Episode (14)

4.9K 610 32
                                    


ပြက္ခဒိန်စာရွက်များ တစ်ရွက်ပြီး တစ်ရွက်ကုန်လာသကဲ့သို့ နွေ ၊ မိုး ၊ ဆောင်း ရာသီဥတုများကလည်း အဖန်တလဲလဲ ဖြတ်သန်း​နေသည် ။

လက်ဝဲက ရှစ်တန်းကျောင်းသားဖြစ်၍ လက်ယာကတော့ လေးတန်းကို တက်​ရောက်​နေသည် ။လက်ဝဲသည် အတန်းထဲမှာလည်း တေဇမင်းတစ်​ယောက်တည်းနှင့်သာ အပေါင်းအသင်းလုပ်၏ ။  ဒါတောင် တေဇက သည်းခံပြီးပေါင်းသင်းလို့သာ ။ အတန်းငယ်တဲ့မိန်းကလေးတွေနဲ့ အတန်းကြီးတဲ့ မိန်းကလေးတွေကြားမှာပါ လက်ဝဲဘုန်းပိုင်ဆိုတဲ့ လူချောလေးက နာမည်ကြီး ။ မြို့နယ်တူတဲ့ ကျောင်းတွေကြားမှာလဲ လက်ဝဲဘုန်းပိုင်ဆိုတာ နာမည်ကောင်းနဲ့ ကျော်ကြားသူ ။ မြန်မာစာ စာစီစာကုံးပြိုင်မလား ၊ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်မလား ။ လက်ဝဲဘုန်းပိုင်က ထိပ်ဆုံးက​နေ ​ပြေး​နေပြီးသား ။ လက်ဝဲက စာတော်သလောက် ယာယာကတော့ အလယ်အလတ်အဆင့်သာ ။

သွားကျိုး​လေးဖြစ်ခဲ့သည့် ယာယာက ယခုအခါမှာ​တော့ ယုန်သွားလေးနှစ်ချောင်းပိုင်ဆိုင်ထားပြီ ။ ယုန်ညိုလေးပေါ့ ။ စိတ်ကြည်သည့်အခါမှာ မျက်နှာလေးကလည်း ကြည်​လင်လှ၏ ။ ရယ်မောစကားပြောသည့်အခါများမှာ မျက်လုံးလေးတွေက ပိုဝိုင်းလာသလို ယုန်သွားလေးတွေကလည်း ထင်ထင်ရှားရှားနှင့် ချစ်စဖွယ်ကောင်း၏ ။ အဲဒီယုန်သွားလေးတွေကို အသည်းတယားယားနဲ့ ချစ်ရသူက တေဇမင်း ။ အစ်ကိုဖြစ်သူကို မနက်ကျောင်းပို့တိုင်း ပါလာတတ်သည့် ကောင်လေးက သိပ်ကို ချစ်စရာ​ကောင်း၏ ။ စားစရာလေးတွေကို မနှမြောတတ်ဘဲ ကြည်ကြည်ဖြူ ဖြူ ကျွေးတတ်ဆဲ ။ အစ်ကိုဖြစ်သူကို သည်းသည်းလှုပ် ချစ်နေဆဲ ။ သူတစ်ပါး သူ့အစ်ကိုကို လုယူသွားမှာကို တွေးကြောက်နေဆဲဖြစ်သည့် ကလေးလေး ။

စာကို အသည်းအသန်ဖတ်နေပါ​သော လက်ဝဲကို ​တေဇ လက်ဖျားခါရသည် ။ ရပြီးသားကိုပဲ ဘာဖြစ်လို့များ အားကြိုးမာန်တက် ဖတ်နေရပါလိမ့် ။

" လက်ဝဲ "

" ..."

" လက်ဝဲလို့ "

ဒုတိယအကြိမ်ခေါ်မှ တစ်ချက် ကြည့်လာသည် ။ ကြည့်သည်ဆိုရုံလေးပင် ။  မျက်လုံးက စာအုပ်ဆီ ပြန်ရောက်သွားပြီ ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now