Episode (34)

4K 429 18
                                    

ရင်ခုန်သံကို မညာကြေး 34

နှင်း သူ့ဘေးခပ်လှမ်းလှမ်းကနေ လမ်းလျှောက်နေသည့် ယာယာကို ကြည့်လိုက်ရင်း ပြုံးမိသွားရသည် ။ အကြိမ်ကြိမ် အပြင်လိုက်ရန်ခေါ်သော်လည်း ငြင်းဆန်ခဲ့သည့် ယာယာ ။ ဘယ်ရမလဲ ။ နှင်းကလည်း မရဘူးဆိုလျှင် ပိုလုပ်ချင်သည့်သူ ။ ဒေါ်မိုးမေဆီ ဖုန်းဆက်ပြီး ယာယာကို အပြင်ခေါ်သွားချင်ကြောင်း လှမ်းပြောလိုက်သည်လေ ။
နှင်း ခေါ်ခဲ့သည့် အချိန်တိုင်း တအီးအီး တအဲအဲ ဖြစ်​နေတတ်ပါသော ယာယာသည် သူ့အဘွားကလည်း ပြောရော နှင်းခေါ်ရာနောက်ကို လိုက်ခဲ့ရသည်ပင် ။

ရန်ကုန်မြို့၏ မိုးရွာသွန်းမှုက အပြောင်းအလဲမြန်သည် ။ ယနေ့တွင်တော့ ရာသီဥတုသည် သာယာသည်ထက်ပို၍ ပူနေသည့်အဆင့် ။ နှင်းကတော့ ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီအမည်းအတိုနှင့် ချည်သားအဖြူ ရောင်လက်ပြတ်ကိုသာ ဝတ်ဆင်ထား၏ ။ ဖြူ ဖွေးဥနေသော ပေါင်တံသွယ်သွယ် ၊ အချိုးအစားကျသောခန္ဓာကိုယ် ၊ အပြစ်​ပြောစရာတစ်ချက်မှမရှိသော မျက်နှာလှလှသည် ပုရိသအများစု၏အကြည့်များအား ဖမ်းစားထားသည် ။

သို့ရာတွင် ထိုအများစုထဲ၌ လက်ယာဘုန်းပိုင်ဟူသော ကောင်လေးတော့ မပါဝင်ချေ ။ ယခင်က တွဲခဲ့ပါသော ယောက်ျားများသည် ယာယာနှင့် လားလားမှမတူ ။ ယခုလိုမျိုးများ အပြင်သွားခွင့်ရပြီသည်နှင့် ပခုံးဖက်ချင် ၊ ခါးဖက်ချင် ၊ လက်ကိုင်ချင်သူက အများသား ။ ယာယာကတော့ သူ့အား နှင်း တစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်နေပုံ ။ လမ်းလျှောက်တာတောင် ခွာပြီးလျှောက်နေသည် ။ နှင်း သူ့ရှေ့မှ ဦးဆောင်လျှောက်နေသည့် ယာယာ့အား ကြည့်၍အသည်းတယာယား ရှိလှသည် ။

ယာယာသည် အပြာနုရောင်ဂျင်းဘောင်းဘီအရှည် ၊ တီရှပ်အမည်းရောင်လက်တိုနှင့် အဖြူ အမည်းအစင်းကြောင်း ရှပ်အင်္ကျီလက်ရှည်ကိုသာ ခပ်ရိုးရိုး ဝတ်ထားပါသော်လည်း နှင်း၏ အမြင်တွင်တော့ ယာယာသည် ကြည့်ကောင်းလှ၏ ။ ထိုကောင်လေးကို နှင်း သဘောကျလှသည် ။ အဘယ်ကြောင့်မှန်း ရေရာစွာ မပြောနိုင်သော်လည်း ထိုကောင်လေး အနားမှာ ရှိနေလျှင် အေးချမ်းနေသကဲ့သို့ပင် ။ ဆိုင်များကို ငေးကြည့်နေသည့် ထိုကောင်လေးကို

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now