Episode (6)

5.8K 650 9
                                    


ဖုန်းပြောနေသော ဦးဘုန်းပိုင်ကို ကြည့်ပြီး ဒေါ်မိုးယုခင်ပါ ထပ်တူ စိတ်လှုပ်ရှားလျက်ရှိ​နေသည် ။

" ကျွန်တော်တို့ဘက်က ရှေ့နေနဲ့ စာချုပ်စာတမ်းတွေ ပြင်ဆင်ပြီးတာနဲ့ အမြန်ဆုံး လာခဲ့ပါ့မယ် "

"..."

" ဘာမှ အထွေအထူး ပြင်စရာမလိုပါဘူး ခင်ဗျာ ၊ ကျွန်တော်တို့က ဒီမှာ အားလုံးစီစဉ်ပေးထားမှာဆိုတော့ "

"..."

" ကျွန်တော်တို့က ကျေးဇူးတင်ရမှာပါ ၊ ဒီလို ကလေးမျိုးကို ကျွန်တော်တို့သားအဖြစ် ပိုင်ဆိုင်ခွင့်ရတာကို "

"..."

" အဲဒါဆိုရင် ကျွန်တော်တို့လာမဲ့ နေ့ကျရင် ဖုန်းထပ်ဆက်ပါ့မယ် ၊ ကျွန်တော် ဖုန်းချလိုက်တော့မယ်နော် ၊ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ "

ပြုံးနေသော ခင်ပွန်းမျက်နှာကို ကြည့်သည်နှင့် အဆင်ပြေမှန်း ရိပ်မိသော်လည်း နားနှင့် ကြားချင်သေးသည် ။

" အဆင်ပြေတယ်မို့လား...ကို "

မိုးယုခင် အသံသည် စိတ်လှုပ်ရှားမှုကြောင့် အဖျားခတ်တုန်နေ၏ ။

" ပြေတယ်...မိုး ၊ ကို ရှေ့နေနဲ့ စာချုပ်စာတမ်းတွေ ပြင်ဆင်ပြီးတာနဲ့ သွားခေါ်ကြမယ် "

" ဘာတွေ ပြင်ဆင်ဖို့လိုမလဲ မသိဘူး ၊ မိုးလဲ စိတ်တွေ လှုပ်ရှားပြီး ခေါင်းက အလုပ်မလုပ်တော့ဘူး ၊ သားကို ပြောပြရမယ် ၊ တော်တော် ဝမ်းသာသွားမှာ "

ရွှင်လန်းမြူးတူးစွာ ကလေးတစ်ယောက်လို ပျော်နေသော ဇနီးလေးကို ကြည့်ပြီး

" သား​လေး သိပ်ပျော်သွားမှာ ၊ အခန်းထဲမှာမို့လား ၊ မိုး သွားပြောလိုက် ၊ ကို ရှေ့နေကို ဖုန်းခေါ်လိုက်အုံးမယ် "

" ဟုတ် "

ခေါင်းညိတ်လျက် မိမိ၏ ပါးကို လာနမ်းသော မိုးယုခင်ကို ကြည့်ပြီး ဦးဘုန်းပိုင် သဘောတကျကို ရယ်မောမိသည် ။ ဒါက မိုးယုခင် စိတ်ပျော်နေလျှင် လုပ်လေ့ရှိသည့် အကျင့်လေး ။

သိပ်မကြာမီ အချိန်မှာ​တော့ ပျော်ရွှင်စွာ ခုန်ပေါက်နေသော လက်ယာဘုန်းပိုင် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Onde histórias criam vida. Descubra agora