Episode (24)

4.8K 513 8
                                    

လက်ဝဲ ကားမောင်းနေရင်းနှင့် နောက်ခုံ၌ ထိုင်နေသည့် ယာယာကို ကြည့်မိတော့ မျက်လုံးလေး မှိတ်နေသည်ကို တွေ့လိုက်ရ၏ ။ အိပ်ရေးမဝဘူးထင်ပါရဲ့ ။ ဘေးခုံမှာ ထိုင်နေသည့် တေဇကတော့ အတော်လေးကို ပျော်မြူးနေဟန်ပင် ။

နံနက်ငါးနာရီသာ ရှိသေးသဖြင့် လမ်းပေါ်မှာကားများ မရှုပ်သေး ပေ ။ အမြန်လမ်းပေါ် ကားတက်သွားသည်နှင့် ကားမောင်းရသည်မှာ ပို၍လွတ်လပ်သွားတော့သည် ။ အဝေးပြေးကားများနှင့် အိမ္စီးကား အချို့ကိုသာ ရံဖန်ရံခါ မြင်ရ၏ ။ တေဇက နောက်ခန်းမှာ အိပ်ပျော်နေသော ယာယာကို လှည့်ကြည့်လိုက်သည် ။ ထို့နောက် ကားမောင်းနေသည့် လက်ဝဲကို

" ယာယာက ပြန်အိပ်ပျော်သွားတာလား "

နောက်ကြည့်မှန်မှ လက်ဝဲကြည့်မိသည် ။ ဟုတ်ပေသည် ။ ယာယာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဟန်ရ၏ ။

" အေစာထေနက် မဟုတ်လို့လေ ၊ ယာယာက မနက် အေစာမထဘူး"

" သြော်...အေးပါ...ယာယာလေး အိပ်နေတာက ကလေးနဲ့တောင် တူတယ် "

ဘာကြောင့်ရယ်မသိ ။ အခြားတစ်ယောက်က ယာယာကို ယခုလိုမျိုး စေ့စေ့စပ်စပ်ကြည့်သည်မျိုး လက်ဝဲ မကြိုက် ။ မရည်ရွယ်ဘဲ ကားအရှိန်နှုန်းကို မြန်လိုက်မိတော့ တေဇထံပါးမှ အလန့်တကြား
တားမြစ်သံထွက်ပေါ်လာလေသည် ။

" လက်ဝဲ...ဟေ့ကောင် ၊ ဖြည်းဖြည်းမောင်းကွ ၊ မသာပေါ်ကုန်မယ် "

ပြောလည်းပြော တေဇ၏ လက်အစုံသည် အပေါ်ဘက်ရှိ ကားလက်ကိုင်ကွင်းကို လက်မလွတ်တမ်း ဆွဲကိုင်မိသည် ။ လက်ဝဲ၏
မျက်နှာကြီးသည် ကြက်ဥပုပ်ကြီးနှင့်ပင် တူသေး၏ ။ ယခုတေလာ လက်ဝဲက ထိလွယ် ရှလွယ် ပို၍ပင်ဖြစ်လာသည်ဟု တေဇ ထင်မိသည် ။ ဒီကောင် ဘာတွေဖြစ်နေမှန်းမသိဘူး ။

ပုံမှန်မောင်းနေရာမှ အမြန်နှုန်းတင်လိုက်သဖြင့် ယာယာ၏ ဦးခေါင်းသည် ရှေ့ထိုင်ခုံ၏ နောက်ကျောဘက်နှင့် မိတ်ဆက်သွားရသည် ။ " အ "ဟု မတိုးမကျယ် ရေရွတ်မိ၏ ။ အမှန်အားဖြင့် လန့်သွားခြင်းသာ ။ သိပ်တော့ မနာပေ ။ ရှေ့ခန်းရှိ လူနှစ်ယောက်လုံး၏ အာရုံများသည် နောက်ခန်းဆီသို့ ရောက်ရှိလာသည် ။
" ယာယာ ရရဲ့လား"ဟု တစ်ပြိုင်နက်တည်း မေးသံလည်း ထွက်ပေါ်လာ၏ ။ " ရတယ်...ရတယ် "ဟုသာ သွားအဖြဲသားနှင့် ဖြေလိုက်မိသည် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now