Unicode
warning - ဤအပိုင်းသည် ကားစီးသည့်အခန်းအားအသားပေးရေးသားထားတာကြောင့် အသက်မပြည့်သေးသူများနဲ့ ကားခန်းမကြိုက်သူများဖတ်ရန်မသင့်တော်ပါ
..
(အရင်အပိုင်း၏အဆက်)
ညနေစောင်းနေပြီဖြစ်လို့ မြူဒေါင်းလည်းအလုပ်ဆင်းရတော့သည်။နိုရာကတော့ မနက်ဖြန်မွေးနေ့အတွက်လက်ဆောင်ပြေးဝယ်လေရဲ့။သူ့ကိုလည်းမလိုက်ခိုင်းဘူး မသိအောင်ပေးမလို့တဲ့လေ။
ကားမှတ်တိုင်ဆီ လမ်းလျှောက်သွားနေရင်း လမ်းမှာကိတ်မုန့်ဆိုင်တွေ့လို့ကိတ်မုန့်သေးသေးလေးတစ်လုံးဝယ်လာခဲ့တယ် ဒီည12နာရီကျသူတစ်ယောက်ထဲ မွေးနေ့သီချင်းဆိုရတော့မှာဘဲ။ဘေးနားမှာ မေမေလည်းမရှိတော့အထီးကျန်နေသလို။ မေမေလို့ပြောမှမေမေက သူ့အတွက်မွေးနေ့ပွဲစီစဥ်ပေးမယ်တဲ့။အိမ်မှာလုပ်ရင်တော့ ကိုကိုကဒေါသတကြီးပွဲဖျက်နိုင်လောက်သည်။
မြူဒေါင်းသက်ပြင်းချက်လိုက်ပြီး ကားမှတ်တိုင်ကိုပဲမှီအောင်လျှောက်သွားလိုက်တော့တယ်။အိတ်ထဲကဦးလေးဝယ်ပေးထားသည့် ဖုန်းဟာအသံမြည့်လာတယ်။
၊မမခေးမီအချောလေး၊
ဒီနာမည်ဘယ်သူမှတ်ပေးထားတာလည်းဆိုတော့ မမမီကိုယ်တိုင်သူ့ဖုန်းကိုယူပြီးမှတ်ပေးထားတာပါပဲ။မြူဒေါင်းရယ်ချင်စိတ်ကို ထိန်းပြီးဖုန်းကိုင်တော့။
''ဟယ်လို.....မမ''
''မြူလေးလား.....''
''ဟုတ်မမ သားပါ။ဘာပြောချင်လို့လဲဟင်''
''မနက်ဖြန် မြူလေးမွေးနေ့မလား''
''ဟုတ်....''
''မမကိုဘာလို့ကြိုမပြောတာလဲ။အခုအန်ကယ်နဲ့ ဖုန်းပြောဖြစ်လို့မှသိရတော့တာ''
အန်ကယ်ဆိုတာ ကိုကို၏အဖေပင်။မြူဒေါင်းကို ဂရုစိုက်မဲ့သူမရှိဘူးထင်ခဲ့တာ။အခုတော့အားလုံးကမြူဒေါင်းကိုဆို ဂရုတစိုက်နဲ့ချစ်ပေးကြ၏။တစ်ယောက်သောသူကလွဲရင်ပေါ့။
''သား....ဒီတိုင်း အရေးမကြီးဘူးထင်လို့မပြောပြတာပါမမ''
''ဘာလို့အရေးမကြီးမှာလည်း အရူးလေးရဲ့။မမကခုအလုပ်ကိစ္စနဲ့ နယ်ဘက်သွားနေရတာ ဒီညတော့အိမ်ပြန်မအိပ်ဖြစ်လောက်ဘူး။ မနက်ဖြန်ကျအစောကြီးထပြန်ခဲ့မယ် မြူဒေါင်းလေးလိုချင်တာကြိုစဥ်စားထားနော် ပြန်လာရင်အကုန်လိုက်ဝယ်ပေးမယ်''
YOU ARE READING
𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }
Romanceစိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ။