Episode (37)

4K 424 3
                                    

လက်ဝဲ အကြောက်ဆုံးအလုပ်သည် ကင်မရာရှေ့ ရပ်ရခြင်း ဖြစ်၏ ။ ထို့်အတွက်ကြောင့် ဓာတ်ပုံတောင် သိပ်မရိုက်ဖြစ် ။ ယခုကဲ့သို့ ဂျာနယ်လစ်နှင့် မျက်နှာချင်းဆိုင် အင်တာဗျူးရန် ဆိုသည်ကတော့ အိပ်မက်ပင်မမက်ခဲ့ ။ သူ့ခုံဘေးမှာ ထိုင်နေသည့် သော့်ကို ကြည့်ပြီး

" ကျွန်တော် အဆင်ပြေမှာ မဟုတ်ဘူး...သော် ၊ အဲဒီလိုမျိုးတွေ တစ်ခါမှလဲ အမေးမခံရဖူးဘူး ၊ သော် တစ်ယောက်တည်းပဲ ဖြေလိုက်ပါလားဗျာ "

" သော် ပြောတယ် ၊ သူတို့က အတင်းကြီး လက်ဝဲကိုပါ မေးချင်နေတာ "

" ကျွန်တော် အဲဒီလိုမျိုးတွေကို စိတ်ရှုပ်တယ် သော်ရာ ၊ အခုတောင် နေလို့မရဖြစ်နေပြီ "

" ခဏလေးပါ လက်ဝဲရဲ့ ၊ သော် တစ်ယောက်လုံး ဘေးနားမှာရှိနေတာပဲ ၊ လက်ဝဲက ဒီအတိုင်းလေးပဲ ရပ်နေလေ ၊ သော်ပဲ သူတို့မေးသမျှ ဖြေလိုက်မယ် ၊ ငြင်းလို့ကတော့ မကောင်းဘူးလေ "

" ကျွန်တော် သူတို့ကင်မရာတွေကို ကြောက်တယ် "

" အဲဒါဆိုလဲ ကင်မရာကို သွားမကြည့်နဲ့ ၊ သော့်မျက်နှာကိုပဲ ကြည့်နေ "

လက်ဝဲ သက်ပြင်းချ၍ ခေါင်းညိတ်ပြလိုက်သည် ။

သတင်းအသစ်များကို ဆာလောင်သောခေတ်ဖြစ်သည့်အလျှောက် နာမည်ကြီး မင်းသား ၊ မင်းသမီး ၊ မော်ဒယ်လ်မှစ၍ social influencerများ၏ သတင်းအထိ ပရိသတ်များက သိချင်သည် ။ ထိုမြားဦးသည် သော့်ဆီကို လှည့်လာသည် ။ သော့်ရဲ့ ပရဟတိတသင်ကြားပေးတဲ့ စက်ချုပ်သင်တန်းကလဲ အခုတလော အင်တာနက်မှာ တော်တော်လေး ဟော့နေတယ်လေ ။

အစကတော့ သော်လည်း အင်တာဗျူးမည့်ကိစ္စကို ငြင်းရန်သာ ။ သို့သော်လည်း အခြေအနေက လက်ခံစကားပြောရမည့်ပုံစံ ။ သော့် တစ်ယောက်တည်းဆိုလျှင် ကိစ္စမရှိသော်လည်း ယခုဟာက လက်ဝဲကိုပါ အင်တာဗျူးချင်ပါသည်တဲ့ ။ ဟိုတစ်ယောက်ကလဲ အဲဒီစကားကြောင့် မျက်နှာက ဆီးရွက်လောက်ပဲ ကျန်တော့တယ် ။

လက်ဝဲနှင့်သော့်ရှေ့ကို ရောက်ရှိလာသည့် မိုက်နှင့် မျက်နှာကိုထိုးလိုက်သည့် မီးရောင်ကြောင့် လက်ဝဲနဖူးစပ်တွင် ချွေးများစို့လာတော့သည် ။ သော်ပြောထားသလို ကင်မရာကို မကြည့်ဘဲနှင့် သော့်မျက်နှာကိုသာ ကြည့်နေရ၏ ။ ထိုကဲ့သို့လုပ်သည့်တိုင် စိတ်ကလှုပ်ရှားနေသေးသည် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now