Episode (5)

6.3K 672 12
                                    

သား၏ နှလုံးခုန်သံကို ဂရုတစိုက်နားထောင်နေသည့် ဆရာဝန်ကို ကြည့်ပြီး မိုးယုခင်စိတ်မရှည်​တော့ပေ ။ အခန်းတွင်းမှာ တိတ်ဆိတ်လွန်းအားကြီးပြီး နံရံကပ်နာရီမှ နာရီလက်တံရွေ့လျားသံနှင့် မိမိတို့၏ အသက်ရှုသံများကိုပင် ကြားနေရသည် ။ ကုတင်ပေါ်မှ သားကတော့ နှုတ်ခမ်းများပင် ဖြူ ဖျော့နေတော့၏ ။ ဆရာဝန် နားကြပ် ဖြုတ်လိုက်တော့မှ

" ဆရာ... သား အခြေအနေက "

သက်ပြင်းချလိုက်သည်ကိုလည်း ကြားရပြီး မျက်နှာတွင်လည်း မိုးယုခင်တို့ကို အပြစ်တင်လိုဟန်အပြည့် ။

"ကျွန်တော် ပြောခဲ့သလိုပေါ့ ၊ ယာယာက စိတ်ချမ်းသာအောင် ထားရမဲ့ကလေး ၊ သူ့စိတ်လေးချမ်းသာမှ ခန္ဓာကိုယ်ကလဲ ကျန်းမာလိမ့်မယ် ၊ နှလုံးရောဂါသည်တွေအတွက် စိတ်က အရာရာပဲ​လေ ၊  ယာယာစိတ်ကို နာကျင်စေမဲ့ ကိစ္စတွေ မဖြစ်စေချင်ဘူး"

ပြန်ဖြေစရာ စကားလုံး မရှိပေ ။ သားလေးက ထိုကလေးအပေါ် ဤမျှလောက် တွယ်တာသွားမည်ဟု မထင်ခဲ့​ချေ ။ အိပ်ရာပေါ်မှာ ပက်လက်လေး ဖြစ်နေသော သားပုံစံလေးက မိုးယုခင်၏ ရင်ကိုဓားတုံးတုံးနှင့် ထိုးနေသကဲ့သို့ ။ ရပ်ကြည့်နေသော ဦးဘုန်းပိုင် မျက်နှာကလည်း ပြိုတော့မည့်မိုးနှယ် အုံ့မှိုင်းနေ၏ ။

အလင်းဟု အမည်ရသော ကောင်​လေးနှင့် မတွေ့ရသောအခါသားသည် ထမင်းမစားတော့ချေ ။ ဇွတ်ကျွေးလည်း သုံးလုတ်လောက်သာစားပြီး မှိုင်မှိုင်တွေတွေ ငေးငေးမောမောနှင့် ငြိမ်နေတတ်သည် ။

သုံးရက်မြောက်မှာတော့ သား၏ အသက်ရှုနှုန်းများက မူမမှန်ချင်တော့ ။ မျက်တွင်းလေးများဆိုလျှင် ချိုင့်ဝင်နေသည် ။ မိသားစု ဆရာဝန်ကို အမြန်ခေါ်ပြီး ကြည့်ခိုင်းလိုက်သောအခါ ရလာသော အဖြေက စိတ်ချမ်းသာအောင် ထားပေးပါတဲ့ ။သားစိတ်ချမ်းသာရန်အတွက် ထိုကောင်လေးဆီ အမြဲပို့ရန်ကလည်း မဖြစ်နိုင် ။ အသွားအပြန်ခရီးဆိုလျှင် ကားပေါ်မှာတင် နာရီနှင့်ချီပြီး အချိန်ကုန်ပေလိမ့်မည် ။ လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင်ဆွေးနွေးပြီး ရလာသော အဖြေက အလင်းကို မွေးစားရန် တစ်ခုသာ ရှိတော့သည် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now