Episode (41)

4.6K 454 30
                                    

သန့်စင်ခန်းထဲမှ ထွက်လာသည်နှင့် တေဇ၏လက်က ကုတင်အစွန်းမှာ တင်ထားသော ဖုန်းဆီသို့ ရောက်ရှိသွားသည် ။ မနက်အစောကတည်းက ရန်ကုန်ကနေ တောင်ငူကို ကားမောင်း ၊ တောင်ငူရောက်သည်နှင့် ဝယ်မည့်မြေနေရာကို ထပ်သွားကြည့် ၊ သက်ဆိုင်ရာလူကြီးများရှေ့တွင် ငွေချေ ။ တစ်နေကုန် တစ်နေခန်း လုပ်ရသည်က နားနားနေနေ နေရန်ပင် အချိန်မရှိ ။ ညစာ စားပြီးသည်နှင့် သူရော လက်ဝဲရော အိပ်ပျော်သွားသည်မှာ ဆင်အော်မနိုးဘဲ ။

ဘေးကုတင်ရှိ လက်ဝဲကတော့ အသက်ရှုသံမှန်မှန်ထွက်၍ အိပ်မောကျနေသည် ။

တေဇ တစ်နေကုန် မသုံးရသည့် facebookထဲ ဝင်လိုက်၏ ။ နှစ်ဆယ့်လေးနာရီခန့် fbမသုံးလိုက်သည်နှင့် သတင်းများက အဆက်ပြတ်သွားပြီ ။ တေဇ သူ့accထဲက ကောင်မလေးတစ်ယောက် shareထားသည့် postကို အတွေ့မှာ မျက်လုံးအစုံက ပြူးကျယ်သွားရသည် ။ ဓာတ်ပုံတွေနဲ့ အသံfileတစ်ခု ။ ဓာတ်ပုံတွေက ယောက်ျားနှစ်ယောက်ကို ခပ်လှမ်းလှမ်းကနေ လှမ်းရိုက်ထားဟန် ။ ထူးခြားနေသည်မှာ ထိုဓာတ်ပုံထဲမှ ယောက်ျားနှစ်ယောက်သည် လက်ဝဲနှင့် ယာယာ ။

လက်ဝဲက ယာယာ့ဆံပင်တွေကို ကိုင်ထားတဲ့ပုံ ၊ နဖူးက ချွေးတွေကို သုတ်ပေးတဲ့ပုံ ၊ တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေပုံ ၊ လက်ဝဲက ယာယာ့ကို ကုန်းပိုးထားတဲ့ပုံ ။ ပုံအားလုံး၏ ဦးတည်ချက်က အခြေအနေတစ်ခုကို တွန်းပို့နေသည် ။ တေဇ ခေါင်းများပူလာ၏ ။ တစ်ယောက်ယောက်က မသိအောင် ခိုးရိုက်ထားပုံရသည့် ထိုဓာတ်ပုံများ၏ နောက်ဆက်တွဲသည် လက်ဝဲတို့အတွက် ဖြေရှင်းရခက်ပေလိမ့်မည် ။

အသံfileကို ဖွင့်အကြည့်မှာတော့ လက်ထဲတွင် ကိုင်ထားသည့်ဖုန်းပင် မွေ့ရာပေါ်သို့ ပြုတ်ကျသွားရသည် ။ ယာယာ နန်းငွေနှင်းဖြူ ၏ လှည့်ဖြားမှုကို ခံရသည်မှာ မြေကြီးလက်ခတ်မလွဲ ။

မူရင်းတင်ထားသည့်postအောက်မှာ လက်ဝဲနှင့် ယာယာကို ပြောဆိုထားကြသည်မှာ ရစရာပင် မရှိ ။

တေဇ အိပ်မောကျနေသည့် လက်ဝဲ၏ ပခုံးကို လှုပ်လိုက်ကာ

" လက်ဝဲ...လက်ဝဲ "

မျက်လုံးပွင့်မလာဘဲ ထူးသံလို အသံသဲ့သဲ့သာ ထွက်လာသည် ။ မတတ်နိုင်ပေ ။ ရအောင် နှိုးမှကို ဖြစ်မည် ။ ဖြစ်နေတဲ့ ပြသနာက ကြီးကြီးမားမားလေ ။

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now