဝမ်းဆက်များ ဝတ်ဆင်ထား၍ ကျက်သရေရှိရှိ ကြည့်ကောင်းနေကြသည် ။

အလင်းအပါအဝင် ကလေးများသည်လည်း မကြာမီ တွေ့ရတော့မည့် အလှူရှင် မိသားစုကို စိတ်အားတက်ကြွစွာ စောင့်မျှော်နေကြသည် ။ အဆင်သင့်ပြင်ထားသော အသီးအနှံပွဲများကို သွားသွားကြည့်ပြီး စားချင်​နေကြသည့် ကလေးများ၏ စိတ်ကို သိနေသော ဒေါ်ခင်အေးသည် သီးသန့်ဖယ်ထားသော ဖီးကြမ်းငှက်ပျောတစ်ဖီးကိုယူပြီး

" အလင်းရေ ကလေးတွေကို ငှက်ပျောသီး တစ်ယောက်တစ်လုံးပေးလိုက်နော် ၊ ဧည့်သည်တွေက ဆယ့်နှစ်နာရီ​လောက်မှ ​ရောက်မှာဆိုတော့ ကလေးတွေ ဗိုက်ဆာနေလိမ့်မယ် "

ဖြူ ဖွေးသော အသားပေါ်မှာ အဝါရောင် သနပ်ခါးကို ညီညီညာညာလေး လူးထားပြီး စပန့်ဝမ်းဆက် အနီရောင်လေး ဝတ်ထားသော အလင်းသည် ဒေါ်ခင်အေး၏ လက်ထဲမှာ ငှက်ပျောဖီးကို မြန်မြန်ဆန်ဆန်ပဲ လက်လွှဲယူလိုက်ပြီး

" ဟုတ်ကဲ့ ၊ သားဝေပေးလိုက်ပါ့မယ် ၊ ပိုတဲ့ငှက်ပျောသီးကို ကြီးကြီးကို ပြန်လာပေးမယ်နော် "

" မပေးနဲ့တော့ အလင်း ၊ နှစ်လုံးစားမှ ဝမယ့်ကလေးတွေကို ပိုတာတွေ ပေးလိုက်နော် ၊ အလင်းလည်း နှစ်လုံးစား "

" ဟုတ် "

ငှက်ပျောဖီးကိုယူပြီး တက်တက်ကြွကြွ ထွက်သွားသော အလင်းကို ကြည့်ပြီး ဒေါ်ခင်အေးပါ အလိုလိုပျော်ရွှင်လာမိတော့သည်  ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now