Episode (16)

5K 595 25
                                    

ဧည့်ခန်းတွင် ခင်းထားသော စားပွဲဝိုင်း အပုလေးမှာ ဘေးချင်းကပ်ပြီး ထိုင်နေကြသော ယာယာနှင့်​တေဇ ။ ရေခဲမုန့်ဘူးကြီးတစ်ဘူးကိုလဲ နှစ်ယောက်သားရဲ့ အလယ်တည့်တည့်မှာချလို့ ။ အဓိကစားနေတဲ့သူကတော့ ယာယာ ။ ယာယာသုံးဇွန်းလောက် စားပြီးမှ တေဇက တစ်ဇွန်းလောက်ပဲ ယူစားတာ ။ သိပ်ကြိုက်တဲ့ ​ရေခဲမုန့်ကို စားနေရ​တာ​ကြောင့် ယာယာမျက်နှာလေးက ပျော်ရွှင်လို့ ။ ထိုမြင်ကွင်းလေးကို ကြည့်ပြီး ကြည်နူးပီတိဖြာနေရတာက တေဇပေါ့ ။

စားပွဲပုလေးမှာ နှစ်ယောက်သား ကြည်နူး​နေကြသည့် မြင်ကွင်းကို မမြင်ချင်လည်း မြင်နေရသည် ။ ဆယ်တန်း ဘိုင်အိုဖတ်စာအုပ်ကို ကိုင်ထားပြီး အာရုံက စာမှာမရှိ ။ စိတ်က မကြည်တော့သဖြင့် မျက်နှာထားကပါ အလိုလို တင်းလာ၏  ။ တေဇဆိုတဲ့ကောင်က စာကလွဲရင် အကုန်စိတ်ဝင်စားတာပဲ ။ ဒါတောင်မှ အဆင့်ကောင်းနေသေးတယ် ဆိုတော့ ဥာဏ်ကောင်းလို့ပဲ ဖြစ်ပါလိမ့်မယ် ။

တေဇက ရေခဲမုန့်ကို တစ်ဇွန်းကော်စားလိုက်သည် ။ စားနေရင်းတန်းလန်း အကြည့်များက ဆိုဖာခုံပေါ်မှာထိုင်နေသည့် လက်ဝဲဆီသို့ ရောက်အသွားမှာတော့ ပါးစပ်ထဲရှိရေခဲမုန့်ကို အလန့်တကြားမျိုချမိသွား၏ ။ ရေခဲမုန့်ဘူးကို ကိုင်မြှောက်လျက်

" လက်ဝဲ မင်းမျက်နှာကလဲ ဘာဖြစ်နေတာလဲ ၊ ရေခဲမုန့်စားချင်နေတာလား "

" ငါ့မျက်နှာက ဘာဖြစ်နေလို့လဲ "

" ငါတို့စားတာကြည့်ပြီး မင်းပါ စားချင်နေတာလားလို့လေ ၊ စာအုပ်ကိုင်ပြီး မျက်လုံးက ငါတို့ဆီမှာပဲ ဖြစ်နေတာကို "

မတူမတန်သလို ​ခေါင်းကိုပဲ ဘယ်ပြန်ညာပြန်ခါနေသည့် လက်ဝဲကိုကြည့်ပြီး ရေခဲမုန့်ဖြင့် ကောက်ပက်လိုက်ချင်သည့် စိတ်ကိုထိန်းလိုက်ရ၏။ အဲဒီလိုသာ လုပ်ကြည့် တေဇဘေးမှာထိုင်ပြီး ရေခဲမုန့်ကို ပျော်ရွှင်စွာ စားနေသည့် ကောင်လေးက ထငိုပေလိမ့်မည် ။ ပိုစိတ်ဆိုးသွားလျှင် အိမ်ကို မလာနှင့်တော့ဟုပင် တားဆီးနိုင်သေး၏ ။

မပြောဘူးဟု ထိန်းထားသော်လည်း တကယ်တမ်းကျတော့ ပြောချင်လာသည် ။ နှစ်ယောက်အတူတူ သင်ရသည့်အတွက် တေဇပါ စာရနေမှ ဖြစ်မည် ။ တန်ဖိုးရှိသည့် စာသင်ချိန်ကို အရေးမပါသော အကြောင်းများကြောင့် အကုန်မခံနိုင်ပါ ။ ယာယာနဲ့ ဟီလာထပြီး ရေခဲမုန့်စားနေဆဲ တေဇကို

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now