Episode (38)

4.1K 426 4
                                    

လက်ဝဲ ကားပေါ်မှဆင်းပြီးသည်နှင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိသည် ။ ကားများထားသည့်နေရာတွင် ယာယာ၏ ကားကရှိမနေချေ ။ ယာယာသည် ယခုတလော အပြင်ကို အထွက်များသည် ။ ယခင်ကဆိုလျှင်တော့ လက်ဝဲ လိုက်ပြောမိမှာပင် ။ ယခုအနေအထားတွင် လက်ဝဲ နေရာတကာဝင်ပါရန် မသင့်တော်တော့ ။လက်ဝဲ သူ့ကို ကြိုနေတဲ့ အစန်းကို

" အစန်း...ယာယာ ဘယ်အချိန်က အပြင်ထွက်သွားတာလဲ "

" ညနေခြောက်နာရီလောက်က ဝဲရဲ့ ၊ ကားပတ်မောင်းမယ်လို့တော့ ပြောသွားတာပဲ ၊ အခုထိလဲ ပြန်မလာသေးဘူးကွယ် ၊ အစန်းတော့ စိတ်ပူနေပြီ ၊ ဖုန်းဆက်တော့လဲ မကိုင်ဘူး "

အစန်းမျက်နှာတွင် စိုးရိမ်မှုအချို့ စွန်းပေနေသည် ။ အစန်းက ယာယာ့ကို သိပ်ချစ်သည် ။ သူ့လက်ပေါ်မှာပဲ ကြီးပြင်းလာတဲ့ ကလေးဆိုတော့လဲ သံယောဇဉ်အစိုင်အခဲက ထုထည်ကြီးမားစွာနဲ့ ရစ်ပတ်နေတာ ။

လက်ဝဲ လက်တွင်ပတ်ထားသည့် နာရီကိုကြည့်မိတော့ လက်တံအတိုက ဂဏန်းရှစ်ကို ညွှန်ပြနေသည် ။ ဒီကောင်လေး ဘယ်အထိများ ခြေရှည်နေပါလိမ့် ။ အစန်းကိုတော့ စိတ်မပူစေရန်အတွက် အားပေးစကားပြောရသည် ။

" သူလဲ လူငယ်ဆိုတော့ အပေါင်းအသင်းတွေနဲ့ တွေ့နေလို့ ဖြစ်ပါလိမ့်မယ် အစန်း...သိပ်စိတ်မပူပါနဲ့ ၊ ရှစ်ခွဲလောက်မှ ပြန်မလာသေးဘူးဆိုရင်တော့ ကျွန်တော် ဖုန်းဆက်ကြည့်ပေးမယ် "

" မမတို့ အိမ်မှာ မရှိတဲ့အခါကျ ပိုစိတ်ပူမိတယ်... ဝဲရယ် "

ဦးဘုန်းပိုင်နှင့် ဒေါ်မိုးယုခင်က နယ်ဘက်ကို အလုပ်ကိစ္စနှင့် တစ်ညအိပ်နှစ်ရက်ခရီးသွားသည် ။ ဦးကျော်လွင်ပါ အဖော်အဖြစ်လိုက်ပါသွားရသည် ။ ယောက်ျားသား လေးယောက်သာရှိသော အိမ်တွင် နှစ်ယောက်က ခရီးသွားသောအခါ နှစ်ယောက်သာကျန်တော့၏ ။

အစန်း သက်ပြင်းကို လေးပင်စွာချ၍ ထိုစကားကို ပြောမိသည် ။ မမတို့ မရှိတဲ့အချိန် ဒီအိမ်မှာ အသက်အကြီးဆုံးက သူလေ  ။ သူတို့အိမ်က ယခင်ကလို မဟုတ်တော့ပေ ။ ယခင်ကဆိုလျှင် အမြဲပျော်ရွှင်နေတတ်သည့် ယာယာလေးက ယခုဆိုလျှင် အခြားလူတစ်ယောက်ပုံစံမျိုး ပြောင်းလဲသွားသည် ။ ကြည့်လိုက်လျှင်လည်း ငေးငေးငိုင်ငိုင်နှင့်။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Dove le storie prendono vita. Scoprilo ora