Episode (22)

5K 544 10
                                    

ဒေါ်မိုးမေ အိမ်မှာရှိလျှင် လက်ဝဲနှင့်အတူ ဝန်ထမ်းများပင် စိတ်ညစ်ရသည် ။ အသံဆူသည်ကို မကြိုက်ဟူ​သော အ​ကြောင်းပြချက်​ကြောင့် အလုပ်လုပ်သမျှကို အတတ်နိုင်ဆုံး အသံမထွက်​စေရန် ဂရုပြုကြရ၏ ။ လက်ဝဲက​တော့ အလုပ်ရှိရှိ မရှိရှိ အိမ်ကနေ ခပ်စောစော ထွက်သွားလိုက်ပြီး ညဆိုလျှင်လည်း ကိုးနာရီခန့်မှ ပြန်လာလိုက်သည် ။ အခုလဲ ရေချိုးပြီး အဝတ်အစားလဲနေတဲ့အချိန် တံခါးခေါက်သံကြောင့် ဖွင့်ကြည့်လိုက်တော့ အခန်းရှေ့ မတ်တတ်ရပ်နေတဲ့ အစန်း ။

" ဝဲရေ...မမက စကားပြောဖို့ ဧည့်ခန်းကို ခဏလာခဲ့ပါတဲ့ "

" ဟုတ်ကဲ့ အစန်း ၊ ကျွန်တော် သွားလိုက်ပါ့မယ် "

အခန်းတံခါးကို ပြန်ပိတ်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုလိုက်မိသည် ။ ဘာများပြောမလို့ပါလိမ့် ။ မေမေက ပြောစရာရှိရင် တကူးတကခေါ်ပြီး မပြောတတ် ။ မနက်စာစားရင်းဖြစ်ဖြစ် ၊ လက်ဝဲအခန်းကိုလာပြီးပဲဖြစ်ဖြစ် ပြောတတ်သည် ။

စိတ်ရှုပ်လိုက်တာ ...

လှေကားကနေ ဆင်းလာသည့် လက်ဝဲမှာ မင်းသားတစ်ယောက်လို ကြည့်ကောင်းနေ၏ ။ ဒေါ်မိုးခင် မိမိဘေးမှာ ကပ်ထိုင်နေသည့် ​မြေးဖြစ်သူကို ကြည့်လိုက်မိပြီး နှုတ်ခမ်းက အလိုလို မဲ့သွားရသည် ။ မွေးစားသားက ကြွရွနေပြီး သားအရင်းကတော့ နွမ်းဖတ်နေ၏ ။ အခုလဲကြည့် တီရှပ်အဖြူ ရောင်နဲ့ ဂျင်းဘောင်းဘီ တစ်ပတ်နွမ်းလေးကိုပဲ ​မြေး​လေးက ဝတ်ထားတာလေ ။ ဘယ်လောက်ပဲပြောပြော ​ဘယ်လိုပဲဆင်ဆင် မြေးလေးက ခပ်ရိုးရိုးပုံစံလေးပဲ နေတတ်တာ ။

လက်ဝဲ မေမေနှင့် မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး

" မေမေ ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ "

" ဟုတ်တယ် သားကြီးရေ အကူအညီတောင်းစရာရှိလို့ ၊ သား ဘွားဘွားက အသက် ခုနှစ်ဆယ့်ငါးနှစ်ပြည့်ကို အလှူလုပ်ချင်လို့တဲ့ ၊ အဖွဲ့အစည်းတွေကို ငွေသားလှူချင်တယ်ဆိုလို့ဘယ်ကို လှူရင် ကောင်းမလဲဆိုတာ သားကြီးကို မေးကြည့်တာ ၊ မေမေနဲ့​ဖေ​ဖေ စီစဉ်ထားတာကတော့ မိဘမဲ့ဂေဟာပါမယ် ၊ ဘိုးဘွားရိပ်သာပါမယ် ၊ နောက်ပြီး ဖောင်ဒေးရှင်းတစ်ခုခုကို လှူမယ်ပေါ့ ၊ သားကြီး နည်းနည်းစုံစမ်းလိုက်နော် "

ရင်ခုန်သံကို မညာကြေး / ရင်ခုန်သံကို မညာကြေး(Complete)Dove le storie prendono vita. Scoprilo ora