Episode (11)

5.2K 647 22
                                    

Juneလတစ်ရက်နေ့ ။
မြန်မာနိုင်ငံ၏ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့ ။

လက်ဝဲတို့ တက်ရမည့် ကျောင်းသည် အစဉ်အလာအားဖြင့် နာမည်ကြီးလှသည့်​ကျောင်း ။ ဝင်ခွင့်ရဖို့ပင် မလွယ်ချေ ။ ပိုက်ဆံက ရှေ့ထွက်လာသောအခါမှာတော့ မလွယ်ကူသည့်ကိစ္စများသည်အဆင်ပြေသွားခဲ့၏ ။

နိုးသည့်အချိန်ကတည်းက ကြီးကြီးတို့ကို တော်တော်လေး သတိရနေမိသည် ။ ကြီးကြီးအလုပ်ရှုပ်ဆုံးအချိန်သည် ယခုလို ကျောင်းပထမဆုံး ဖွင့်သည့်ရက်ဖြစ်၏ ။ ကျောင်းပို့ပေးရသည် ။ ကျောင်းကြိုပေးရသည် ။ မိုးတွင်းဖြစ်သည့်အတွက် အဝတ်အစားများခြောက်စေရန် အပေမထားဘဲ နေ့တိုင်း လျှော်ရသေးသည် ။ကြီးကြီးလည်း သူ့ကို သတိရနေပါလိမ့်မည် ။

မျက်နှာသစ်ပြီးသည့်တိုင် လက်ဝဲ မနက်စာစားရန်အတွက် အောက်ထပ်သို့ မသွားဖြစ်သေး ။ ကုတင်ပေါ်တွင်ထိုင်၍ အခန်းတွင်းကို အကြောင်းပြချက်မရှိဘဲ လျှောက်ကြည့်နေမိသည် ။ ရာသီဥတုမှာ အေးစိမ့်စိမ့်ဖြစ်နေ၍ အဲကွန်းကိုပိတ်လိုက်ရသည် ။ ထိုအချိန်မှာပင် တံခါးခေါက်သံကို ကြားရ၏ ။ တံခါးဂျက်ဖွင့်ထားသော်လည်း ဤအိမ်ရှိ လူကြီးများသည် အခန်းထဲသို့ ဘယ်​သောအခါမှ တန်းမဝင် ။ ယာယာမှ လွဲ၍ပေါ့ ။

လက်ဝဲ၏ အာရုံများသည် တံခါးခေါက်သူထံ ရောက်သွားသည် ။ ထိုအချိန်မှာ ဦးဘုန်းပိုင်၏ နွေးထွေးသောအသံကို တံခါးအပြင်ဘက်မှကြားလိုက်ရ၏ ။

" သားကြီး ဖေဖေ ဝင်ခဲ့မယ်နော် "

" ဟုတ်ကဲ့ ဖေဖေ "ဟု လက်ဝဲ အသံပြန်ပြုလိုက်သည် ။

ဦးဘုန်းပိုင် အခန်းထဲရောက်တော့ မွေ့ရာပေါ်မှာ ထိုင်နေဆဲဖြစ်နေသော လက်ဝဲ​ဘေးနား​လေးမှာ ဝင်ထိုင်လိုက်ရင်း

" သားကြီး မနက်စာ ဆင်းမစားလို့ ဖေဖေ လာကြည့်တာ ၊ နေကောင်းရဲ့လား သားကြီး  "

" နေကောင်းပါတယ် ဖေဖေ "

ခပ်ငြိမ်ငြိမ် မျက်နှာလေးသည်  ခံစားချက်များကို ဖုံးကွယ်ထားသည် ။ ကြည့်ရသည်မှာ ပထမဆုံး ကျောင်းပြန်တက်ရမှာ ဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေသလိုပင် ။ ဦးဘုန်းပိုင် မိမိလက်တစ်ဖက်ကို ထိုကလေးငယ်၏ ပခုံးပေါ်တင်လိုက်တော့ တစ်ချက်တွန့်ခနဲဖြစ်သွားသည် ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now