Episode (35)

4.4K 471 14
                                    


ဒေါ်မိုးယုခင် မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်ကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ရှုလိုက်၏ ။ မိခင်ဖြစ်သူသည် ယခုအချိန်ထိကို လှနေဆဲ ။ တက်ကြွနေဆဲ ။ လှုပ်ရှားနိုင်ဆဲ ။ ထို့်အတူ မာန်မာနလည်း တံခွန်ထူဆဲ ။

" ဘယ်လိုလဲ သမီး ၊ မေမေ့ကို ကြည့်ရတာ တင့်တယ်ပါတယ်နော် "

ဒေါ်မိုးမေ ပျော်နေသည် ။ အဘယ့်ကြောင့်ဆိုသော် ယခင်က ညည်းဟု ခေါ်နေကျမိခင်ဖြစ်သူသည် ယခု သမီးဟု ခေါ်နေသည်လေ ။

" တင့်တယ်တာထက်ကို ပိုပါတယ် မေမေရေ ၊ တကယ်ကြည့်လို့ လှတယ် မေမေ "

" ရင်တွေတုန်နေတယ်အေ ၊ လက်စွပ်ကိုရော သေချာ ထည့်ထားလား "

" ထည့်ထားပါတယ် မေမေရယ် ၊ မေမေရဲ့ လက်ကိုင်အိတ်ထဲမှာ ထည့်ထားပြီးသား ၊ ဘာမှ စိတ်မပူနဲ့နော် "

" ဒါနဲ့ ယာယာလေးရော ၊ ပြင်ဆင်လို့ အဆင်ပြေရဲ့လားဆိုတာ သွားကြည့်လိုက်အုံး "

" အဲဒါဆိုရင် သမီး ယာယာ့ကို သွားကြည့်လိုက်အုံးမယ် "

" အေး...အေး..."

ဒေါ်မိုးယုခင် ယာယာ့အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် ငူငူငိုင်ငိုင် ထိုင်နေသော သားဖြစ်သူအား တွေ့လိုက်ရသည် ။ ယာယာ၏ မျက်နှာသည် ညိုးရော်နေ၏ ။ ဒေါ်မိုးယုခင်ကို လှမ်းကြည့်သည့် မျက်ဝန်းများတွင် ဝမ်းနည်းရိပ်အပြည့် ။ ဒေါ်မိုးယုခင် သက်ပြင်းကိုသာ နာနာလေးချမိတော့သည် ။ ဝမ်းနှင့်လွယ်မွေးထားသည့်သားလေ ။ မျက်နှာကို ကြည့်လိုက်သည်နှင့် ယာယာ၏စိတ်ခံစားချက် အများစုကို ဒေါ်မိုးယုခင် ဖတ်ရှု့နိုင်သည် ။ ဒေါ်မိုးယုခင် ယာယာ့ဘေးနား ကပ်ထိုင်လိုက်ကာ

" သားလေး အဆင်သင့်ဖြစ်ရင် အောက်ထပ်ဆင်းကြရအောင်လေ ၊ အခုဝတ်ထားရတာတွေကကော အဆင်ပြေရဲ့လား... မေ့သားလေး "

ခေါင်းခါပြကာ

" ယာယာ ဒါမျိုးတွေမှ မကြိုက်တာ ၊ နေရတာလဲ အဆင်မပြေဘူး ၊ ဒီကြယ်သီးတွေ ပြုတ်မကျအောင် သတိထားရတော့မှာ "

ယာယာသည် တန်ဖိုးကြီး အဝတ်အစားများကို မနှစ်သက်တတ် ။ တော်ရုံနေရာမျိုးဆိုလျှင် သက်သောင့်သက်သာ အဝတ်အစားများကို အမြဲရွေးချယ်သည်သာ ။ ယခုကဲ့သို့ စိန်ကြယ်သီးများတပ်ထားသည့် ဝတ်စုံအား အဘွားဖြစ်သူကိုကြောက်၍သာ ဝတ်ခြင်းဖြစ်၏ ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now