Episode (29)

4K 414 13
                                    

လွန်ခဲ့သောခြောက်နှစ်ကျော်ခန့်က ဒေါ်မိုးယုခင်သည် သူ့ကိုယ်ပိုင် စိန်တစ်ဆင်စာကို ဒေါ်မိုးမေမသိအောင် ရောင်းချပြီး လက်ဝဲ စားသောက်ဆိုင်ဖွင့်မည့်ကိစ္စကို တစ်ဖက်တစ်လမ်းမှ ကူညီပေးခဲ့သည် ။ မထင်မှတ်ထားလောက်အောင် ကျေးဇူးတင်ရမည့်သူက တေဇမင်းဆိုသည့် ပြောင်ချော်ချော်ကောင်ကိုပင်။ " ငါလဲ မင်းဆ်ိုင်ထဲမှာ ရှယ်ယာပါမယ်ကွာ " ဆိုပြီးတော့ လက်ဝဲဆီကို ငွေအထုပ်လိုက် ကိုင်ဆွဲပြီး ရောက်လာခဲ့ပါသော တေဇသည် လက်ဝဲ ယခုကဲ့သို့ အခြေအနေမျိုးဖြစ်လာအောင် အားသွန်ခွန်စိုက် ကူညီပေးခဲ့သူများထဲမှ တစ်ယောက်ပင်ဖြစ်သည် ။

တစ်ဆယ့်ရှစ်နှစ်ဆိုသည့်အရွယ်၌ စီးပွားရေးတစ်ခုစတင်သည်ဆိုခြင်းမှာ အခြားသူများအတွက်တော့ လွယ်ကူချင်လွယ်ကူနိုင်သော်လည်း လက်ဝဲအတွက်တော့ ဖိအားတော်တော်များခဲ့၏ ။ မအောင်မြင်ခဲ့လျှင်ဆိုသော အတွေးကိုလည်း ကြိမ်ဖန်များစွာ တွေးခဲ့ဖူးသည် ။ လန့်နိုးခဲ့ရသည့် ညများကိုလည်း မရေတွက်နိုင်အောင် ရင်ဆိုင်ခဲ့ရ၏ ။ ထိုကဲ့သို့သော ပင်ပန်းဆင်းရဲသည့် နေ့ရက်များတွင် လက်ဝဲ၏ စိတ်ကို သက်သာစေခဲ့သူမှာ ယာယာသာ ။

ညရှစ်နာရီဆိုလျှင် လက်ဝဲအခန်းကို အမြဲလာသည့် ယာယာ ။ ကျောင်းမှာ တွေ့ကြုံရသည့် အဖြစ်အပျက်များကို ခရေစေ့တွင်းကျ ပြန်ပြောပြတတ်သေးသည် ။ ဘယ်ဆရာမကတော့ သဘောကောင်းကြောင်း ၊ ဘယ်ဆရာမကတော့ စာသင်ကောင်းကြောင်းမှစ၍ သူ့အနားမှာ ထိုင်သည့် သူငယ်ချင်းများအကြောင်းအထိ အကုန်ပြောပြတတ်သည် ။ ရယ်စရာ ဟာသလေးများကိုလည်း တဖွဲ့တနွဲ့ ပြောပြတတ်သေး၏ ။ ယာယာ၏ ကောင်းသောအကျင့်လေးမှာ သူတစ်ပါးမကောင်းကြောင်းကို မပြောတတ်ခြင်းပင်ဖြစ်၏ ။

လက်ဝဲကလည်း ကိုယ့်စာရင်းကိုယ်လုပ် ၊ ယာယာကလည်း ဘေးနားမှနေ၍ စကားများလာပြောသည်က နေ့စဉ်ကဲ့သို့သာဖြစ်လာခဲ့၏ ။ စကားပြောနေရင်းနှင့် လက်ဝဲ ပခုံးကိုလည်း နှိပ်ပေးတတ်သေးသည် ။

အတွေးလွန်နေစဉ် လက်ဝဲ၏ နဖူးပေါ်သို့ ဆတ်ခနဲကျရောက်လာသော နာကျင်မှု ။ တေဇကို မျက်လုံးပြူးကြည့် ၊ နဖူးပြင်ကို လက်ဖဝါးနှင့်ပွတ်ပြီးမှ

ရင္ခုန္သံကို မညာေၾကး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now