Episode(8)

5.3K 587 20
                                    

ကားအဖြူ ရောင်လေးသည် အနက်ရောင်တောက်ပနေသော ကတ္တရာလမ်းမကြီးပေါ်၌ တရိပ်ရိပ်ပြေးနေသည် ။ အပြင်ရာသီဥတုမှာ ပူလှသော်လည်း ကားအတွင်း၌ ဖွင့်ထားသောအဲကွန်းကြောင့် အေးမြမှုရှိနေ၏ ။ ကားရှေ့ခန်း၌ချိတ်ဆွဲထားသော စတော်ဘယ်ရီအနံ့ အမွှေးခဲကြောင့်လည်း ကားထဲမွာ မွှေးကြိုင်သောအနံ့လေးက ပျံ့လွင့်နေသည် ။ ကားနောက်ခန်းတွင် မိုးယုခင် ၊ ယာယာနှင့် အလင်းတို့ ထိုင်နေကြလျက် သုံးယောက်လုံး မျက်နှာမကောင်းကြချေ ။ မိုးယုခင်က ယာယာကိုကြည့်နေပြီး ယာယာ့မျက်ဝန်းလေးများကတော့ အလင်းဆီမှာသာ သက်ဆင်းနေ၏ ။

ကားမောင်းနေသော ဦးဘုန်းပိုင်နှင့် ရှေ့နေဖြစ်သူမှာ စကားစမြည်ပြောဆိုနေကြသည် ။ အိမ်ခြံမြေ ဈေးကွက်အကြောင်း ၊ ပညာရေးအကြောင်း ၊ နိုင်ငံရေးအကြောင်းလည်းပါ၏ ။

ကလေးနှစ်ယောက်လုံး၏ မျက်နှာများသည် ငိုထားသည့်အတွက် နီရဲရဲဖြစ်နေကြသည် ။ အသားညိုသော ယာယာမွာ သိပ်မသိသာသော်လည်း အသားဖြူ သောအလင်း၏မျက်နှာကတော့ ဆိုးဆိုးဝါးဝါးကို နီရဲနေ၏ ။

အလင်း မျက်နှာလေးသည် ကားမှန်အပြင်ကိုသာ ငေးကြည့်နေပြီး ယာယာကေတာ့ အလင်း၏ညာလက်လေးကို သူ့ဘယ်လက်လေးနှင့် တင်းတင်းဆုပ်ကိုင်ထားသည် ။ ဘေးနားမှာထိုင်နေသည့် အေမျဖစ်သူကို တစ်ချက်လေးတောင် ငဲ့မကြည့် ။ တစ်ခါတလေ အလင်းသူ့ကို ကြည့်စေရန်လည်း လက်လေးနှင့်ကုတ်ပြီး အကြည့်ချင်းဆုံသောအခါ အားပါးတရ ပြုံးပြနေသေးသည် ။ မွေးထားရသည့် သားဖြစ်သူ၏ အပစ်ပယ်ခံရခြင်းက မိုးယုခင်စိတ်ကို ယားကျိကျိနှင့် နေမထိထိုင်မသာ ဖြစ်စေသည် ။

ကားမောင်းနေရသည့် ဦးဘုန်းပိုင်က ဘေးခုံတွင်ထိုင်နေသောရှေ့နေဖြစ်သူကို

" ကလေးကို သန်းခေါင်စာရင်းထဲထည့်ဖို့ကိစ္စကိုလဲ ရှေ့နေကြီးကိုပဲ အကူအညီတောင်းပါတယ်ဗျာ "

ခပ်ပြုံးပြုံးမျက်နှာထားရှိသော ရှေ့နေကြီးက

" အစစအရာရာ စိတ်ချပါဗျာ ၊ ကျွန်တော် အဆင်ပြေအောင် အကုန်လုပ်ပေးမယ် ၊ ဦးဘုန်းပိုင် အဲဒီကိစ္စကို စိတ်အေးအေးထား "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now