Episode (4)

6.7K 742 5
                                    

မိမိ၏ ရင်ခွင်ထဲမှ သားဖြစ်သူကို ငုံ့ကြည့်မိတော့ လမ်းဘေးရှုခင်းများကို တွေတွေလေး ငေးကြည့်နေ၏ ။ ထိုသို့ငြိမ်သက်တိတ်ဆိတ်နေသည့် သားဖြစ်သူကိုမြင်ရတော့ ရင်ထဲမကောင်းလှ ။ ကလေးသေးသေးလေးက ဘာကိုများ ဤမျှလောက် အတွေးနက်နေသည် မသိ ။ ပါးပြင်လေးကို လက်နှင့်တို့ပြီး နာမည်လေးခေါ်လိုက်တော့ မော့ကြည့်လာသော မျက်ဝန်းတစ်စုံမှာ ဝမ်းနည်းမှုများအပြည့်ပင် ။

" မေမေ့သားလေးက ဘာတွေတွေးနေတာတုံး ၊ မေ့မေ့ကို ပြောပြအုံးလေ "

နားရွက်ကားကားလေးများကိုလည်း အသည်းတယားယားနှင့်ကိုင်မိတော့ ကိုယ်လုံးလေးကို တွန့်လိမ်ပြီး

" ယာယာ... ယားတယ် ... မေမေကလဲ "

" မေမေ မေးတာကို ဖြေလေ ၊ ဘာတွေ အဲဒီလောက် စဉ်းစားနေတာလဲ "

" ကိုကို့ကို သတိရေနတာ "

" ဘယ်ကိုကို ...သြော် ခုနက တွေ့ခဲ့တဲ့ ကိုကိုလား "

ခပ်တွေတွေ မျက်နှာထားလေးနှင့် ခေါင်းညိတ်ပြပြီး ဘေးကို အကြည့်လွှဲသွားသော သားဖြစ်သူကို ကြည့်ပြီး မိုးယုခင် စိတ်ထဲမကောင်းလှ ။ သားလေးသည် အဖော်မင်လှပြီး သံယောဇဉ်လည်း ကြီးတတ်၏ ။ ကျန်းမာရေး မကောင်းလှသဖြင့် အပြင်မူကြိုကို မထားဘဲ အိမ်မှာဆရာမခေါ်၍ စာသင်ပေးထားရသော သားလေးသည် ရွယ်တူကလေးများကို တွေ့လျှင် တော်တော်နှင့် ပြန်ခေါ်၍ မရချေ ။

ထိုဂေဟာမှ ကောင်လေးသည် မျက်နှာလေးကပင် ချစ်စဖွယ်အပြည့် ။ သားလေးကိုလည်း ဂရုတစိုက်နှင့် ထမင်းခွံ့ကျွေးနေခြင်းကို မြင်ရသည်မှာ မိခင်တစ်ယောက်အနေနှင့် စိတ်ချမ်းသာရသည် ။  သားဆီမွ ထိုကောင်လေးအကြောင်းကို သိချင်၍

" ကိုကို့ကို ယာယာက ဘာလို့ချစ်တာလဲ "

လက်လေးက ကားတံခါးမှန်ကို တို့ထိကစားပြီး

" ကိုကိုက ချောတယ် ၊ နောက်ပြီး ကိုကို့ အသားက မေမေ့လိုပဲ ဖြူ ဖြူ လေး ၊ နောက်ပြီးတော့ ကိုကို့ပါးလေးက မွှေးတယ် "

အပြန်အလှန် စကားပြောနေသော ဇနီးနှင့်သားဖြစ်သူကို ကြည့်၍ ဦးဘုန်းပိုင် ပြုံးမိလေ၏ ။ ဤကမ္ဘာပေါ်တွင် ဦးဘုန်းပိုင် အချစ်ရဆုံးမှာ မျက်စိရှေ့မှ လူသားနှစ်ယောက်ပင် ။ ဇနီးဖြစ်သူလိုချင်သော ဆန္ဒများကို မပြည့်မရှိရလေအောင် အမြဲဖြည့်ဆည်းပေးခဲ့သည် ။ သားကိုလည်း မျက်နှာတစ်ချက် မငယ်စေရ ။ ချစ်ရသည့်သူ နှစ်ယောက်ကတော့ ပြောလိုက် ဆိုလိုက် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Место, где живут истории. Откройте их для себя