Episode (25)

5K 525 18
                                    

လက်ဝဲ မည်သည့်အချိန်တွင် အိပ်ပျော်သွားသည် မသိတော့ ။တံခါးခေါက်သံ တိုးသဲ့သဲ့ နားထဲ ဝင်ရောက်လာမှ မျက်လုံးဖွင့်ကြည့်မိတော့ နေရာသစ်တစ်ခုသို့ ရောက်နေခြင်း ။ သတိသေချာဝင်လာမှ ကလောသို့ ရောက်နေကြောင်း အာရုံစုစည်းမိသည် ။ ထထိုင်ရန်လုပ်သော်လည်း ခန္ဓာကိုယ်က လှုပ်ရှားမရချေ ။ ယာယာရဲ့ လက်ရော ခြေထောက်ရောက လက်ဝဲ ကိုယ်ပေါ်မှာလေ ။ ယာယာ၏ မျက်နှာလေးမှာ လက်ဝဲ၏မျက်နှာနှင့် နီးကပ်နေ၏ ။ အပြင်က တံခါးခေါက်သံကလည်း ခပ်တိုးတိုး အနေအထားမှ ခပ်ကျယ်ကျယ် အနေအထားထိ ရောက်ရှိလာသည် ။

ဘယ်သူခေါက်နေလဲဆိုတာ တံခါးသွားဖွင့်ကြည့်စရာတောင်မလို ။ အလိုက်ကန်းဆိုး မသိတဲ့ ခွေးကောင်ပဲ နေမှာပေါ့ ။ ယာယာ မနိုးသွားစေရန် သတိထား၍ သူ့ကိုယ်ပေါ်မှ ယာယာ၏ လက်နှင့်ခြေထောက်ကို ဖြည်းဖြည်းချင်း ဘေးကို တွန်းချလိုက်ရ၏ ။ ယာယာက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည် ။

တံခါးသွားဖွင့်လိုက်တော့ စူပုပ်နေသည့် မျက်နှာထားနှင့် တေဇ ။သင်းက အဝတ်အစားတောင် လဲထားပြီးပြီ ။

လက်ဝဲ မျက်လုံးများကိုလက်နှင့်ပွတ်သပ် ၊ တဝါးဝါးသန်းပြီး

" ဘာလဲကွာ စောစောစီးစီး "

" စောစောစီးစီး လုပ်မနေနဲ့ ခြောက်နာရီရှိပြီ ၊ သော်က ကလောဈေး လိုက်ပို့ပေးမယ်လို့ ပြောထားတယ်လေ ၊ ယာယာရော နိုးပြီလား "

ပါးစပ်ကပြောနေသလို တေဇ ကိုယ်လုံးက အခန်းထဲဝင်ဖို့ တပြင်ပြင် ။

" ယာယာက အိပ်နေတုန်း ၊ ငါ နိုးလိုက်မယ်လေ ၊ မင်းက ဘာကိစ္စ အခန်းထဲ ဝင်ဖို့လုပ်နေရတာလဲ "

ပြောလဲပြော သူ့ရင်ဘတ်ကို လက်နဲ့တွန်းလိုက်တဲ့အတွက် တေဇမျက်နှာက တစ်ဖန်ပြန်လည် စူပုပ်သွားပြီး

" ဟ...ငါ အခန်းထဲ ဝင်စောင့်လို့ မရဘူးလား "

" မရဘူး ၊ မင်း ဘာသာ ဧည့်ခန်းမှာ စောင့် "

ဘာအဖြေမှတောင် ပြန်မပေးရသေး ။ တံခါးက ဂျောက်ခနဲ ပိတ်သွားလေ၏ ။ လက်ဝဲဘုန်းပိုင်ဆိုသည့်ကောင်ကို သဘောကျနေသည့် မိန်းကလေးများကို ယခုလို ပုံစံမျိုး မြင်စေချင်၏ ။ အားနာမှု တစ်စက်မှ မရှိတဲ့ကောင် ။ အစက စိတ်ပေါက်ပေါက်နှင့် တံခါးကို ဆောင့်ကန်ရန်လုပ်ပြီးမှ ယာယာ အိပ်နေသည်ဆိုသောစကားက ခေါင်းထဲ ဝင်ရောက်လာသောအခါ ကိုယ်ရှိန်သတ်လိုက်ရသည် ။ ဟိုကောင့်ကို ကြည့်မရတာနဲ့ ယာယာ လန့်သွားအောင်တော့ လုပ်လို့မဖြစ်ဘူး ။ တေဇ လက်ဝဲကို ပါးစပ်မှ ပွစိပွစိ ကျိန်ဆဲပြီးတော့ ဧည့်ခန်းထဲကိုသာ ဦးတည်ချက် ပြောင်းလိုက်သည် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now