Unicode
"ကဲ....သားလေးဆင်း ဒါဦးအိမ်ပဲ ဘာမှအားမနာနဲ့''
ဦးထည်ဝါက ကားတံကားဖွင့်ပေးပြီး မြူဒေါင်းအား ဆင်းစေသည် ။ တစ်ဖက်က ဒေါ်မာယာချိုကပါ ကားအပြင်ကိုထွက်လာပြီး အိမ်ကြီးအား တမေ့တမော ရှူမျောနေရ၏ ။
မြူဒေါင်း ဦးထည်ဝါ၏ အိမ်ကြီးအားကြည့်ပြီး မျက်လုံးလေးက အရောင်တောက်နေတော့သည် ။ ခြံဝန်းအကျယ်ကြီးထဲမှာမှ လေးထပ်တိုက် အိမ်အကြီးကြီးကိုကြည့်ရျ် အတော်လေးသဘောကျပျော်ရွှင်လာမိသည် ။ ခေတ်ပေါ်တစ်ဇိုင်းနဲ့ အပေါ်ထပ်တိုက်မှာတော့ ဖန်မျက်နှာပြင်ကြီးနဲ့ ကျော့မော့နေပြီး ကားဂိုထောင်မှာလည်း အကျယ်ကြီးဖြစ်ရာ ခြံထဲတွင်လည်း ကြွေပြားခင်းထားပြီး ရေကူးကန်အကျယ်ကြီးလည်း ရှိနေသေးသည် ။
"သဘောကျလား သား....''
"ဟုတ်....ဦးဦး အရမ်းလှတယ်နော်''
"လာ ....အိမ်ထဲဝင်ရအောင်''
အိမ်ထဲဝင်လိုက်တော့ အပြင်မှာနေပူပြီး အိုက်လွန်းပေမဲ့ အထဲရောက်တော့ အေးမြကြည်လင်သွားရသည် ။ အိမ်ထဲမှ အဒေါ်ကြီးတစ်ယောက်ပြေးထွက်လာပြီး ဦးထည်ဝါ၏ အိတ်ကို လက်ကမ်းယူလိုက်ရင်း သူတို့ သားအမိကိုပါ စူးစမ်းသလိုကြည့်လာသည် ။
"ချို.....လာထိုင်လေ ၊ သားကောလာလေ''
"ဟုတ်....အကို ၊လာသား....''
"ဒေါ်တင် ဧည့်သည်တွေဖို့ အအေးဖျော်ပေးလိုက်ပါအုံး''
"ဟုတ်..... သူဌေး''
ဒေါ်တင်ဆိုတဲ့ အဒေါ်ကြီးက အိမ်ထဲပင်ဝင်သွားပြီး အအေးသွားဖျော်ပေးသည် ။ ဦးထည်ဝါက သူတို့ကိုပြုံးပြလာပြီး.....
"ချို ဘာမှအားမနာနဲ့နော် ကိုယ့်အိမ်လိုပဲ သဘောထား သိလား''
"ဟုတ် ရပါတယ် ''
"အအေးရပါပြီ တူမလေးတို့ သောက်လိုက်ပါအုံး''
"ဟုတ်....ကျေးဇူးပါ ရှင့်''
ထိုအချိန် အိမ်ထဲကို လူတစ်ယောက် လေချွန်ပြီး ဝင်လာတော့သည် ။ မြူဒေါင်းကြည့်မိတော့ မျက်လုံးတွေပင် ပြူးကျယ်သွားရသည် ။ ထိုလူက စိုင်းတခေတ်မှိုင်း ဖြစ်နေတာကြောင့်ပေ ။
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။