Episode (42)

4.7K 481 8
                                    

ဒေါ်မိုးမေ စိတ်ကိုဆွဲဆန့်၍ ဖုန်းကိုနောက်ထပ်တစ်ကြိမ် ထပ်ခေါ်လိုက်သည် ။ ယခုတစ်ကြိမ်နှင့်ဆို ထိုမိန်းကလေးဆီ ဖုန်းခေါ်နေသည်မှာ ငါးကြိမ်မြောက် ။ လုပ်ချင်တာလုပ်ပြီး အခုလိုရှောင်ပြေးနေတာကိုတော့ ဒေါ်မိုးမေ ဘယ်လိုမှ သည်းမခံနိုင် ။

ဖုန်းကျခါနီးအချိန်ကျမှ ခပ်မာမာထွက်ပေါ်လာသည့် " ဟယ်လို "ဟု ထူးသံကြောင့် ဒေါ်မိုးမေ အသံကို အတတ်နိုင်ဆုံးထိန်းပြီး

" ဟယ်လို...နှင်းရေ ၊ ခေါ်လိုက်ရတာကွယ် ၊ ခေါ်လို့မှ မရတော့ရင် အိမ်ကိုလိုက်လာဖို့ ဘွားဘွားက စဉ်းစားနေတာ "

" စိတ်တွေရှုပ်နေလို့ ဖုန်းကိုမကိုင်ဖြစ်တာ ဘွားဘွားရေ ၊ ဟိုကိစ္စနဲ့ ပတ်သက်ပြီး လာလိုက်တဲ့ဖုန်းတွေကလဲ မနည်းမနောလေ ၊ သေ သာသေလိုက်ချင်တယ် "

" အတူတူပဲ နှင်းရေ ၊ ဒီမှာလဲ ကမ္ဘာပျက်နေသလိုပဲ ၊ ယာယာလဲ ဆေးရုံတင်လိုက်ရတယ် ၊ ဘွားဘွားရဲ့သမီးလဲ အိပ်ရာထဲ လှဲသွားတယ် "

နှင်း စိတ်ထဲကနေ နည်းတောင်နည်းသေးဟု တွေးလိုက်မိသည် ။ ခံပေါ့ ။ နှင်းကတော့ ကိုယ့်လာထိရင် အဆပေါင်းများစွာ တုံ့ပြန်ရမှကို ကျေနပ်တာ ။ အဲဒီလို သတင်းမျိုး ကြားလိုက်ရတာ နှလုံးပီတိဂွမ်းဆီထိပဲ ။

" ဘွားဘွား နှင်းကို ဘာဖြစ်လို့ ဖုန်းဆက်တာလဲ ၊ အရေးကြီးကိစ္စရှိလို့လား "

ဖုန်းကိုင်ထားသည့် ဒေါ်မိုးမေ၏ လက် တင်းခနဲဖြစ်သွားရသည် ။ အရေးကြီးကိစ္စရှိလို့လားတဲ့ ။ မေးတတ်လိုက်သည့် ပါးစပ် ။ ရွှေချထားရန်ပင် ကောင်းသေးသည် ။

" အရေးကြီးကိစ္စ​ပေါ့ နှင်းရယ် ၊ ဘယ့်နှယ် အရေးမကြီးရမှာလဲ ၊ နှင်းတင်လိုက်တဲ့ ပုံတွေနဲ့ အသံfileတွေကြောင့် အခု ဘွားဘွားတ်ို့မိသားစု တော်တော်အခက်တွေ့နေရပြီ "

" ခဏလေး ဘွားဘွား ၊ အဲဒါတွေက နှင်းတင်တာ မဟုတ်ဘူးနော် "

ဒေါ်မိုးမေ မျက်နှာက ရုပ်ဆိုးစွာ မဲ့ကျသွားရသည် ။

" နှင်း accကနေ တင်တာတော့ မဟုတ်ဘူးလေ ၊ ဒါပေမဲ့ နှင်းနဲ့ယာယာ ပြောထားတဲ့စကားတွေကို နှင်းဆီကနေမှ မရရင် ဘယ်ကရမလဲ နှင်းရဲ့...ဟင် ၊ ဘွားဘွားလဲ ခေတ်အဘွားကြီးပါကွယ် "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now