Episode (32)

4.1K 466 20
                                    

လက်ဝဲ အိပ်ရာမှထလိုက်သည့်အချိန်တွင် လူကတစ်ချက်ယိုင်သွား၏ ။ ခေါင်းကလည်း ကျောက်တုံးနှင့်ဖိထားသကဲ့သို့ လေးလံနေသည် ။ ခြေဆစ်လက်ဆစ်များကလည်း နာကျင်နေ၏ ။ မျက်လုံးများကလည်း ပူနေသည် ။ ဖျားချေပြီ ။ ဒီနေ့တစ်နေ့ကိုတော့ လက်ဝဲ နားမှကို ဖြစ်တော့မှာပဲ ။

ပြတင်းပေါက်ကိုဖွင့်ရန် လက်လှမ်းချိန်မှာ ကွက်တိပင် မိုးစက်များက ကျဆင်းလာ၏ ။ လေကောင်းလေသန့် ရှုချင်ပါသည်ဆိုမှ အခွင့်အရေးက မရတော့ချေ ။

ပြတင်းပေါက်မှန်အား လာရောက်ရိုက်ခတ်သော မိုးစက်များကို ကုတင်ပေါ်မှာ ထိုင်၍သာ ခပ်ကြာကြာလေး ငေးကြည့်နေမိသည် ။ မိုးရာသီ၏ အငွေ့အသက်များက ပီပြင်လာခဲ့ပြီ ။ ကုတင်ပေါ်တွင် ထိုင်နေရာမှ ပြတင်းပေါက်ဆီသို့လျှောက်သွားပြီ်း ခြံထဲရှိ သစ်ပင်များအပေါ် အလုအယက်ကျဆင်းနေသည့် မိုးရေစက်များကို ကြည့်နေရင်းမှ ယာယာပြောခဲ့သော " ဦးကျော်လင်းကတော့ မိုးရွာတာကို ပျော်နေတယ် " ဆိုသည့် စကားကို နားထဲ ပြန်ကြားယောင်မိသည် ။ ပြည့်စုံသည့်သူများအတွက် မိုးရာသီဆိုသည်မှာ ပျော်စရာဖြစ်နိုင်သော်လည်း လမ်းဘေးတွင် ဈေးရောင်းနေသည့်လူများအတွက်ကတော့ မိုးရာသီကို ပျော်စရာဟု ထင်မြင်နိုင်ရန် မလွယ်ကူ​ပေ ။ ထိုအတွေးသည် မဆီမဆိုင် အတွေးထဲဝင်လာပြန်၏ ။

ထိုအချိန် ခြံထဲကိုဝင်လာသည့် ကားတစ်စီးကို လက်ဝဲ မြင်လိုက်ရသည် ။ အိမ်မှာ ဒေါ်မိုးမေရှိနေသည့်ရက်များတွင် ဧည့်သည်များအလာများ၍ အထူးအဆန်းတော့ ဖြစ်မနေပါ ။ ဒေါ်မိုးမေ၏ မိတ်ဆွေတစ်ယောက်ယောက်သာ ဖြစ်လိမ့်မည်ဟု တွေးမိသည် ။ ထိုအချိန် တေဇဆီ ဖုန်းဆက်ရန်ကိစ္စက အာရုံထဲ ပြန်ဝင်လာခဲ့၏ ။ မိုးရွာတာ ငေးကြည့်နေရင်းနဲ့ကို အရေးကြီးကိစ္စပြောဖို့ကို မေ့သွားလိုက်တာ ။ လက်ဝဲ ဖုန်းခေါ်ခေါ်ချင်း အသံကျယ်ကျယ်က နားထဲအရင်ဝင်လာသည် ။

" စောစောစီးစီး ငါ့ဆီ ဖုန်းဆက်လို့ပါလား ...လက်ဝဲ ၊ ဘာအရေးကြီးကိစ္စရှိလဲဆိုတာ ငါ ဘုရင်မင်းမြတ်ကို သံတော်ဦးတင်စမ်း "

" မနောက်နဲ့ တေဇရ ၊ ငါအတည်ပြောစရာရှိလို့ "

စကားပြောနေရင်းနဲ့ လက်ဝဲ ချောင်းဆိုးမိသွားတော့

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now