Episode (39)

4.2K 448 7
                                    

" ရောင်းအားက မကျသွားပေမဲ့ အမြတ်ငွေကတော့ ကျသွားတယ်နော် လက်ဝဲ "

Laptop ကြည့်၍ ပြောလိုက်သည့် တေဇ စကားသံ ။ လက်ဝဲက လက်ထဲတွင် ကိုင်ထားသည့် ရေခွက်ထဲမှ ရေကို ကုန်အောင်မော့သောက်ပြီးမှ ခေါင်းညိတ်ပြသည် ။

" ကုန်ဈေးနှုန်းတွေက မတရားတက်နေတာလေ ၊ ဒါတောင်မှ အလေအလွင့်မရှိအောင် တော်တော်လေးကြပ်မတ်ထားရတာ "

" အစားအသောက်တွေကို ဈေးနည်းနည်းတင်လိုက်ရင်ရော "

လက်ဝဲက တေဇစကားကို ခေါင်းခါပြီး

" အခုလောလောဆယ် ဈေးတင်ဖို့ကတော့ မဖြစ်သေးဘူးကွ ၊ တောင့်ခံလို့ ရသရွေ့တော့ တောင့်ခံရမှာပဲ ၊ ငါတို့ဆိုင်မှာ အဓိကစားသောက်နေတာက ဆယ်ကျော်သက်လူငယ်လေးတွေ များတယ် ၊ ငါးရာလဲငါးရာ ...တစ်ထောင်လဲတစ်ထောင် ...ဈေးတက်လိုက်တာနဲ့ သူတို့လေးတွေ ခက်ခဲမှာပဲကွ ၊ တခြားနည်းလမ်းစဉ်းစားကြတာပေါ့ကွာ..."

တေဇသိတဲ့ လက်ဝဲဆိုတာက အဲဒီလိုလူစားမျိုး ။ အပေါ်ယံကြည့်လိုက်ရင် မာကျောတယ်ထင်ရပေမဲ့ လက်ဝဲရဲ့ အတွင်းစိတ်နှလုံးက နူးညံ့တယ် ။ သူများကို ကူညီပေးလိုက်ရင်တောင် လူသိမှာကို သိပ်ကြောက်တတ်တဲ့သူမျိုး ။

လက်ဝဲ သူ့ကို ပြုံးတုံ့တုံ့မျက်နှာနှင့် စိုက်ကြည့်နေသော တေဇကြောင့်

" ဘာဖြစ်နေတာလဲ မင်းမျက်နှာက ၊ ငါ့ကိုရော ဘာဖြစ်လို့ အဲဒီလောက်ကြည့်နေရတာလဲ "

" ငါတို့နှစ်ယောက် ပထမဆုံးစတွေ့တဲ့ အချိန်ကို သတိရသွားလို့ပါ ၊ အဲဒီတုန်းက မင်းရဲ့မျက်နှာကြီးကိုကြည့်ပြီး ငါ့မှာ ကြောက်လိုက်ရတာကွာ ၊ မသိများမသိရင် တစ်ကမ္ဘာလုံး မင်းလုပ်စာ စားထားတဲ့ရုပ်နဲ့လေ ၊ ငါ့မှာ မင်းကို စကားသာပြောရတယ် ၊ ဘယ်အချိန်မှာများ ငါ့ကို ထအော်မလဲဆိုပြီး စိုးတထိတ်ထိတ်နဲ့လေ "

" ငါက အဲဒီလိုပဲ နေတတ်တာလေ ၊ တမင်လုပ်တာ မဟုတ်ပါဘူးကွာ "

" ငါ သိပါတယ် လက်ဝဲရာ ၊ ဒီစကားကလဲ အကြောင်းတိုက်ဆိုင်လို့ ပြောဖြစ်သွားတာပါ ၊ ဒါနဲ့ ကြီးကြီးရော နေကောင်းရဲ့လား "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now