Episode (19)

5.1K 573 16
                                    

" ကြိုက်တာယူနော် ယာယာ ... ကိုကို ဝယ်ပေးမှာ "

မျက်လုံးများက နာရီထည့်ထားသည့် မှန်ပုံးများကနေ မခြာဘဲ ခေါင်းညိတ်ပြသည် ။ ပါးစပ်ထဲမှ ချိုချဉ်လုံးလေးကိုလည်း အစားမပျက် ။ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်ကောင်လေးသည် တေဇနှင့်အတူတူ ရပ်လိုက်တော့ ပုနေသယောင် ။ တေဇက သာမန်ထက်
အရပ်ပိုရှည်တာလည်း ဖြစ်ပါလိမ့်မည် ။

" အကြိုက်တွေ့လား ယာယာ ၊ ကိုကို ရွေးပေးရမလား "

" ရတယ် ကိုကိုတေဇ ၊ ယာယာ ဘာသာ ရွေးလိုက်မယ် "

မသိမသာ ကိုကိုဆိုသည့် စကားလုံးသုံးလိုက်သော်လည်း ထိုကောင်လေးကတော့ စကားအမှားမခံ ။ ကိုကိုလို့ ယာယာခေါ်မဲ့သူက လက်ဝဲ တစ်ယောက်တည်းကိုပဲ ဖြစ်မယ် ။

မွေးနေ့လက်ဆောင် ဝယ်ပေးရင်း မုန့်လည်းကျွေးမည်ဆိုပြီးခေါ်လာသော်လည်း နာရီဆိုင်မှာသာ အချိန်ကုန်နေရသည် ။ မျက်လုံးကြည်ကြည်တောက်တောက်လေးများနှင့် နာရီရွေးနေသည့် ကောင်လေးကို စတွေ့ခဲ့သည်မှာ လွန်ခဲ့သော တစ်ဆယ့်လေးနှစ်ကပင် ။ အချိန်တွေ ကုန်တာများ မြန်လိုက်တာ ။ မျက်စိရှေ့တွင် အရွယ်ရောက်လာသည့် ကောင်လေး ။ အသားလေးကလဲ အရင်လို သိပ်မညိုတော့ ။ ဘေးနား မတ်တတ်ရပ်ပြီး မည်မျှ ကြည့်နေမိသည် မသိ ၊ လက်ကိုထိပြီးခေါ်မှသာ အတွေးများက လက်ရှိအချိန်ကို ပြန်ရောက်လာသည် ။

" ယာယာ ... ဒါလေးပဲ ယူလိုက်မယ်နော် "

" ယူလေ ယာယာ ၊ ယာယာ သဘောကျတာကိုယူနော် "

" ဟုတ်ကဲ့ "

အရောင်းဝန်ထမ်း ကောင်မလေးကို cardပဲ ထုတ်ပေးလိုက်သည် ။ ငွေသားများများစားစားက တေဇအိတ်ထဲမှာ မပါဘူးလေ ။
အညိုရောင်ခပ်ဖျော့ဖျော့နာရီလေးသည် ယာယာလက်ပေါ်တွင် လှပစွာ နေရာယူထားလျက် ။ နာရီလေးကို ပတ်ထားပြီး မြှောက်ကြည့်နေသည့် ကောင်လေး၏ အပြုံးလေးသည် ချိုမြစွာ တေဇမျက်လုံးထဲသို့ ဝင်ရောက်လာ၏ ။

" ကိုကိုတေဇ... ကိုကိုကရော အခုဘယ်ဆိုင်မှာလဲ ၊ ယာယာတို့ တစ်ခါတည်း တွေ့သွားရအောင်လေ "

" မနေ့က ပြောတာတော့ ဒီမနက်ပိုင်း လှည်းတန်းကဆိုင်မှာရှိမယ်တဲ့ ၊ ခဏလေး.... ဖုန်းဆက်ကြည့်လိုက်မယ် "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Where stories live. Discover now