Episode (36)

4K 449 11
                                    

အချစ်ဆိုတာကို ဘယ်လို အဓိပ္ပါယ်သတ်မှတ်ကြလဲ ။ သူ့အတွက်တော့ အချစ်ဆိုတာ လက်ဝဲဘုန်းပိုင်ဆိုတဲ့ လူသားတစ်ယောက်သာ ။ စတွေ့တွေ့ချင်းကတည်းက ချစ်ခဲ့ရတဲ့လူ။ အနားမှာထားချင်လွန်းလို့ ပူဆာခဲ့ရတဲ့လူ ။

အင်္ကျီအနီရဲရဲလေးကို ဝတ်ထားတဲ့ လူသားလေးက သူ့အမြင်အာရုံထဲကို တည့်တည့်မတ်မတ်ဝင်လာခဲ့တယ် ။ ချောလိုက်တာ ။ သူချစ်ရတဲ့ မေမေ့လိုမျိုး အဲဒီလူသားလေးကလဲ သိပ်ချောတယ် ။ အဲဒီလူသားလေးမှာ သူစားနေကျ စတော်ဘယ်ရီဂျယ်လီလိုမျိုး နှုတ်ခမ်းရဲရဲလေးလဲ ရှိတဲ့အပြင် မျက်လုံးနက်နက်လေးလဲ ရှိသေးတာ ။ သူတွေ့ဖူးတဲ့လူတွေထဲမှာ မေမေနဲ့ အဲဒီလူသားလေးက အချောဆုံးပဲ ။

သူက အဲဒီလူသားလေးကို ကိုကိုလို့ခေါ်တယ် ။ ကိုကိုလို့ခေါ်လိုက်တိုင်း ရင်ထဲမှာ သိပ်ပျော်တာပဲ ။

ကလေးဆိုပေမဲ့ ကိုကို သူ့အပေါ်မှာထားတဲ့ မလိုလားမှုတွေကို သိနားလည်ခဲ့တယ် ။ ကိုကိုက သူ့ကို မချစ်ဘူး ။ သူ့ကို ကိုကို ချစ်လာအောင် သူတတ်စွမ်းသမျှ ကြိုးစားခဲ့တာလေ ။

သူစိတ်အပူဆုံးက သူ့ဆီကနေ ကိုကို့ကို သူများလုယူသွားမှာကိုပဲ ။ ကိုကိုက သိပ်ချောတယ် ။ သူ့ဆီကို ကိုကိုလာရင် အတန်းထဲက တချို့ကောင်မလေးတွေက ကိုကို့ကို အသေကြည့်ကြတာ ။ စိတ်တိုစရာတွေချည်း ။ ကိုကိုက သူ့အပိုင်လေ ။ သူတစ်ယောက်တည်းပိုင်တယ် ။အစတုန်းကဆိုရင် ကိုကိုတေဇကိုပါ ကြည့်မရခဲ့ဘူး ။ ကိုကို့ကို
အတင်းကြီးဖက်တာကို ။ သူက အဲဒီတော့ စိတ်တိုရရော ။ နောက်ပိုင်းကျမှ ကိုကိုတေဇကိုပါ ချစ်လာမိတာ ။

ကိုကိုက အိပ်ရင် သူ့အသားကိုထိတာ မကြိုက်ဘူး ။ ကိုကို့အသားကို သွားထိတာနဲ့ မသိမသာလေး တွန်းလွှတ်ပါလေရော ။ အဲဒီအခါကျရင် သူက ကိုကိုအိပ်တဲ့အချိန်အထိ အိပ်ဟန်ဆောင်လိုက်တယ် ။ ကိုကိုအိပ်ပျော်သွားမှ ကိုကို့လက်လေးကို ကိုင်ပြီးအိပ်တာပေါ့။

ကိုကိုက ပစ္စည်းတွေဆိုရင် သေချာ သပ်သပ်ရပ်ရပ်ထားတတ်တယ် ။ အဲဒီတော့သူလဲ ကိုကို့လိုပဲ စနစ်တကျထားတတ်အောင် ကြိုးစားရတာပေါ့ ။ အိမ်မှာ လိုအပ်တာတွေကို လုပ်ပေးမဲ့သူတွေ ရှိနေပေမဲ့ ကိုကိုက သူ့အိပ်ရာသူသိမ်းတယ် ။ အဝတ်အစားအပေတွေဆိုရင်လဲ အဝတ်အပေထည့်တဲ့ ခြင်းထဲမှာပဲ စနစ်တကျထည့်ထားတယ် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now