Episode (21)

5.2K 570 20
                                    

ယခင်အတိုင်း ပုံစံမပြောင်းဘဲ ရှိနေဆဲဖြစ်သည့် အခန်းလေး ။ ထိုအခန်းထဲတွင် အမှတ်တရများစွာရှိသည် ။ ပျော်ရွှင်စရာအဖြစ်အပျက်လည်း ရှိသကဲ့သို့ ဝမ်းနည်းစရာများလည်း ရှိခဲ့ဖူးသည် ။

လက်​တော့ပ်နှင့် စာရင်းလုပ်​နေသည့် လက်ဝဲသည် ကုတင်​ပေါ်မှာထိုင်ပြီး သူ့ကို တမေ့တမြောငေးနေသည့် ယာယာမျက်နှာရှေ့ လက်ကို နှစ်ချက်ခန့် ခါလိုက်သည် ။ ထိုအခါမှ လက်ဝဲကို သွားအဖြဲသားနှင့် ရယ်ပြနေသည့်ကောင်လေး ။ အပြုံးလှသည့် လူတစ်ယောက်သည် ကျန်သည့် အစိတ်အပိုင်းများ ကြည့်မကောင်းလည်း ကြည့်ပျော်ရှု့ပျော်ရှိသည်ဟူသော စကားသည် ယာယာအတွက်တော့ မှန်လှသည် ။ ယာယာရယ်လိုက်လျှင် သိပ်ချစ်စရာ​ကောင်း၏ ။ အပြစ်လုပ်ထားလျှင်ပင် ခွင့်လွှတ်ပေးချင်စိတ် ပေါ်လာရသည်အထိ ယာယာအပြုံးမှာ အစွမ်းထက်လှသည် ။

ယာယာ နားရွက်ကားကားလေးကို လက်ဝဲ ခပ်ဖွဖွလေး လိမ်ဆွဲလိုက်ပြီး

" ဘာတွေ အဲဒီ​လောက်ကြည့်နေတာလဲ "

ခေါင်းကိုခါသည် ။ ရယ်ပြုံးပြုံး မျက်နှာထားလေးနှင့်

" မကြည့်ပါဘူး "

"ဘာမကြည့်ပါဘူးလဲ ... ကိုကိုသာ ဖယောင်းတိုင်ဆိုရင် ယာယာအကြည့်ကြောင့် အရည်ပျော်သွားပြီ "

" ယာယာက အဲဒီ​လောက်ကြည့်မိသွားတာလား "

လက်ဝဲ ခေါင်းညိတ်ပြလိုက်တော့ နောက်ထပ်တစ်ခါ ထပ်ရယ်ပြပြန်သည် ။ အပူအပင်ကင်းကင်းနှင့် ရယ်မောနိုင်သည့် ယာယာဘဝလေးကို အားကျမိ၏ ။ ဘာဖြစ်ရမှဆိုပြီးလည်းမရှိ ။ ဘာလိုချင်ပါသည်ဟုလည်းမရှိ ။

" ယာယာ...စဉ်းစားနေတာ "

" အင်း "

" ကိုကိုက ဘာလို့ ပိုပိုပြီး ကြည့်​ကောင်းလာရတာလဲ "

လက်ဝဲ သူ့နားထင်စပ်လေးကို လက်နှင့်ကုတ်လိုက်ကာ

" ယာယာ စိတ်ထင်လို့ပါကွာ ၊ ကိုကိုက ဒီအတိုင်းပါပဲ "

" မဟုတ်ပါဘူးနော် ၊ ကိုကိုက... ပိုကို...ချောလာတာ ၊ ယာယာ အကောင့်ထဲက ကောင်မလေးတွေဆိုရင် ကိုကိုနဲ့ သူငယ်ချင်း သိပ်ဖြစ်ချင်ကြတာ ၊ ယာယာကို ပြောခိုင်းနေတာလေ ၊ ယာယာကလဲ ပြန်ပြောလိုက်တယ် ၊ ကိုကိုက လက်ခံမှာ မဟုတ်ဘူးလို့ ၊ ယာယာတော်တယ်မို့လား... ကိုကို "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now