36

10.1K 430 53
                                    

Unicode






မူးဝေထုံထှိုင်းနေတဲ့ ခေါင်းကြောင့်မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်ရသည်။ လက်တစ်ဖက်ကိုတစ်ခုခုနဲ့ဖိထားသလိုမျိုး ကျင်တက်နေတာကြောင့်ခေါင်းလှည့်ကြည့်မိတော့ သူ့လက်ပေါ်ခေါင်းအုံးပြီး အိပ်ပျော်နေတဲ့မြူဒေါင်းငယ်။ သူ့တကိုယ်လုံးမှာလည်း ကိုက်ရာ၊စုပ်ရာတွေနဲ့။ မျက်နှာကအနည်းငယ်ဖြူဖျော့နေပြီး နှုတ်ခမ်းသားတွေကပေါက်ပြီးသွေးစို့နေတယ်။

သူတို့ညက ဘာတွေဖြစ်ခဲ့တာလည်း။ သူညကထိပ်ထားပျိုစီသွားတော့ ဆေးမိသွားခဲ့တာ ဒါဆို....။

စိုင်းမျက်မှောင်တွန်းချိုးလာပြီး စိတ်တိုလွန်းတာကြောင့် တတ်ခေါက်ပစ်လိုက်တယ်။ သူဘယ်လိုတောင် အသိစိတ်ကင်းမဲ့ခဲ့ရတာလည်း။ အခုမှအသက်ပြည့်တဲ့ လူတစ်ယောက်ကို အညှာအတာမဲ့လုပ်နိုင်ခဲ့တယ်တဲ့လား။ မြူဒေါင်းငယ်ရဲ့ပုံစံကြည့်ရုံနဲ့သိသားလွန်းသည်။ သူဘယ်လောက်ထိလူစိတ်ကင်းမဲ့ခဲ့လည်းဆိုတာ။ ဆေးမိတယ်ဆိုရင်တောက် ဒီလောက်ထိနွားသိုးကြိုးပြတ် မလုပ်ခဲ့သင့်ဘူး။

''တောက်စ်! မြူဒေါင်းငယ် မင်းထစမ်း!''

''ဟင့်....! ကို ကိုကို အဟင့်!''

ဒေါသထွက်ထွက်နဲ့ အော်ပြစ်လိုက်တော့ကောင်လေးက အထိတ်တလန့်နိုးလာပြီး သူ့ကိုမြင်တော့မှ ရှိုက်ကြီးတငင်ငိုချလာသည်။ ကိုယ်လုံးလေးကထောင့်ကို အားယူပြီးကပ်သွား၏။စိုင်းကိုလည်း ကြောက်နေသည့်ဟန်ဖြင့်။

''ကိုကို ကိုကို အဟင့်! သားကိုထပ်မလုပ်ပါနဲ့ သားကြောက်တယ် အီ! ဟင့်!''

''ဘာ.....!''

''မေမေ မေမေသားကိုကယ်ပါ သားကိုကို့ကိုကြောက်တယ်''

မြူဒေါင်းငယ်ရဲ့လက်ရှိပုံစံက တစ်ခုခုကိုအရမ်းကြီးထိတ်လန့်နေသလိုပဲ။ သူ့ကိုကြည့်ပြီး မျက်ရည်တွေနဲ့အရူးတစ်ယောက်လိုတအင့်အင့် ရှိုက်ငိုနေတယ်။ ဒီအခြေအနေကို အရမ်းကြီးလန့်သွားသည့်ပုံပင်။ ဟုတ်တော့လည်းတယ် ဒါဟာအလိုမတူတဲ့ မုဒိန်းမှုတစ်ခုပဲ။ စိုင်းသူ့အနားကို တိုးကပ်ဖို့လုပ်တော့  မြူဒေါင်းငယ်ကပိုပြီးဆိုးလာတယ်။

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now