Episode (12)

5.1K 594 16
                                    

အချိန်များမှာ တဖြည်းဖြည်းနှင့် ကုန်ဆုံးလာသည် ။ မိုးကုန်၍ ဆောင်းပင် ဝင်တော့မည် ။ စိုစွတ်နေသည့် ရာသီဥတု​နေရာတွင် အနည်းငယ်အေးသည့် ရာသီဥတုက အစားဝင်လာ၏ ။

ဆွဲခြင်းကို ဆွဲ၍ အခန်းထဲမှ အမြန်သွားမည့်ဟန်ပြင်နေသော လက်ဝဲ၏ လက်ကို ​တေဇ ဖမ်းဆွဲရင်း

" ငါလဲလိုက်မယ် ...ခဏစောင့်အုံး "

ရုပ်တည်နှင့် ပြန်ကြည့်လာသော လက်ဝဲဆိုသည့်ကောင်ကို စိတ်ထဲကနေ ခေါင်းသုံးချက်လောက် ခေါက်လိုက်မိသည် ။ အပြင်မှာတော့ မလုပ်ရဲပါ ။

" မင်းကလဲ မျက်နှာကြီးက ဘာဖြစ်နေတာလဲ ၊ ငါ့ခြေထောက်နဲ့ ငါလိုက်တာကို "

လက်ဝဲ မကျေနပ်သောမျက်နှာထားနှင့်

" မင်းက ယာယာကို စတယ်လေ "

" မင်းညီကို ချစ်လို့ စတာလေ ၊ မင်းကလဲ အဖြစ်သည်းလိုက်တာကွာ "

သက်ပြင်းတစ်ချက်ချပြီး

" လိုက်ကွာ "

လိုက်တာက ကိစ္စမရှိသော်လည်း ယာယာကို တွေ့တိုင်း စတတ်သည့် တေဇမင်းဆို​သောကောင်ကို စိတ်သိပ်မကြည် ။ သူကတော့ ဒီအတိုင်း စလိုက်ပေမဲ့ ယာယာက စိုးရိမ်ကြီးပြီး မိမိကို ပိုတွယ်ကပ်နေသည်ကို မကြိုက် ။ ယခုလည်း ပုခုံးကို ဇွတ်ကြီးဖက်ပြီး စကားကလည်း မနားတမ်းပြောနေသေးသည် ။ တေဇမင်းနှင့် ယာယာတွေ့လျှင် ကြားထဲက လက်ဝဲမှာ နားတော်တော်ပူရ၏ ။
လေးနှစ်ငယ်သည့်ကလေးကို အနိုင်လိုချင်နေသည့် အဲဒီကာင်ကိုလည်း နားမလည်​တော့​ပေ ။

ယာယာတက်သည့် အခန်းထဲရောက်သွားသည်နှင့် တေဇမင်း အရင်ဆုံး သတိထားမိသည်မှာ ငြိမ်ငြိမ်လေး ထိုင်နေသည့် ယာယာကိုပင် ။ အခြားကလေးများလိုလည်း မကစား ။ သို့ရာတွင် သူ့အစ်ကိုကို တွေ့ရသည်နှင့် မျက်နှာလေးက ရွှင်လန်းသွားသည်များ နေရောင်ရလိုက်သည့် နေကြာပန်းလေးနှင့်ပင် တူသေး၏ ။

" ယာယာက ကိုကို တေဇကို စောင့်နေတာလား "

တေဇ၏ အမေးစကားကို ခေါင်းကိုဘယ်ညာခါ၍ ငြင်းဆိုသည် ။

" ဟုတ်ပါဘူး... ယာယာ ကိုကို့ကို စောင့်နေတာ ၊ ကိုကို တေဇက ဘာလိုက်လုပ်တာလဲ "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now