Episode (43)

4.9K 452 8
                                    

" တေဇရေ... သော် လက်ဝဲနဲ့ ပတ်သက်ပြီး postတစ်ခု တင်လိုက်တယ် ၊ ဘာလိုနေလဲဆိုတာ ကြည့်ပေးအုံး ၊ shareတဲ့သူတွေလဲ တော်တော်များတယ် ၊ ဒီpostလေးကြောင့်ပဲ လက်ဝဲတို့ အဆင်ပြေပါစေ ဆုတောင်းရမှာပဲ "

ဖုန်းထဲမှတစ်ဆင့် ကြားရသော သော့်အသံမှာ ရွှင်ရွှင်ပျပျ ။

" ကျွန်တော် ကြည့်လိုက်အုံးမယ် သော် ၊ အဆင်ပြေသွားရင်တော့ အတိုင်းထက်အလွန်ပေါ့ သော်ရာ "

" အင်း...အင်း...ကြည့်လိုက် ၊ တစ်ခုခုဆိုရင် သော့်ဆီ ဖုန်းပြန်ဆက်ပေးနော် "

" ဟုတ်ကဲ့ သော် "

သော် ဖုန်းချသွားသည်နှင့် တေဇ အမြန်နှုန်းဖြင့် fb ဖွင့်ကြည့်လိုက်၏ ။

{ ​သော်သော်နေခပါ...သော် post မတင်တာလဲ ကြာပြီနော် ... သော့်မှာ အလုပ်ကိစ္စတွေက တော်တော်များနေတာ... မအားတဲ့ကြားကပဲ ဖြေရှင်းရမဲ့ ကိစ္စလေးတွေက ရှိလာပါရော...အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ သော် ပုဂ္ဂိုလ်ရေးတွေကို လိုင်းပေါ်ကနေ မဖြေရှင်းချင်ဘူး...ဒါပေမဲ့ အခုကိစ္စက ရှင်းမှကို ဖြစ်မှာမို့ သော် ဖြေရှင်းတာပါ...အခုကိစ္စတစ်ခုမှာ သော့်နာမည်က ကပ်ပါနေတယ်... သော်သော်နေခရဲ့ ကောင်လေးက လိင်တူကြိုက်နေတယ်ဆိုတဲ့ စကားတော်တော်များများကို သော် ပြန်ကြားနေရတယ်...

နံပါတ်တစ်အချက်

အဲဒီကောင်လေးနဲ့ သော်နဲ့ ချစ်သူရည်းစား လုံးဝမဟုတ်ပါဘူး... သော်နဲ့ သူနဲ့က တကယ့် မောင်နှမအရင်းလို ဆက်ဆံရေးမျိုးပါ...

နံပါတ်နှစ်အချက်

သူနဲ့လိင်တူကြိုက်နေပါတယ်လို့ နာမည်ထွက်တဲ့ ကောင်လေးမှာ သက်ဆိုင်သူရှိပါတယ်ဆိုတာကိုတော့ သူများကိစ္စမို့ သော် ဘာမှမပြောလိုဘူး ...ကာယကံရှင် မိန်းကလေးက ဘာဖြစ်ချင်လို့ အဲဒီလိုမျိုးတွေ လုပ်လိုက်တယ်ဆိုတာ သော် သေသေချာချာ သိပေမဲ့ သော် မရှင်းပြချင်ဘူး ... အချိန်တန်ရင် အမှန်တရားက ပေါ်လာမှာပါ ...အဲဒီ အမှန်တရားပေါ်လာမဲ့ အချိန်ကိုပဲ သော်တို့ စောင့်ကြရအောင်...

နံပါတ်သုံးအချက်

သော့်အတွက်တော့ မေတ္တာတရားက သိပ်တန်ဖိုးရှိပါတယ်...ဘယ်သူနဲ့ ဘယ်သူပဲ ချစ်ချစ် သူတို့က သူများမိသားစုဘဝကို မဖျက်ဆီးဘူးဆိုရင် သော်ကတော့ ဘယ်လိုချစ်ခြင်းမျိုးကိုမဆို လက်ခံမှာပါ...ယောက်ျားလေးချင်းပဲချစ်ချစ်...မိန်းကလေးချင်းပဲချစ်ချစ်ပေါ့...ချစ်တယ်ဆိုတာ မုန်းတယ်ဆိုတာထက်တော့ ပိုကောင်းပါတယ်...သော့်ကိုချစ်တဲ့သူတွေ သော်ကချစ်ရတဲ့သူတွေကို ပါးစပ်နဲ့ လူသတ်တဲ့ထဲမှာ မပါစေချင်ဘူး...

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now