43

5.3K 316 43
                                    

Unicode











''မြူဒေါင်းငယ်...!''

သွားပြီ....။မြူဒေါင်းငယ်က သူပြောတာအကုန်ကြားသွားပြီ။ စိုင်းကို စိုက်ကြည့်နေတဲ့မျက်ဝန်းပြာတွေက အမုန်းတရားတွေ အပြည့်နဲ့။ အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ်ဖိကိုက်ထားပြီး မျက်ရည်တွေနဲ့ စိုင်းကိုသေချာစိုက်ကြည့်ပြီးမှ လှည့်ထွက်သွားတဲ့ အရိပ်ကလေး။

မဖြစ်ဘူး...။မြူဒေါင်းငယ်က သူ့ကိုစိတ်ဆိုးသွားပြီ။ စိုင်းအမြန်ဘဲ ပြေးလိုက်မိတယ်။ သူ့ရင်ထဲမှာ တစ်ခုခုကိုလည်း စိုရိမ်ပူပန်နေမိ၏။ ဒီကလေး သူ့ကိုမုန်းတော့မမုန်းလောက်ဘူးမလား။

''မြူဒေါင်းငယ် ရပ်စမ်း!''

နောက်ကပြေးလိုက်ရတာ မြူဒေါင်းက ကားအနားတောင်ရောက်သွားပြီးဖြစ်သည်။ စိုင်းအမြန်ဘဲ ကားထဲဝင်ထိုင်တော့ ကောင်လေးက ခပ်စူးစူးကြည့်လာပြန်တယ်။ ကားပေါ်က ပြန်ဆင်းပြေးဖို့ကြံနေတဲ့ ကောင်ဆိုးလေးအား စိုင်းခါးကနေ ချုပ်ထားလိုက်ပြီး ရှေ့ကကားသမားကို အမိန့်ပေးလိုက်၏။

''ငါ့ကွန်ဒိုကို မောင်း!''

''ဗျာ....''

''နားလေးနေလား!!''

''မ....မလေးပါဘူး သခင်လေး အခုဘဲမောင်းပေးပါ့မယ်''

''ဖယ်! ခင်ဗျားလက်တွေကို လွှတ်ပေး!''

''ကိုယ်ရှင်းပြမယ် babe၊ ကိုယ်ပြောပြတာတွေ သေချာနားထောင်ပေး ဟုတ်ပြီလား''

''မလိုဘူး! ခင်ဗျားဆီက ဘာစကားမှ ကျွန်တော်မကြားချင်တော့ဘူး၊ အကုန်အလိမ်အညာတွေ!''

''မဟုတ်ဘူး babe၊ မင်းအထင်လွဲနေတာ ကိုယ့်ကို ယုံ''

''မုန်းတယ်....! စိုင်းတခေတ်မှိုင်း! ခင်ဗျားကို ကျွန်တော် အရမ်းမုန်းတယ်! ''

''မြူဒေါင်းငယ်.....!''

''မခေါ်နဲ့! မတန်ဘူး။ ခင်ဗျားပါးစပ်က ကျွန်တော့်နာမည်ကို ခေါ်ဖို့မတန်ဘူး။ ကျွန်တော့်အချစ်နဲ့လည်း ခင်ဗျားကမတန်ဘူး! လူလိမ်။''

''တောက်စ်! မင်းနဲ့ငါအိမ်ကြမှ ရှင်းမယ်''

''မလိုက်ဘူး။ ကျွန်တော့်ကို အခုလွှတ်!''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now