Episode (30)

4.6K 468 31
                                    

မျက်နှာချင်းဆိုင်ထိုင်နေကြသည့် ဦးဘုန်းပိုင်နှင့် လက်ဝဲ ။ ဦးဘုန်းပိုင်က ခုံမှာထိုင်၍ လက်ဝဲက ကုတင်ပေါ်တွင် ထိုင်နေသည် ။

ဦးဘုန်းပိုင် လက်ဝဲ၏မျက်နှာကို စေ့စေ့စပ်စပ်ကြည့်လိုက်မိသည် ။ ယခုတလော လက်ဝဲ မျက်နှာမကောင်းသည်ကို သတိထားမိနေသည် ။

" သားကြီး မျက်တွင်းတွေကျနေတယ်နော် ၊ ဘာစိတ်ညစ်စရာ ရှိလို့လဲ ၊ အခက်အခဲ တစ်ခုခုရှိရင် ဖေဖေ့ကိုပြောနော် ၊ တစ်ယောက်တည်း ကျိတ်ပြီးမဖြေရှင်းနဲ့ "

လက်ဝဲ သူ့မျက်လုံးအောက်ကို လက်နှင့်ထိကြည့်လိုက်ပြီး မလုံမလဲဟန်ဖြင့် တစ်ချက်ပြုံးလိုက်၏ ။

" အိပ်ရေးပျက်လို့ပါ ဖေဖေ ၊ တခြားအခက်အခဲတော့ မရှိပါဘူး "

" အေးပါ သားကြီး အဆင်ပြေရင်ပြီးတာပဲ ၊ တတ်နိုင်ရင်တော့ အိပ်ရေးပြည့်အောင်အိပ် ၊ အစားအသောက်ပျက်ရင် ဖြည့်လို့ရပေမဲ့ အိပ်ရေးကတော့ ဘာနဲ့မှဖြည့်လို့မရဘူးနော် ၊ ဖေဖေပြောတာကို နားလည်တယ်မို့လား "

ဦးဘုန်းပိုင်၏ပုံစံသည် တစ်စုံတစ်ခုကို ပြောချင်နေဟန်ရသည် ။

" ကျွန်တော် နားလည်ပါတယ် ဖေဖေ ၊ ဒါနဲ့ ဖေဖေ ကျွန်တော့်ကို ပြောစရာများ ရှိလို့လား "

ဦးဘုန်းပိုင်သည် မည်သည့်စကားမှ မပြောသေးဘဲ သူ့နှာခေါင်းပေါ် လျှောကျနေသည့် မျက်မှန်ကို လက်ညှိုးထိပ်လေးနှင့် ပင့်တင်လိုက်သည် ။ ခဏကြာမှ

" ပြောစရာတော့ ရှိတယ် သားကြီးရာ ၊ တခြားမဟုတ်ပါဘူး ၊ သားကြီး ညီလေးရဲ့ အိမ်ထောင်ရေးကိစ္စပါ ၊ အဲဒါ သားကြီးကို ကြို ပြီး အသိပေးထားတာ "

ရင်ထဲမှာ ငလျင်လှုပ်သွားသကဲ့သို့ လက်ဝဲ ခံစားလိုက်ရသည် ။ တေဇ ပြောခဲ့သည့် ကိစ္စက တကယ်ကို ဖြစ်လာခဲ့ပြီ ။

ဦးဘုန်းပိုင် အကြီးအကျယ် ပျက်ယွင်းသွားသည့် လက်ဝဲမျက်နှာကို ကြည့်၍

" သားကြီး နေမကောင်းဘူးလား ၊ ဘာဖြစ်လို့လဲ "

လက်ဝဲ နဖူးစပ်မှတစ်ဆင့် ပါးပြင်ပေါ်သို့ စီးဆင်းလာသော ချွေးများကို လက်နှင့် ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now