Final episode (48)

13.9K 652 107
                                    

လက်ဝဲ သူ့ရင်ခွင်ထဲခေါင်းတိုး၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသော ယာယာမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည် ။ ထိုမျက်နှာလေးသည် ဘယ်အချိန်ဖြစ်ဖြစ် လက်ဝဲ၏စိတ်ကိုငြိမ်းအေးစေ၏ ။ အပူမီးများကိုလည်း ဖယ်ခွာစေသည် ။

လွန်ခဲ့သည့်တစ်နှစ် ကလောကိုလာချိန် ယာယာနှင့်သူသည် ညီအစ်ကိုဆိုသော ပတ်သက်မှုအောက်တွင် ။ ယခုအကြိမ်တွင်တော့ သူတို့နှစ်ယောက်သည် အိမ်ထောင်ဖက်ဆိုသည့် ပတ်သက်ဆက်နွယ်မှုအောက်တွင် တည်ရှိနေခဲ့ပြီ  ။ တစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာပဲ ဖြစ်ပျက်သွားတဲ့အခြေအနေတွေက မနည်းလှဘူး ။ ထိုကောင်လေးကို အပြီးတိုင်လက်လွှတ်ရပြီဟု ထင်မှတ်ထားသည့် အခြေအနေကနေ တစ်သက်လုံးပိုင်ဆိုင်သွားရမည့် အခြေအနေသို့ ပြောင်းလဲသွားသည့် ကံကြမ္မာကိုလည်း ကျေးဇူးတင်မဆုံး ရှိလှသည် ။

ခပ်တိုးတိုးထွက်ပေါ်လာသည့် ညည်းညူ သံ ။ မျက်ခုံးလေးကိုလည်း ကျုံ့လိုက်​သေးသည် ။ ဒီအတိုင်းဘေးနားကထိုင်စီးရတဲ့ လက်ဝဲက ပြောပြလောက်အောင်မပင်ပန်းပေမဲ့ နာရီပေါင်းများစွာကားမောင်းရတဲ့ ယာယာကတော့ တော်တော်လေးပင်ပန်းသွားပုံ ။ မောင်းကျင့်မရှိခြင်းကြောင့်လည်း ပါပေလိမ့်မည် ။

ထိုအချိန်မှာပင် ယာယာ၏ မျက်ဝန်းအစုံသည် ပွင့်ဟလာသည် ။ ရင်ခွင်ထဲမှနေပြီး လက်ဝဲကို မော့ကြည့်လာ၏ ။ သူ့ကိုငုံ့ကြည့်နေသော လက်ဝဲ၏ မျက်ဝန်းများနှင့်ဆုံအခိုက် နှစ်နှစ်ကာကာပြုံးပြလာပြီး အိပ်ရာနိုးစဖြစ်၍ ခပ်အစ်အစ်အသံဖြင့်

" ဘယ်နှစ်နာရီရှိပြီလဲ ကိုကို "

လက်ဝဲ ခြေရင်းရှိတိုင်ကပ်နာရီအညိုရောင်ကို လှမ်းကြည့်လိုက်ကာ

" ခြောက်နာရီခွဲ ယာယာ ၊ ဘာဖြစ်လို့်လဲ "

လက်ဝဲ ရင်ခွင်ထဲကနေ အလူးအလဲထလိုက်သည့် ယာယာ ။ ကုတင်ပေါ်ကနေဆင်း၍ ခန်းဆီးအညိုရောင်ကို အသည်းအသန်ဆွဲဖွင့်ပြီး ကုတင်ပေါ်မှာရှိနေဆဲဖြစ်သော လက်ဝဲကိုလှည့်ကြည့်ကာ

" ကိုကို ဒီကိုလာကြည့်ပါအုံး ၊ တောင်ပေါ်မှာမြူ တွေဆိုင်းနေတာကို မြင်နေရတယ် "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now