Episode (15)

5.3K 626 15
                                    

လက်ထဲရောက်လာသော ချောကလက်ထုပ်များနှင့် အပြာနုရောင်စာအိတ်ကို ကြည့်ပြီး ကြောင်အမ်းအမ်းဖြစ်သွားရသည့် လက်ဝဲ ။ စာပေးခံရတာ လက်ဝဲ အတွက်တော့ ထူးဆန်းသောအရာ မဟုတ် ။ ကိုယ်တိုင်လာမပေးသည့်တိုင် လက်ဝဲ ထိုင်သည့် ခုံတန်းမှာတင်ထား​သော စာအိတ်များကို ကြုံဖူးခဲ့သည် ။ တစ်ခါမှတော့ ဖွင့်မကြည့်ဖြစ်ခဲ့ပါ ။ အခုလိုမျိုး ရဲရဲတင်းတင်း ကိုယ်တိုင်ကိုယ်ကျ လာပေးခြင်းကိုတော့ ပထမဆုံးကြုံတွေ့ဖူးခြင်းလို့ ပြောရမယ် ။ ပိုပြီး ထူးဆန်းသည်က လာပေးသည့်သူမှာ ယောက်ျားလေး ဖြစ်နေခြင်းပေ ။

ဆွေးဆွေး​မြေ့​မြေ့စိုက်ကြည့်နေသော မျက်ဝန်းများသည် ကျားကျားယားယားပုံစံနှင့် မလိုက်ဖက်ပေ ။ ထိုကောင်ကို လက်ဝဲ ကောင်းကောင်းသိသည် ။ ဆယ်တန်း အေခန်းကကောင် ။ စာတော်သည့်ကျောင်းသားမို့ သတိထားမိနေခြင်းဖြစ်၏ ။ နောက်ပြီး ယခုလို ဖေဖော်ဝါရီလမှာ ဆယ်တန်းများ ကျောင်းမလာကြတော့သဖြင့် ပိုအံ့သြမိသည် ။

မနက်အစောမို့ အိမ်သာထဲ လူရှင်းနေ၍သာတော်တော့သည် ။ လူအများရှေ့သာ ယခုလို စာပေးခံရပါက ရှက်လွန်း၍ ထိုကောင်ကို တစ်ခုခု လုပ်မိသွားနိုင်၏ ။ လက်ဝဲ၏ ဒေါသထွက်နေသော ပုံစံကို ကြည့်ပြီး

" မကျေနပ်ရင် ကိုယ့်ကို ထိုးလို့ရတယ် ၊ ကိုယ်က ဆယ်တန်းဖြေရတော့မှာ ၊ ဖြေပြီးရင်လဲ လက်ဝဲဘုန်းပိုင်နဲ့ ထပ်တွေ့ဖို့ဆိုတာ မသေချာဘူး​လေ ၊ ကိုယ့်ရင်ထဲမှာ ခံစားရတာ​တွေကို သိမ်းမထားနိုင်တော့လို့ အခုလိုမျိုး ဖွင့်ပြောရတာပါ "

အသံကြားနေရသော်လည်း အဓိပ္ပါယ်ကဘာဆိုတာ သိနေသော်လည်း စိတ်တိုလွန်းသဖြင့် လက်သီးကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်မိ၏ ။ အစော်ကားခံရတာ ။ လက်ဝဲနေတာ ဘယ်နေရာကများ နွဲ့နှောင်းနေလို့ ဒါမျိုး အပြောခံရတာလဲ ။ အဖြူ အစိမ်းဝတ်ထားတဲ့ လူတစ်ယောက်က တခြားကျောင်းသားတစ်ယောက်ကို စော်ကားလိုက်တာပဲ ။ စိတ်ထဲရှိသည့်အတိုင်းဆိုလျှင် မျက်ခွက်ကို ဖူးရောင်သွားအောင် ထိုးပစ်မိလိမ့်မည် ။ ယခုတော့ ထိုသို့ လုပ်၍မဖြစ် ။ နာမည်ပျက်မခံနိုင် ။ အနာအဆာကင်းကင်းနဲ့ပဲ နေချင်တယ် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now