Episode (10)

5.8K 612 29
                                    


ယာယာ၏ ပါးစပ်မှ စကားဆယ်ခွန်းပြောလျှင် ကိုးခွန်းသည် သူ့ကိုကို အကြောင်းများသာဖြစ်၏ ။

ကိုကိုနဲ့ ထမင်းစားမယ် ။ ကိုကိုနဲ့ ကစားမယ် ။ ကိုကို့အတွက် ။ ကိုကိုက ကြက်သားကြိုက်တာ ။ကိုကို့ပါးလေးက အိအိလေး ။ ကိုကို့ လက်လေးတွေက လှတယ်။

အမေဖြစ်သည့်သူကိုတောင် သိပ်မကပ်ချင်တော့သည့် သားဖြစ်သူကြောင့် မိုးယုခင်မှာတော့ ငိုရမလို ရယ်ရမလိုနှင့် ။ မနက်မိုးလင်းပြီဆိုတာနဲ့ မျက်နှာချင်းဆိုင် အခန်းထဲကို ပြေးတာများ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့ ကျိန်ဆိုထားသလား ထင်ရတယ် ။ ထမင်းကျွေးရခက်တဲ့ ကေလးက သူ့ကိုကိုကသာ ခွံ့ကျွေးလို့ကတော့ ထမင်းတစ်ပန်းကန်က ခဏလေးနဲ့ ကုန်သွားတာပဲ ။

ယာယာက သည်းသည်းလှုပ်နေသလောက် ထိုကေလးကေတာ့ ခပ်အေးအေးနှင့် တိတ်တိတ်ဆိတ်ဆိတ်သာနေ၏ ။ သူလုပ်သင့်သည်ကို စည်းကမ်းနှင့် ဂရုတစိုက်လုပ်သည် ။ အိပ်ရာဆိုသိမ်းပေးစရာပင်မလိုချေ ။ အခန်းထဲဆိုလျှင်လည်း သပ်ရပ်သန့်ရှင်းနေအောင် စနစ်တကျထားတတ်သည် ။

အိမ်ရှိဝန်ထမ်းများက သူ့နာမည် အတိုကောက် ဝဲဝဲ ဆိုပြီးခေါ်သည့် အခါတိုင်း ထိုကေလးကတော့ ယဉ်ကျေးစွာဖြင့် ဗျာဟုပြန်ထူးတတ်သည် ။ ယဉ်ယဉ်ကျေးကျေးလည်း ဆက်ဆံတတ်သေး၏ ။ စကားကေတာ့ တော်ရုံနှင့်မပြော ။ တစ်ခွန်းမေး တစ်ခွန်းဖြေသာ ။ ဘာမဆိုစားသော်လည်း ကြက်သားကြော်ကတော့ဖြင့် သူ့အကြိုက်ဆုံး ဟင်းလျာပင်ဖြစ်၏ ။ အိမ်ရှိ ဝန်ထမ်းများကလည်း လက်ဝဲကို ချစ်ပေးကြသည် ။ မချစ်လို့လဲမရ ။ ကိုကိုရူးက မျက်ခြေမပြတ် အမြဲကြည့်နေသည်လေ ။ သူ့ကိုကို အဆင်ပြေရန်အတွက် သူ့ဦးနှောက်သေးသေးလေးနှင့် အမြဲကြံစည်တတ်သေး၏ ။

ခြံထဲမှာ ကစားနေကြသည့် ကလေးနှစ်ယောက်ကို လင်မယားနှစ်ယောက် အတူတူ ထိုင်ကြည့်နေရင်း

" ကိုကေတာ့ ကလေးမွေးစားလိုက်တာ မှန်သွားတယ်လို့ ထင်တယ် ၊ အရင်ကဆိုရင် သားလေးက တစ်ယောက်တည်း အထီးကျန်နေရတာလေ ၊ အခုဆိုရင် ဘယ်လောက်ပျော်နေလဲ "

" အဲဒါကြောင့် မိုးလဲ အခု မကောင်းမြင်စိတ် မထားတော့တာ ၊ သားလေးပျော်ဖို့က အဓိကပဲလို့ နှလုံးသွင်းထားလိုက်တယ် "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now