Extra

6.1K 316 59
                                    

Unicode

ယာယာ့ဆီမှထွက်လာသည့်သက်ပြင်းချသံကြောင့် ဒေါ်မိုးယုခင်၏အကြည့်မှာ ဘေးဘက်ကိုရောက်ရှိသွားသည် ။ တစ်ကြိမ်လည်းမဟုတ် ၊ နှစ်ကြိမ်လည်းမဟုတ်ဘဲ ခဏခဏထွက်ပေါ်နေသည့်သက်ပြင်းချသံကြောင့် အတွေးများရပြန်၏ ။ ယာယာက တစ်လမ်းလုံးတွင်ပျော်ပျော်ရွှင်ရွှင်ဖြစ်နေခဲ့သော်လည်း ရန်ကုန်မြို့ထဲသို့ပြန်ဝင်လာသည်နှင့် ဂနာမငြိမ်လှပေ ။

" သားလေး "

" ဗျာ "

" ဘာဖြစ်နေတာလဲ "

" ဘာမှမဖြစ်ပါဘူး "

ခေါင်းလေးယမ်းကာပြောလာသည့်ပုံစံလေးမှာ မတက်မကြွ ။ လက်မနှင့်လက်ညှိုးကိုလည်း အချင်းချင်းဆိတ်နေရင်း မျက်လုံးထောင့်ကပ်၍ကြည့်လာသောအခါမှ ဒေါ်မိုးယုခင် အသံထွက်ပြီးရယ်မိသွား၏ ။

" အိမ်ပြန်ချင်နေတာလား...အဲဒါက "

" ... "

" မဖြေဘူးဆိုတော့ ဟုတ်နေတဲ့ပုံပဲ "

" ပြန်လို့ရလား မေမေ "

" ပြန်လို့ရလားဆိုတော့... အင်း...ပြန်ပေါ့ရှင် ၊ မေမေတို့အိမ်ကိုအရင်ဝင်လိုက်မယ်လေ ၊ သားလေးက အိမ်မှာနေခဲ့ပေါ့ ၊ မေမေကတော့ ဆိုင်ကိုလိုက်သွားရအုံးမယ် "

" ဟိုဟာလေ...မေမေ "

" အင်း "

" ယာယာ့ကိုလေ အိမ်ပြန်မပို့နဲ့တော့ ၊ ကားငှားဖို့အဆင်ပြေတဲ့နေရာမှာပဲ ယာယာဆင်းလိုက်မယ်လေ ၊ ကားငှားပြီးပဲ အိမ်ပြန်လိုက်မယ် ၊ မဟုတ်ရင် မေမေတို့နောက်ကျသွားလိမ့်မယ် "

" ဖြစ်ပါ့မလား "

" မေမေကလဲ ယာယာက အခုလူကြီးဖြစ်နေပါပြီနော် "

" ဟုတ်ပါပြီရှင်...ဟုတ်ပါပြီ ၊ လူကြီးလေး အဆင်ပြေသလိုပဲဆုံးဖြတ်ပါနော် "

ယခုကျမှ ယာယာ့မျက်နှာမှာ ပြန်၍ကြည်လင်လာကာ ယုန်သွားများပေါ်အောင်လည်း ဟက်ဟက်ပက်ပက်ရယ်၏ ။

" ဒါနဲ့ မေမေ... ကိုကိုဖုန်းဆက်ရင် ယာယာအိမ်ပြန်သွားတဲ့အကြောင်းမပြောနဲ့နော် ၊ ယာယာ ကိုကို့ကို စပရိုက်တိုက်ချင်လို့ "

🎉 You've finished reading ရင္ခုန္သံကို မညာေၾကး / ရင်ခုန်သံကို မညာကြေး(Complete) 🎉
ရင္ခုန္သံကို မညာေၾကး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now