Episode (7)

5.6K 640 34
                                    

မနက်မိုးမလင်းခင်ကတည်းက နိုးနေခဲ့သော အလင်း၏စိတ်များသည် လေနှင်ရာလိုက်ပါရသော ရွက်ကြွေလေးကဲ့သို့ မငြိမ်မသက်ခံစားနေရသည် ။ ပုံမုန်ဆိုရင် ခြောက်နာရီမှ နိုးပေမဲ့ ဒီနေ့​တော့ သရက်ပင်မှာအိပ်တန်းတက်​တဲ့ကြက်ဖကြီး စတွန်တဲ့အချိန်ကတည်းက  နိုးသွားခဲ့တယ် ။ ကားများဖြတ်သန်းသွားသည့်အတွက် ထွက်ပေါ်လာသော အသံများကိုလည်း ရံဖန်ရံခါကြားနေရသည် ။ တစ်ခါတစ်ရံခွေးများက အုပ်စုဖွဲ့​ဟောင်သည့်အသံများကြောင့် ကြောက်မိသည့်စိတ်လည်း ဝင်လာ၏ ။

ညအိပ်မီးရောင် ခပ်မှိန်မှိန်အောက်တွင် ကြီးကြီးနှင့်ကလေးများကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည် ။ အချို့ကလေးများသည် နဂို အိပ်သည့်နေရာမှာမဟုတ်တော့ဘဲ ခြေရင်းဘက်ကို ရောက်နေသည်ကိုလည်း မြင်နေရ၏ ။

ရင်ဘတ်ပေါ်တွင်ရှိနေသော ချည်စောင်ခပ်ပါးပါးကို လက်နှစ်ဖက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ငိုချင်လာသောစိတ်ကို တင်းထားရသည် ။

သိပ်မကြာမီ ကြီးကြီးနိုးလာသည်ကို အသံကြားရုံနှင့်သိနေသော်လည်း မျက်လုံးကိုသာ စုံမှိတ်ထားမိသည် ။ ခပ်တိုးတိုးလွင့်ပျံ့လာသော တရား​ခွေမှထွက်​ပေါ်လာသည့်တရားသံ ၊ ကြီးကြီး၏ ဘုရားရှိခိုးသံ ၊ မေတ္တာပို့အမျှဝေသံ ၊ ကြေးစည်ရိုက်ခတ်သံများသည် နားထဲသို့ ခပ်တိုးတိုးဝင်ရောက်လာ၏ ။

မနက်ဖြန်ဆိုလျှင် ထိုအသံများကို အလင်းကြားချင်လျှင်တောင် မကြားနိုင်တော့ ။ အခန်းထဲသို့ ကြီးကြီး ပြန်ဝင်လာပြီး ဈေးသွားဖို့ပြင်ဆင်နေသည်ကိုလည်း မီးရောင်မှိန်မှိန်အောက်တွင် တွေ့နေရသည် ။ အသံအားလုံးပြန်လည်တိတ်ဆိတ်သွားတော့၏ ။ နိုးနေသော်လည်း အလင်း မထချင်​သေး ။ ရသည့်အချိန်လေးမှာ
နေနေကျနေရာ​လေးတွင် ခပ်ကြာကြာနေချင်မိသည် ။ အလင်းရောင်များပင် အခန်းတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာပြီ ။

ကူလုပ်ပေးသည့် အန်တီကြီးနှင့် ​ဂေဟာမှူးတို့ စကားပြောနေသည်ကိုလည်း ခပ်တိုးတိုးကြားနေရသည် ။ အန်တီကြီးရောက်လာပြီဆိုလျှင် မနက်ခုနှစ်နာရီခန့်ရှိနိုင်၏ ။ အလင်း မထချင်ထချင်နှင့်
ထလိုက်ပြီး ခေါင်းရင်းမှသွားတိုက်တံကိုယူလိုက်၍ အခန်းအပြင်သို့ ထွက်ခဲ့လိုက်သည့်အခါ ဂေဟာမှူးနှင့် မျက်နှာချင်းဆိုင် ဆုံမိတော့သည် ။ ဂေဟာမှူးက အလင်းကို...

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Kde žijí příběhy. Začni objevovat