Episode (46)

6.1K 473 17
                                    

" မောင်ရင်ရဲ့ နာမည်က လက်ဝဲဘုန်းပိုင်နော် ၊ အဲဒီနာမည်က မှန်တယ်ဆိုရင် ဆရာ့ကို မျက်တောင်သုံးချက်ခတ်ပြပါ "

ဆရာဝန်ကြီး ​ခိုင်းသည့်အတိုင်း မျက်တောင်များကို ဖွင့်လိုက်ပိတ်လိုက် ဖြည်းဖြည်းချင်း လုပ်ပြသည့် လက်ဝဲ ။

" ဆရာက မောင်လက်ဝဲရဲ့ လက်ထဲကို လက်ညှိုးထည့်လိုက်မယ် ၊ ခပ်တင်းတင်းလေး ဆုပ်ကြည့်ပေး "

ဆရာဝန်ခိုင်းသည့်အတိုင်း လုပ်ပြီးသည်နှင့် လက်ဝဲ၏ အကြည့်များသည် အခန်းထောင့်တွင်ရပ်နေသော ယာယာဆီကို ရောက်ရှိသွားသည် ။ ခံစားချက်မျိုးစုံ ရောထွေးနေသော မျက်နှာနုနုလေးက သူ့ကို စူးစူးနစ်နစ် ကြည့်​နေ၏ ။ ထိုမျက်နှာကြည်ကြည်လေးသည် ယခင်အချိန်များကဲ့သို့ပင် လက်ဝဲ၏ နှလုံးသားကို လှုပ်ခါနိုင်ဆဲ ။

အိပ်မက်မက်နေသည်လား ။ သို့တည်းမဟုတ် လက်တွေ့အဖြစ်အပျက်လားဟု သေချာစေရန် ယာယာ သူ့လက်လေးကိုသူ ခပ်နာနာလေး ဆွဲဆိတ်မိသည် ။ အား...နာသားပဲ ။ ဒါဆိုရင် ကိုကို သတိရလာခဲ့တာ တကယ်ပေါ့ ။ မျက်လုံးရှေ့ ​တွေ့နေရသော်လည်း မယုံမရဲ ဖြစ်​နေသည့် စိတ်က လျော့မသွားသေး ။ ထိုလူသားကိုသာ တစိမ့်စိမ့် ကြည့်နေချင်သည့် စိတ်က ပို၍သာတိုးလာ၏ ။

ယခုအချိန် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူသားမှာ ယာယာပင် ဖြစ်ပေလိမ့်မည် ။ အကြာကြီး အိပ်ပျော်နေမည်ဟု ထင်ထားသူက ခပ်မြန်မြန်သာ နိုးထလာခဲ့သည် ။ ဘယ်လောက်ပျော်နေကြောင်းကို စာဖွဲ့လို့မရ ။ ယာယာ သိပ်ပျော်တာပဲ ကိုကို ။ ပျော်လွန်းလို့ ငိုချင်လာပြီ ။

ထိုအချိန် အခန်းတံခါးဖွင့်သံနှင့်အတူ ပြုံးပျော်နေသော မျက်နှာများဖြင့် အခန်းထဲ ဝင်လာသည့် ဦးဘုန်းပိုင်နှင့် ဒေါ်မိုးယုခင် ။ နှစ်ယောက်လုံး၏ အကြည့်များက ကုတင်ပေါ်မှ လက်ဝဲဆီသို့ ပြိုင်တူကျရောက်သွားသည် ။ ဦးဘုန်းပိုင်က ကုတင်ဆီသို့ ​လျှောက်သွားပြီး ဒေါ်မိုးယုခင်က အခန်းထောင့်မှာ ငြိမ်ငြိမ်လေးရပ်နေသည့် ယာယာ၏ လက်မောင်းကို ဖက်လိုက်သည့်အခါ မျက်လုံးဝိုင်းလေးနှင့် စောင်းကြည့်လာ၏ ။ ဒေါ်မိုးယုခင် မျက်ရည်ဝိုင်းနေသည့် ယာယာ၏ မျက်ဝန်းအိမ်ထဲကို စူးစိုက်ကြည့်ပြီး အသံခပ်တိုးတိုးဖြင့်

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now