Episode (44)

5.2K 479 7
                                    

စိုစွတ်သော ရာသီဥတုကနေ အေးစိမ့်သော ရာသီဥတုကို ကူးပြောင်းချိန် ။

နံနက်ကတည်းက ဦးဘုန်းပိုင်၏ ဝန်ထမ်းများ ၊ ဒေါ်မိုးယုခင်၏ ဝန်ထမ်းများ ကိုယ်စီကိုယ်စီ လာကန်တော့ထားသော ပစ္စည်းမျိုးစုံက ဧည့်ခန်းထောင့်နေရာတွင် အထပ်လိုက် ။ သီတင်းကျွတ်ဆိုတော့ အိမ်တွင် လူအဝင်အထွက် အတော်လေးများ၏ ။ ဦးဘုန်းပိုင်နှင့် ဒေါ်မိုးယုခင်လည်း တစ်နေကုန်နီးပါး မနားရသေးပေ ။ အလုပ် ပင်ပင်ပန်းပန်းမလုပ်ရသော်လည်း လာသည့် ဧည့်သည်များအားလုံးကို ဧည့်ခံစကားပြောရသည်လေ ။ ဦးဘုန်းပိုင်ကတော့ အပေါ်ထပ်အိပ်ခန်းထဲတွင် အနားယူနေပြီ ။ ဒေါ်မိုးယုခင်ကတော့ မိခင်ဖြစ်သူ ဒေါ်မိုးမေ စားရန် ပန်းသစ်တော်တစ်လုံးကို ကိုယ်တိုင်ကိုယ်ကျ အခွံခွာပြီး ပန်းကန်ထဲသို့ စနစ်တကျ ထည့်နေသည် ။

ဒေါ်မိုးမေ အိမ်တွင် ဧည့်သည်ရှင်းသွားချိန်မှ ဧည့်ခန်းထဲ ထွက်၍ ထိုင်မိသည် ။ ထိုင်နေရင်းနှင့် အကြည့်များက ချိတ်ဆွဲထားသော ဓာတ်ပုံများဆီအရောက်တွင်တော့ ခပ်ယဲ့ယဲ့သာ ပြုံးမိ၏ ။ ငယ်ရာကနေ တဖြည်းဖြည်း အရွယ်ရောက်လာသော ချစ်စရာမြေးလေး၏ ဓာတ်ပုံများက ဒေါ်မိုးမေ၏ စိတ်အပူကို အနည်းငယ်မျှ ငြိမ်းအေးစေသည် ။ မြေးဖြစ်သူ၏ မျက်နှာကို တွေ့ချင်လွန်း၍ ရသည့်အချိန် ရသလို ရန်ကုန်မြို့ကို ပြေးလာရ၏ ။ သူကတော့ အဘွားဖြစ်သူရဲ့ အချစ်တွေကို သိမှာ မဟုတ်ဘူး ။ သူတို့ချစ်ခြင်းကို ခွဲတယ်ဆိုပြီး အခုဆိုရင် မုန်းချင်တောင် မုန်းနေလိမ့်မယ် ။ ဒေါ်မိုးမေအတွက်ကတော့ ဒီမြေးလေးသာ သူ့ဘဝ ၊ သူ့ကမ္ဘာ ။

အပေါ်ထပ်ကနေ ခပ်သွက်သွက်ဆင်းလာသည့် ယာယာ ။ ယခင်ထက်စာလျှင် အနည်းငယ်လည်း ပြည့်ဖြိုးလာသည် ။ ဧည့်ခန်းတွင်ထိုင်နေသော ဒေါ်မိုးမေကို တွေ့သွားသောကြောင့် ယာယာ၏ ခြေလှမ်းများက တန့်သွား၏ ။ ဒေါ်မိုးမေ အင်္ကျီအဖြူ လက်ရှည်နှင့် ယောပုဆိုးရှားညိုရောင်ကို ဝတ်ထားသော ယာယာကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ကာ

" ဒီအချိန်ကြီး ဘယ်သွားဖို့လဲ မြေးလေး "

ယာယာက ဖြေရခက်ဟန်ဖြင့် ခေါင်းကုတ်လိုက် နားရွက်ကုတ်လိုက်လုပ်နေပြီး

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now